၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်း

၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်းမှာ ၁၅ ဧပြီ ၂၀၁၀ ခုနှစ်တွင် ရန်ကုန်မြို့၌ သင်္ကြန်ပွဲတော်အတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပြီး လူ ၁၀ ဦး သေဆုံးကာ ၁၇၈ ဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်း
ပြည်တွင်းသောင်းကျန်းမှုသမိုင်း ၏ တစ်စိတ်တစ်ပိုင်း
နေရာရန်ကုန်မြို့မြန်မာနိုင်ငံ
ရက်စွဲ၁၅ ဧပြီ ၂၀၁၀
3:00 pm (MMT)
ပစ်မှတ်မြို့ပြလူထု
တိုက်ခိုက်မှု အမျိုးအစားဗုံးပေါက်ကွဲခြင်း
သေဆုံးသူဦးရေ၁၀
ဒဏ်ရာရဦးရေ
၁၇၈

နောက်ခံအခြေအနေ

ရန်ကုန်မြို့တွင်းနှင့် အနီးအနားပတ်ဝန်းကျင်တွင် ယခင်ကာလကပင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ၂၀၀၆ ခုနှစ် ဧပြီလတွင်လည်း ရန်ကုန်မြို့လယ်ဝန်းကျင်တွင် ဗုံး ၅ လုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး သတင်းထုတ်ပြန်ချက်များအရ သေဆုံးသူမရှိခဲ့ပေ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့တော်ခန်းမ အပြင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးခဲ့ကာ လူများစွာ ဒဏ်ရာရရှိခဲ့သည်။


ဗုံးပေါက်ကွဲခြင်း

၂၀၁၀ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ကန်တော်ကြီးအနီးရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူမှ ကမကထပြုပေးသော X2O မဏ္ဍပ်ရှေ့တွင် နေရာ သုံးနေရာခွဲ၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုမဏ္ဍပ်တွင် ရေကစားသူ ရာဂဏန်းရှိနေသည်။

စုံစမ်းစစ်ဆေးခြင်း

ရဲချုပ် ဗိုလ်ချုပ်ခင်ရီ၏ ပြောကြားချက်အရ အဆိုပါပေါက်ကွဲမှုသည် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့မှ အဖွဲ့ဝင်သုံးဦးနှင့် ပါဝင်ပတ်သက်မှု ရှိနေသည်ဟု ဆိုသည်။

ထိုဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ ဖြိုးဝေအောင်အား တရားစွဲဆိုခဲ့ပြီး ၂၀၁၂ မေလတွင် သေမိန့်ချခဲ့သည်။ သူသည် တရားစွဲဆိုမှုများတွင် အပြစ်ကင်းစင်ကြောင်း အသနားခံစာတင်ခဲ့သည်။ သူ၏ ပြောဆိုချက်များအရ သူ့အား စစ်ကြောမေးမြန်းနေစဉ်အတွင်းတွင် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ကြုံတွေခဲ့ရသည်ဟု ဆိုသည်။ သူသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ထောင်မှ လွတ်၍လာခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အသည်းကင်ဆာရောဂါဖြင့် သေဆုံးခဲ့ရသည်။

ကိုးကား

Tags:

၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်း နောက်ခံအခြေအနေ၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်း ဗုံးပေါက်ကွဲခြင်း၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်း စုံစမ်းစစ်ဆေးခြင်း၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်း ကိုးကား၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်းရန်ကုန်မြို့သင်္ကြန်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကိလေသာလင်းပိုင်အယ်လ်နီညိုကျိုင်းတုံခရိုင်ပိဋကတ် သုံးပုံအမေဇုံမြစ်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဘားအံမြို့အမျိုးသားနေ့ရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်စကားကြီး ဆယ်မျိုးသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ကားလိုး ကော်လိုဒီမာမာအေးကိုကိုရန်ကုန်ပြည်သူ့ဆေးရုံကြီးကြက်တူရွေးတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များမျိုးကြီးဗီယက်နမ်နိုင်ငံပုဗ္ဗဏှသုတ်မှော်ပညာအောင်လမဟာဗန္ဓုလအာရုံခြောက်ပါးမော်လမြိုင်မြို့ကိုရီးယားနိုင်ငံငါးမျိုးစိတ်များ စာရင်းရေနံဂျပန်နိုင်ငံကိုလိုနီခေတ်ကပ်ဆေးဝါးဗေဒအိတ်ချ်အိုင်ဗွီ ရောဂါပိုးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဇာတကမြန်မာနိုင်ငံ၏ အလံတော်ချောက်မြို့မျိုးပွားခြင်းခန္ဓာငါးပါးခင်ညွန့် (ဗိုလ်ချုပ်ကြီး)လင်းနို့သမုဒ္ဒရာဇ်သွားပိုးစားရောဂါ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းကြို့ပင်ကောက်မြို့နယ်လူသားတောင်ကိုရီးယားနိုင်ငံစစ်အေးတိုက်ပွဲပါဠိသီရိလင်္ကာနိုင်ငံသက်ရှိရဲဘော်သုံးကျိပ်ဂျပန်ဘာသာစကားသနပ်ခါးခွေးအကျန်းမာရေးဒြပ်စင်ကွန်ဒုံးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အမြောက်မြန်မာနိုင်ငံ၏ ပထဝီဝင်တောင်အာဖရိကနိုင်ငံဂျူး (စာရေးဆရာမ)ဆိုရိုးစကားမောင်မောင်အေးရာသီခွင်နက္ခတ် ၂၇ လုံးဂုဏ်တော်ကွန်ချာရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်🡆 More