ဝဏ္ဏကျော်ထင်ဘွဲ့

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။

ဝဏ္ဏကျော်ထင်ဘွဲ့
အမျိုးအစားစွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့
တည်ထောင်ခဲ့၂ စက်တင်ဘာ ၁၉၄၈
နိုင်ငံဝဏ္ဏကျော်ထင်ဘွဲ့ မြန်မာ
ဖဲကြိုးဝဏ္ဏကျော်ထင်ဘွဲ့

ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။

  • သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
  • ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
  • အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
  • သိပ္ပကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
  • ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။

ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိခဲ့သူများ

  1. ဦးသိန်းဟန် (ဇော်ဂျီ) ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၄၉) နှင့် သီရိပျံချီ (၁၉၆၁)
  2. ဦးသန့် ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၄၉)၊ သီရိပျံချီ (၁၉၅၃)၊ စည်သူ (၁၉၅၇)၊ မဟာသရေစည်သူ (၁၉၆၁)
  3. ပါမောက္ခ ဦးဧမောင် ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၅ဝ)နှင့် သီရိပျံချီဘွဲ့ (၁၉၆၂)
  4. ဂီတစာဆို ဝိုင်အမ်ဘီ ဆရာတင် ခေါ် ဝိုင်အမ်ဘီ သခင်တင် ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၅ဝ) (မြန်မာနိုင်ငံတော်သီချင်း စာသား နှင့် ဂီတ ရေးစပ်သီကုံးထားခဲ့သူ တို့ဗမာအစည်းအရုံးဝင်)
  5. ဇေယျကျော်ထင်ဗိုလ်မှူးဗကို (MA, Yale) (ဗိုလ်ဗကို) ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၅ဝ) နှင့် စာပေဗိမာန် ၁၉၅၇ အကယ်ဒမီ
  6. အေဝမ်းဦးတင်နွယ် (ရုပ်ရှင်ပြဇာတ်အစည်းအရုံးဥက္ကဋ္ဌ) ၁၉၅၀
  7. ဇာတ်မင်းသားကြီး ဦးဘိုးစိန် T.P.S
  8. ဦးဘမြိုင် မြစ်ကြီးနားအရေးပိုင်(ခရိုင်ဝန်) (နောင်တွင် မကွေးတိုင်း တိုင်းမင်းကြီး)
  9. ပရော်ဖက်ဆာ ဦးအေးမောင် (မြန်မာစာ)
  10. ဦးဝန် (မင်းသုဝဏ်)(ကထိက) (သီရိပျံချီ၊ ၁၉၆၂) (မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတ ဦးထင်ကျော်၏​ဖခင်)
  11. ဦးယော (ဇေယျ) (ပြန်ကြားရေးညွှန်ကြားရေးဝန်) ၁၉၅၁
  12. ဦးခင်ဇော်(ကေ) (ဗမာ့အသံညွှန်ကြားရေးဝန်) ၁၉၅၄
  13. ဦးခင်မောင်လွင် မီးသတ်ဦးစီးဌာနညွှန်ကြားရေးဝန် (၁၉၅၆)
  14. ဦးကိုလေး (MSc. Lond.) (ဇေယျာမောင်) မန္တလေးယူနီဗာစီတီကောလိပ်ကျောင်းအုပ်ကြီး
  15. အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်း (နွယ်စိုး) (MA, BL)
  16. ကာယဗလဦးရှိန် ၁၉၅၅
  17. ဦးသာတင် (မာဃ) ၁၉၅၆
  18. သခင်မ ဒေါ်သိန်းတင်
  19. စဝ်မန်ဖ
  20. စိန်အောင်မင်း
  21. ကက်နက်စိန်
  22. မင်္ဂလာဦးအောင်မောင်း
  23. ဦးထွန်းတင် (မန်းတင်) (ဒုအတွင်းဝန်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး) (နိုင်ငံတော်ကောင်စီဝင်)
  24. ဒေါက်တာမြင့်ဆွေ (ဆဋ္ဌသင်္ဂါယနာဘိသိက်) ဆင်းဒဝစ်လမ်း ၁၉၅၈
  25. ဦးစိန်ညွန့် (မန္တလေးပန်တျာနှင့်ပြဇာတ်ကျောင်းအုပ်ကြီး)
  26. ဒေါ်ဩဘာသောင်း (ဒေါ်သောင်း) (အကနည်းပြ၊ပန်တျာ)
  27. ဒေါ်အောင်ကြည် (ပန်တျာမူမှန်ပြုပြင်ရေးအဖွဲ့)
  28. သုဓမ္မဝတီဦးပန်းမောင်
  29. မင်းသားမျိုးချစ်
  30. ဇေယျ (ရုပ်ရှင်သရုပ်ဆောင်)
  31. ဖိုးပါကြီး (ရုပ်ရှင်သရုပ်ဆောင်)
  32. ကြည်ကြည်ဌေး (ရုပ်ရှင်သရုပ်ဆောင်)
  33. မေသစ် (ရုပ်ရှင်သရုပ်ဆောင်)
  34. မေရှင် (ဗမာ့အသံ)
  35. ဗြိတိသျှဘားမားဦးချန်ထွန်း
  36. ရန်နိုင်စိန် ပြဇာတ်ညွှန်ကြားရေးမှူး
  37. ပါဠိပါမောက္ခဦးအောင်သန်း (ရန်ကုန်) ၁၉၅၉
  38. ပန်းချီဦးစံဝင်း(ပညာမင်းကြီးရုံး) ၁၉၆၀
  39. ရွှေဥဒေါင်း(ဦးဖေသိန်း) ၁၉၆၁
  40. ကြီးပွားရေးဦးသိန်း (ရန်ကုန်ခရိုင်လူမှုဝန်ထမ်းကောင်စီအတွင်းရေးမှူး)
  41. အမတ်ဟောင်းသခင်မဒေါ်ခင်လှ (ဝင်္ကပါအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ)
  42. စိန်မြမောင် (ဂီတစာဆို၊ မြန်မာနိုင်ငံတော်သီချင်း စာသားရေးသားသူ) ၁၉၆၂
  43. ဦးသက်ထွန်း ညွှန်ကြားရေးဝန်၊ ဗဟိုစာရင်းအင်းနှင့်စီးပွားရေးဌာန (သံအမတ်)
  44. ဦးဝင်းဖေ MPA (Harvard) (ဆရာကြီး မြဇင်)
  45. ဦးဘသန်းတင်
  46. ဒေါ်မေမေခင်
  47. ဂိုအင်ကာ
  48. ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်း
  49. ဝင်းမြင့် (ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)
  50. ဇေကမ္ဘာ ဦးခင်ရွှေ
  51. ဒေါက်တာ စိုးညွန့်(ထီလာစစ်သူ)
  52. ဦးမြင့်နိုင်(ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်-အဖွဲ့ဝင်)
  53. ဦးဇော်မိုးခိုင် (ဥက္ကဋ္ဌ၊ Pacific – AA Group/ AA Medical Products Ltd)
  54. ဦးမောင်ကို (ဥက္ကဋ္ဌ၊ ထာဝရကုမ္ပဏီများအုပ်စု၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး)
  55. ဒေါ်ခင်ခင်ထွေး - နိုင်ငံ့ဂုဏ်ဆောင် အိုလံပစ် အပြေးမယ်
  56. တင်မောင်နီ - နိုင်ငံ့ဂုဏ်ဆောင် အိုလံပစ် ရေကူးအားကစားမောင်
  57. ဗဟာဒူး - နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ဂန္တဝင်ဘောလုံးတိုက်စစ်မှူး
  58. ဒေါက်တာနီကိုလိုင်းလစ်စတိုပါဒေါ့ဗ်(Nikolay Listopadov) - မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်မြို့မြန်မာပြည် စာတိုက် သင်္ကေတများလများ (အချိန်အတိုင်းအတာ)အင်္ဂုလိမာလသုတ်ဆေးခြောက်မကွေးတိုင်းဒေသကြီးဘားအံမြို့သိန်းစိန် (နိုင်ငံတော်သမ္မတ)အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်လိင်ဖြင့်မျိုးပွားခြင်းဧရာဝတီတံတား (ပခုက္ကူ)cxaieလက်ဖက်ဟော်မုန်းစိုးထွဋ်အောင်လရာသီဥတုပြောင်းလဲမှုလူ၏ အရိုးဖွဲ့စည်းပုံမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တွံတေးမြို့သန်လျင်မြို့မဟာဘူတဆွစ်ဇာလန်နိုင်ငံစက္ကဝတ္တိသုတ်ဣန္ဒြေအောင်လအန်ဆန်းနိုင်ငံတော် သံဃမဟာနာယကအဖွဲ့မင်္ဂလာပါရှမ်းပြည်တပ်မတော်-တောင်ပိုင်းခန္ဓာဗေဒကမ္ဘာဂြိုဟ်တရုတ်ပြည်မှ မဟာရံတံတိုင်းကြီးအင်းကစွယ်စုံကျမ်းငါးပါးသီလရာသီခွင်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ကင်းလိပ်ချောမြန်မာသရုပ်ဆောင်များစာရင်းမြန်မာ့စွယ်စုံကျမ်းကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးဗဒင်ငှက်ဖျားရောဂါစွမ်းအင် ဝန်ကြီးဌာနမဟာသတိပဋ္ဌာနသုတ်မဟတ္တမ ဂန္ဒီကျန်းမာရေး ဝန်ကြီးဌာနမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ခွန်ဆာစစ်တက္ကသိုလ် (ပြင်ဦးလွင်)ကိုကိုဦး (ဗိုလ်ချုပ်)သောတာပန်ပါဠိဘီလူးတျာချင်းမဟာသမယသုတ်မင်းတုန်းမင်းဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ထမနဲပွဲအိုဇုန်းလွှာဗီယက်နမ်စစ်ပွဲကချင်လွတ်မြောက်ရေးတပ်မတော်သွေးတိုးရောဂါပုပ္ပါးတောင်ဥရောပမုန့်လုံးရေပေါ်သီတင်းကျွတ်လပြည့်နေ့ဂျိုးဇတ် စတာလင်🡆 More