အချက်အလက်သိပ္ပံပညာ (အင်္ဂလိပ်: Data Science)
ဤဆောင်းပါးတွင် ပြဿနာများစွာရှိသည်။ ကျေးဇူးပြု၍ ဆောင်းပါးတိုးတက်ကောင်းမွန်လာစေရန် ကူညီနိုင်သည်။ သို့မဟုတ် ဆွေးနွေးချက်စာမျက်နှာ တွင် ဤပြဿနာများအကြောင်း ဆွေးနွေးနိုင်၏ ။(ဤသို့သော တမ်းပလိတ်စာတွဲများကို မည်သို့နှင့် မည်သည့်အချိန်တွင် ဖယ်ရှားနိုင်သည်ကို လေ့လာရန်)
|
ဒိန်းမတ်ကွန်ပျူတာသိပ္ပံပညာရှင်၊ ကွန်ပျူတာသိပ္ပံလောကအတွက် နိုဘယ်လ်ဆုလို ဂုဏ်သိက္ခာကြီးမားလှတဲ့ တားရင်းဆုရှင် ပီတာနော Peter Naur (25 October 1928 – 3 January 2016) က၊ ကွန်ပျူတာသိပ္ပံ ဆိုတဲ့စကားလုံးကို အစားထိုးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ၁၉၆၀ လောက်ကတည်းက စတင်သုံးစွဲခဲ့တာပါ။ အချက်အလက်သိပ္ပံ ဆိုတဲ့ဝေါဟာရကို အချက်အလက်ဗေဒ (datalogy) ဆိုတဲ့စကားလုံးနဲ့ အပြန်အလှန်ဖလှယ်ပြီး စတင်အသုံးပြုခဲ့ကြပါတယ်။ ပီတာနော ၁၉၇၄ မှာ ရေးသားထုတ်ဝေခဲ့တဲ့ "ကွန်ပျူတာနည်းလမ်းများအား တိကျစွာ တိုင်းတာစစ်ဆေးလေ့လာသုံးသပ်ခြင်း" (Concise Survey of Computer Methods) ဆိုတဲ့စာအုပ်မှာ အချက်အလက်သိပ္ပံဆိုတဲ့စကားလုံးကို တရားဝင် ကျယ်ကျယ်ပြန့်ပြန့် သီးသီးသန့်သန့် စတင်သုံးစွဲခဲ့ပါတယ်။
ညီလာခံခေါင်းစဉ်ကြီးတစ်ခုထဲမှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းအသုံးပြုခဲ့တာကတော့ အပြည်ပြည်ဆိုင်ရာ အမျိုးအစားခွဲခြားခြင်းပညာရပ်ဆိုင်ရာအသင်းများအဖွဲ့ချုပ် (International Federation of Classification Societies - IFCS) က 1996 ခုနှစ်မှာ ဂျပန်နိုင်ငံ၊ ကိုဘေး (Kobe) မြို့ မှာ ကျင်းပခဲ့တဲ့ " အချက်အလက်သိပ္ပံပညာ နှင့် အမျိုးအစားခွဲခြားခြင်းပညာတို့နှင့်ဆိုင်သော နည်းလမ်းများ" (Data Science, classification, and related methods) ဆိုတဲ့ ညီလာခံကြီးမှာပါ။
အဲဒီနောက် ၂၀၀၁ ခုနှစ်မှာ၊ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ပါဂျူးတက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံပါမောက္ခ နဲ့ စာရင်းအင်းပညာပါမောက္ခ ဝီလီယံ အက်စ် ကလိဗ်လန်း William S. Cleveland (၁၉၄၃ ခု မွေးဖွား) က တိုးတက်ချဲ့ထွင်ထားတဲ့ စာရင်းအင်းပညာကို အဆင့်မြင့်တွက်ချက်ခြင်းပညာရပ်နဲ့ပေါင်းစည်းပြီး အချက်အလက်သိပ္ပံပညာကို သီးခြားပညာရပ် သီးသန့်ဘာသာရပ်တစ်ခုအဖြစ် ၂၀၀၁ ခုနှစ်၊ ဧပြီလထုတ် အပြည်ပြည်ဆိုင်ရာ စာရင်းအင်းပညာသုံးသပ်ချက် International Statistical Review (အတွဲ-၆၉၊ အမှတ်-၁) စာစောင်မှာ "Data Science: An Action Plan for Expanding the Technical Areas of the Field of Statistics" ဆိုတဲ့ဆောင်းပါးနဲ့စတင်မိတ်ဆက်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ် ဧပြီလမှာ အပြည်ပြည်ဆိုင်ရာသိပ္ပံကောင်စီ ရဲ့ အချက်အလက်သိပ္ပံနှင့်နည်းပညာကော်မတီ (The International Council for Science: Committee on Data for Science and Technology - CODATA)က အချက်အလက်သိပ္ပံပညာဂျာနယ် ကိုစတင်ထုတ်ဝေခဲ့ပါတယ်။
လျှပ်စစ်နှင့် အီလက်ထရောနစ်အင်ဂျင်နီယာသိပ္ပံ (IEEE)က ၂၀၁၃ ခုနှစ်မှာ " အချက်အလက်သိပ္ပံပညာ နှင့် အဆင့်မြင့် သရုပ်ခွဲဆန်းစစ်လေ့လာမှုပညာ Data Science and Advanced Analytics" လုပ်ငန်းအဖွဲ့ ကိုစတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အချက်အလက်သိပ္ပံပညာနဲ့ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ညီလာခံကြီးကို ပထမဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။
This article uses material from the Wikipedia မြန်မာဘာသာ article အချက်အလက်သိပ္ပံပညာ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.