ကြက်တူရွေး: မျိုးနွယ်

ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့နှင့် နောက်သို့ တစ်စုံစီ ထွက်နေကြသည်။ ကြက်တူရွေးအမျိုးမျိုးကို ကမ္ဘာပေါ်တွင် ဥရောပတိုက်မှအပ ကျန်တိုက်များနှင့် ကမ္ဘာ့ အပူပိုင်းဒေသများ၌ တွေ့မြင်ရသည်။

ကြက်တူရွေးများ (Parrots)
Temporal range: EoceneHolocene 50–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
ကြက်တူရွေး: မျိုးနွယ်
Clockwise top to bottom: the Kakapo and the Kea, both found in နယူးဇီလန်, the Lesser vasa parrot endemic to မဒါဂတ်စကား, the Palm cockatoo, the တောင်အမေရိကn blue-and-yellow macaw, and the ဩစတြေးလျn ringneck.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
Clade: Psittacopasserae
မျိုးစဉ်: Psittaciformes
Wagler, 1830
မျိုးရင်းကြီးများ
ကြက်တူရွေး: မျိုးနွယ်
Range of parrots, all species (red)

ကြက်တူရွေးတို့သည် အုပ်သင်းဖွဲ့ကာ နေတတ်ကြသည်။ သစ်ပင်ကို ကုပ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာ ကျက်စားတတ်ကြသည်။ ယာခင်း၊ စပါးခင်း၊ ဥယျာဉ်တို့၌ သီးနှံများကို စားသောအခါ ဆူညံစွာ မြူးတူးလျက် မိမိတို့ စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်ကြသည်။ ကြက်တူရွေးသည် အသိုက်မလုပ်ဘဲ သစ်ခေါင်းတွင် ဥ အုလေ့ ရှိသည်။ ၏အရောင်မှာ ဖြူသည်။ အရွယ်မှာ ပျမ်းမျှအလျား တစ်လက်မသာသာရှိ၍ ပြက် ၂ လက်မသာသာရှိသည်။

'တမာလည်းနု ကျေးလည်းဥ၊' 'တမာလည်းရင့် ကျေးလည်းလွင့်' ဆိုသောစကားအတိုင်း နွေရာသီတွင် ဥ အု၍ နွေရာသီတွင်ပင် ပေါက်ကြသည်။ ဤငှက်မျိုးသည် အသက် ၇ဝ အထိပင် နေနိုင်သည်ဟု ဆိုသည်။ ကြက်တူရွေးသည် လူစကား ပြောသံကို အတုခိုးတတ်သည်။ စကားလုံးအနည်းငယ် သင်ထားလျှင် လိုက်ပြောနိုင်သည်။ 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ' ဟူသောစကားပုံသည် စကားမပီကလာ ပြောတတ်သော ကြက်တူရွေးများကြောင့် ဖြစ်ပေါ်လာပေမည်။ ကြက်တူရွေးကို ကျေးဟူ၍လည်း ခေါ်သည်။

မြန်မာနိုင်ငံတွင် တွေ့ရသောကြက်တူရွေးများကို ပါဏဗေဒ အလိုအားဖြင့် ၉ မျိုး ခွဲပြသည်။ ယင်းတို့မှာ

  1. ကြက်တော
  2. ကျေးကျုတ်
  3. ကျေးတမာ
  4. ကျေးကုလား
  5. ကျေးကုလားမ
  6. ကျေးသန္တာ
  7. ကျေးမြီးပြာ (ခ) ကျေးသန္တာခေါင်းပြာ၊
  8. မလေးကြက်တူရွေး (ခ)ကျေးသန္တာထိပ်ကွက်နှင့်
  9. အမြှီးရှည်ကြက်တူရွေးတို့ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးကို တနင်္သာရီတောင်ပိုင်းတွင်သာ တွေ့ရသည်။

ဝေါဟာရလိနတ္ထဒီပနီကျမ်းပါ မြန်မာအစဉ်အလာအရ ကျေးရှစ်မျိုးရှိသည်။ ယင်းတို့မှာ

  1. ဖေါင်းကား၊
  2. တမာ၊
  3. ကျေးသန္တာ၊
  4. ကျေးဝါ၊
  5. ကျေးကျုတ်၊
  6. ကြက်တော၊
  7. ကုလား၊
  8. ကျေးပုဏ္ဏားတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ကျေးနီ၊ ကျေးဝါနှင့် ကျေးပုဏ္ဏား စသော ကျေးမျိုးကို တွေ့ရသည်ဆိုသော်လည်း ယင်းတို့အကြောင်းကို စုံလင်စွာ မသိရသေးချေ။

ကိုးကား

Tags:

ကမ္ဘာငှက်ပေါက်ဥရောပတိုက်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကျွန်းနက်နှလုံးရောဂါလီဆာဩစတြေးလျတိုက်မြစေတီကျောက်စာရာသီအလိုက်ပွင့်သောပန်းများကားဂျပန်သမိုင်းအင်းလေးကန်ကမ္ဘောဇသာဒီရွှေနန်းတော်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မြန်မာပြည် စာတိုက် သင်္ကေတများမြန်မာကဗျာ ကာရန်ယူနည်းများလှိုင်သာယာမြို့နယ်လူ၏ အရိုးဖွဲ့စည်းပုံကနေဒါနိုင်ငံရှိ ပြည်နယ်များနှင့် နယ်မြေများအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ပင်လုံစာချုပ်နန်းလုံးကြိုင်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အာရုံခြောက်ပါးစမဝေလနိုင်ငံမရမ်းကုန်းမြို့နယ်စောင်းကောက်မြသိန်းတန်စေတီ(မင်းကွန်း)၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမျိုးကြီးနေကြတ်ခြင်း နှင့် လကြတ်ခြင်းမြန်မာနိုင်ငံရှိ မြို့များဖိုးကျား၊ ဦးမြန်မာနိုင်ငံ၏ အလံတော်ပန်းဆယ်မျိုးမြဝတီရုပ်မြင်သံကြားပရိက္ခရာ ၈-ပါးတယ်လီဖုန်း ကုတ်နံပါတ်ကျေးရွာအုပ်စုချင်းလူမျိုးမြေပုံဘိုးမင်းခေါင်စတော်ဘယ်ရီထန်းပင်သီပေါမင်းနတ်ပင့်ဂါထာမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းလေးကျွန်းစကြာရပ်တော်မူအဆိပ်ကွန်ပျူတာမြန်မာ့ အစားအစာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မိုးလေဝသအရှေ့တီမောနိုင်ငံမဂ္ဂင် ၈ ပါးလူထုဦးလှအင်းဝမြို့ရတနသုတ်မြန်မာစာပေမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့မြန်မာအဘိဓာန်သတိပဋ္ဌာန်ထန်းလျက်မြန်မာသဒ္ဒါကင်းစီးမင်းအောင်ပဋ္ဌာန်းခရူးဆိတ် စစ်ပွဲများနွားရဝေရှင်ထွေးပိုးဟပ်စကားပုံဆမ်ဆောင်းမြွေပွေးပဋိစ္စသမုပ္ပါဒ်မုန့်လက်ဆောင်းမြန်မာ သက္ကရာဇ်မြန်မာမုန့်များ🡆 More