ကေတီပယ်ရီကို ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် မွေးဖွားသည်။ အမည်ရင်းမှာ Katheryn Elizabeth Hudson ဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော သင်းအုပ်ဆရာ မိဘများမှ ဖွားမြင်သည့်သားသမီးသုံးဦး အနက် ဒုတိယသမီးဖြစ်သည်။ အိုင်းရစ် ပေါ်တူဂီ အင်္ဂလိပ် ဂျာမန် ကပြားတစ်ဦးလည်း ဖြစ်သည်။ ငယ်စဉ် ကလေးဘ၀က ဘုရားကျောင်းများတွင် ဓမ္မတေးသီချင်းများလည်း သီဆိုခဲ့ရသည်။ မိဘများက ခေတ်ပေါ်တေးသီချင်းများကို နားထောင်ခွင့် မပေးခဲ့သောကြောင့် ဓမ္မတေးသီချင်းများဖြင့်သာကြီးပြင်းခဲ့ရသည်။ ၁၉၉၉ ခုနှစ် သူမအသက် ၁၅နှစ် တွင် Dos Pueblos High School ကျောင်းမှ ထွက်ခွာခဲ့ပြီး ဆန်တာဘာဘရာ Music Academy of the West တွင် အီတလျံအော်ပရာကို စတင်လေ့လာခဲ့သည်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကေတီဟတ်ဆန် အမည်ဖြင့် ဓမ္မတေးသီချင်း အယ်လဘမ် ကိုဖြန့်ချိခဲ့သော်လည်း အောင်မြင်မှုမရ ခဲ့ပေ။ ၂၀၀၅ ခုနှစ် ဩဂုတ်လတွင် အယ်လဘမ် အသစ်ဖြန့်ချိရန်စီစဉ် ထားခဲ့သော်လည်း မထွက်ဖြစ်ခဲ့ပေ။ ထိုသို့ အကြိမ်ကြိမ် မအောင်မြင်ခဲ့သော်လည်း အနုပညာသက်တမ်း ကိုးနှစ် အကြာ ၂၀၀၇ ခုနှစ်တွင် Capitol Record ဓာတ်ပြား ကုမ္ပဏီနှင့် One of the Boys အယ်လဘမ် ကိုဖြန့်ချိခဲ့ရာ I Kissed a Girl သီချင်းနှင့် အတူ ကေတီ ပယ်ရီလည်း နာမည်ကြီးလာခဲ့လေသည်။ ထိုနောက် ၂၀၁၀ ခုနှစ် Teenage Dream အယ်လဘမ် ကိုဖြန့်ချိခဲ့ရာ ယင်းအယ်လ်ဘမ်မှ single သီချင်း ငါးပုဒ်သည် Billaboard တွင် နံပါတ် ၁ရကာ သူမလည်း တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့လေသည်။ ကေတီသည် ဆုပေါင်း ၃၈၂ ခုတွင် အမည်စာရင်းတင်သွင်း ခံရပြီး ၁၈၂ ခုဆွတ်ခူးခဲ့သည်။
ကေတီပယ်ရီ | |
---|---|
Perry attending the UNICEF Snowflake Ball in late November 2012 | |
အမည်ရင်း | ကက်သရင်း အဲလိဇဘတ် ဟတ်ဆန် |
မွေးသက္ကရာဇ် | ၂၅ အောက်တိုဘာ ၁၉၈၄ ဆန်တာဘာဘရာ ၊ ကယ်လီဖိုးနီးယား ၊ အမေရိကန် |
နိုင်ငံသား | အမေရိကန် |
လူမျိုး | အမေရိကန် |
ကြင်ဖော် | ရပ်ဆဲလ် ဘရန်း( ၂၀၁၀ - ၂၀၁၂) |
ဝက်ဘ်ဆိုက် | http://www.katyperry.com/ |
This article uses material from the Wikipedia မြန်မာဘာသာ article ကေတီ ပယ်ရီ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.