အလင်္ကာကျော်စွာဘွဲ့

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။

အလင်္ကာကျော်စွာဘွဲ့
အလင်္ကာကျော်စွာဘွဲ့
အလင်္ကာကျော်စွာ ပန်းချီ ဦးစောမောင် ရရှိခဲ့သည့် ဘွဲ့တံဆိပ်ပုံ
အမျိုးအစားစွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့
တည်ထောင်ခဲ့၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
နိုင်ငံအလင်္ကာကျော်စွာဘွဲ့ မြန်မာ
ဖဲကြိုးအလင်္ကာကျော်စွာဘွဲ့

ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။

  • သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
  • ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
  • အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
  • သိပ္ပကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
  • ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။

အလင်္ကာကျော်စွာဘွဲ့သည် စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်အပ်နှင်းသော ဘွဲ့ဖြစ်ပေသည်။ လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ် အစိုးရများမှ ၂၀၁၁ခုနှစ်နောက်ပိုင်း ပြည်ထောင်စုအစိုးရများ လက်ထက်အထိ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၂၀) ကျော်သာ ရှိသည်။ ၂၀၂၁ခုနှစ်မှစ၍ တပ်မတော်မှဖွဲ့စည်းထားသော အိမ်စောင့်အစိုးရ လက်ထက် ၂၀၂၂ခုနှစ်တွင်မူ မတ်လ၌ (၂၅)ဦး၊ ဧပြီလ၌ (၈)ဦး၊ နိုဝင်ဘာလ၌ (၇)ဦး စုစုပေါင်း (၄၀)ဦးအထိ အမြောက်အမြား ချီးမြှင့်ခဲ့သည်။

ရွှေမန်းတင်မောင်၏သားဖြစ်သူ ညွန့်ဝင်းအား ၂၀၂၂ခုနှစ် မတ်လတွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။ ထို့အပြင် ၂၀၂၂ခုနှစ် ဧပြီလတွင် နန်းတော်ရှေ့ဆရာတင်၏ သားဖြစ်သူ ရွှေနန်းတင်အား အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ဒုတိယမြောက် အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။

အလင်္ကာကျော်စွာဘွဲ့ရရှိခဲ့သော သူများ

စဉ် အမည် ရရှိသည့်နှစ် ဓာတ်ပုံ အမိန့်ကြေညာစာအမှတ်/ရက်စွဲ မှတ်ချက်
ဆရာကြီးဦးလွန်း(သခင်ကိုယ်တော်မှိုင်း) ၁၉၅၀ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၇) ၄.၁.၁၉၅၀
ဆိုင်းဆရာဦးဟန်ပ ၁၉၅၃ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၃) ၄.၁.၁၉၅၃
စောင်း ဆရာညိန်း(ဂီတအနုပညာသည်ကြီး) ၁၉၅၃ - အမှတ်(၃) ၄.၁.၁၉၅၃
ပတ္တလား ဆရာဘကလေး(မန္တလေး) ၁၉၅၃ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၃) ၄.၁.၁၉၅၃
ဒေါ်စောမြဧကြည် ၁၉၅၃ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၃) ၄.၁.၁၉၅၃
ပန်းချီဆရာကြီးဦးငွေကိုင် ၁၉၅၃ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၃) ၄.၁.၁၉၅၃
မြန်မာ့ဇာတ်မင်းသားရွှေမန်းတင်မောင် ၁၉၅၃ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၃) ၄.၁.၁၉၅၃
ပြဇာတ်ဒါရိုက်တာဒဂုံဆရာတင် ၁၉၅၃ ? -၁၉၇၆ အမှတ်(၃) ၄.၁.၁၉၅၃
ဆိုင်းဆရာ ဦးဘမောင် ၁၉၅၅ - အမှတ်(၁) ၄.၁.၁၉၅၅
၁၀ သီချင်းရေးဆရာဦးဧ(ရွှေပြည်အေး) ၁၉၅၅ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၁) ၄.၁.၁၉၅၅
၁၁ စောင်းဦးဘသန်း ၁၉၅၅ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၁) ၄.၁.၁၉၅၅
၁၂ ရုပ်ပြောင်၊ပန်းချီဆရာကြီးဦးဘဂျမ်း ၁၉၅၅ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၁) ၄.၁.၁၉၅၅ (ကွယ်လွန်ပြီးမှ ရရှိ)
၁၃ သီချင်းရေးဆရာမြို့မငြိမ်း ၁၉၅၆ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၂) ၄.၁.၁၉၅၆ (ကွယ်လွန်ပြီးမှ ရရှိ)
၁၄ ဇာတ်ပွဲ စာရေးဆရာဦးစံခို ၁၉၅၈ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၂) ၄.၁.၁၉၅၈
၁၅ ရုပ်ရှင်ဒါရိုက်တာအေဝမ်းဦးတင်မောင် ၁၉၅၈ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၂) ၄.၁.၁၉၅၈
၁၆ ပန်းချီဆရာကြီးဦးစောမောင် ၁၉၅၈ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၂) ၄.၁.၁၉၅၈
၁၇ နိုင်ငံတော်တီးဝိုင်းနှင့် ပြဇာတ်အဖွဲ့စိန်ဝေလျှံ (ခေါ်) ဦးတိုးဝေ ၁၉၅၈ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၂) ၄.၁.၁၉၅၈
၁၈ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးသုခ ၁၉၅၈ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၂) ၄.၁.၁၉၅၈
၁၉ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးဉာဏ ၁၉၅၈ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၂) ၄.၁.၁၉၅၈
၂၀ ရုပ်ရှင်ဒါရိုက်တာဦးချင်းစိန်(ရွှေညာမောင်) ၁၉၅၈ အလင်္ကာကျော်စွာဘွဲ့  အမှတ်(၂) ၄.၁.၁၉၅၈
၂၁ ဒါရိုက်တာ ပန်းချီစိုးမိုး ၂၀၁၆ အမှတ် (၂/၂၀၁၆) ၄.၁.၂၀၁၆
၂၂ ဒါရိုက်တာ စင်​ရော်​မောင်​မောင်
၂၃ ဂီတစာဆို ဟင်္သာတမြင့်ငွေ
၂၄ ဆိုင်းဆရာကြီး စိန်စတင်း ၂၀၂၀ အမှတ် (၂/၂၀၂၀) ၄.၁.၂၀၂၀ (ကွယ်လွန်ပြီးမှ ရရှိ)
၂၅ စွယ်စုံရအနုပညာရှင် စည်သူဗိုလ်ကလေးတင့်အောင် ၂၀၂၂ အမှတ် (၂၆/၂၀၂၂) ၂၇.၃.၂၀၂၂ (ကွယ်လွန်ပြီးမှ ရရှိ)
၂၆ စာ​ရေးဆရာအယ်ဒီတာချုပ် ဦး​ကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)
၂၇ ဒါရိုက်တာ ကြည်စိုးထွန်း
၂၈ စာ​ရေးဆရာ ဦး​လေးမြိုင် (​လေးမြိုင်)
၂၉ စာ​ရေး​ဆရာ ​ဒေါက်တာခင်​မောင်ညွန့် အလင်္ကာကျော်စွာဘွဲ့ 
၃၀ စာ​ရေးဆရာ ​ဒေါက်တာ​သော်​ကောင်း
၃၁ စာ​ရေးဆရာ ​ဒေါက်တာခင်​အေး ​(မောင်ခင်မင် (ဓနုဖြူ))
၃၂ စာ​ရေးဆရာ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)
၃၃ စာ​ရေးဆရာ ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး)
၃၄ စာ​ရေးဆရာ ဦးခင်​မောင်စိုး (​မောင်ပေါ်ထွန်း)
၃၅ စာ​ရေးဆရာ ဦးကို​လေး (ကို​လေး - အင်းဝဂုဏ်ရည်)
၃၆ စာ​ရေးဆရာ ဦးတင်ခ (တက္ကသိုလ်တင်ခ)
၃၇ စာ​ရေးဆရာ ဦး​ကျောက်​ဆောက်သာနိုး (​မောင်သာနိုး)
၃၈ စာ​ရေးဆရာ ဦးသန်းထွန်း (သိန်းသန်းထွန်း)
၃၉ စာ​ရေးဆရာ ဦးမြင့်လွင် (ဖိုးကျော့)
၄၀ စာ​ရေးဆရာ ဦးထွန်းရီ (ထွန်းရီ - ​ရှေး​ဟောင်းသု​တေသီ)
၄၁ စာ​ရေးဆရာ ဦးတင်​မောင်မြင့်
၄၂ စာ​ရေးဆရာ ဦးထွန်း​အောင်ချိန်
၄၃ စာ​ရေးဆရာ ​​မောင်​မောင်လတ် (​နောင်)
၄၄ စာ​ရေးဆရာ ဦးစိန်လှိုင် (သူရ​ဇော်)
၄၅ စာ​ရေးဆရာ ​ဒေါ်ချိုချိုတင် (မစန္ဒာ)
၄၆ သရုပ်​ဆောင် ညွန့်ဝင်း
၄၇ ဂီတပညာရှင် ဂီတလုလင် မောင်ကိုကို
၄၈ စွယ်စုံရအနုပညာရှင် ဝင်းဦး (ကွယ်လွန်ပြီးမှ ရရှိ)
၄၉ သရုပ်​ဆောင် ​ကောလိပ်ဂျင်နေဝင်း (ကွယ်လွန်ပြီးမှ ရရှိ)
၅၀ ဂီတစာဆို နန်း​တော်​ရှေ့ဆရာတင် ၂၀၂၂ အမှတ် (၆၃/၂၀၂၂) ၁၇.၄.၂၀၂၂
၅၁ ဂီတစာဆို ​ရွှေတိုင်ညွန့်
၅၂ ဇတ်သဘင်ပညာရှင် ​ရွှေနန်းတင်
၅၃ ​အဆိုပညာရှင် တွံ​တေးသိန်းတန်
၅၄ ဂီတပညာရှင် စန္ဒရား ချစ်​ဆွေ
၅၅ ဂီတပညာရှင် စန္ဒရား လှထွတ်
၅၆ အဆိုပညာရှင် သု​မောင်
၅၇ ဆိုင်းပညာရှင် စိန်ဗိုလ်တင့်
၅၈ ဒါရိုက်တာ ဦးသာဓု ၂၀၂၂ အမှတ် (၂၁၁/၂၀၂၂) ၁၇.၁၁.၂၀၂၂
၅၉ စာ​ရေးဆရာမ ​ဒေါ်နုယဉ် (နုယဉ်)
၆၀ စာ​ရေးဆရာ ဦးဝင်း​မောင် (မင်းယု​ဝေ)
၆၁ စာ​ရေးဆရာ ဦးမျိုးသန့် (​မောင်ဆုရှင်)
၆၂ စာ​ရေးဆရာ ဦးတင်​မောင် (သိပ္ပံမှူးတင်)
၆၃ စာ​ရေးဆရာ ဦး​အောင်သင်း (​​အောင်သင်း)
၆၄ စာ​ရေးဆရာမ ​ဒေါက်တာတင်တင်ဝင်း (​ဒေါက်တာမတင်ဝင်း-ပညာ​ရေးတက္ကသိုလ်)

ဆက်လေ့လာရန်

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ပုစွန်ကချင်လွတ်မြောက်ရေးတပ်မတော်ဂဠုန်သိမ်မန်ချက်စတာ ယူနိုက်တက်ဂုဏ်တော်မြင်းခင်ညွန့် (ဗိုလ်ချုပ်ကြီး)မြန်မာနိုင်ငံ၏ ပညာရေးခွေးရူးပြန်ရောဂါကာကွယ်ဆေးဗဟိုစာမျက်နှာမဂ္ဂသစ္စာကျုံးယောလူမျိုးကုန်းဘောင်ခေတ်မိုင်းလားမြို့သရဏဂုံကြို့ထိုးခြင်းစိုင်းထီးဆိုင်မြန်မာနိုင်ငံ၏ အလံတော်အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကင်ပွန်းချဉ်ပင်မန္တလေး နန်းတော်ကျင့်ဝတ်သုက်ပန်းခြင်းသင်္ကြန်မိုးဝါထပ်ခြင်းနန်းလုံးကြိုင်ကိုယ်ဝန်ဆောင်ခြင်းငှက်ကြီးတောင်ဓားမြန်မာဝီကီပီးဒီးယားကျောက်ကပ်ရောင်ရောဂါကာမိုင်းမြို့အင်းဝမင်းဆက်နှင်းဆီအောင်သင်းနတ်စစ်ပွဲအဘိညာဉ်သင်္ကြန်ထမင်းမိတ္ထီလာမြို့ဝဋ်ကိုရီးယားစစ်ပွဲမှော်ပညာရှစ်လေးလုံးအရေးအခင်းပိဋကတ် သုံးပုံနာရီခန္ဓာငါးပါးခင်သီရိသက်မွန်ကိန္နရာကျိုက်ထီးရိုးဘုရားကြွက်နို့ဘုရား (ဗုဒ္ဓဘာသာ)ရုရှား သမိုင်းအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်တရုတ်သမ္မတနိုင်ငံမြန်မာအဘိဓာန်ချစ်လှစွာသော အမုန်းစစ်ဦးစီးတက္ကသိုလ်ဉာဏ်စဉ်မြန်မာနိုင်ငံ၏ ရွာများဂျပန်ဘာသာစကားမင်းအောင်လှိုင်သမ္မာကျမ်းစာခြင်းလုံး ကစားခြင်းတရားအစ္စရေးနိုင်ငံမလေးရှားနိုင်ငံဗီယက်နမ်စစ်ပွဲအိချောပိုဂဏန်းသင်္ချာ၏ အခြေခံသီအိုရမ်🡆 More