ရွှေကူမြို့

ရွှေကူမြို့သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။

ရွှေကူမြို့
ရွှေကူမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေကူမြို့
ရွှေကူမြို့
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 24°13′0″N 96°48′0″E / 24.21667°N 96.80000°E / 24.21667; 96.80000 96°48′0″E / 24.21667°N 96.80000°E / 24.21667; 96.80000
နိုင်ငံရွှေကူမြို့ မြန်မာ
ပြည်နယ်ကချင်ပြည်နယ်
ခရိုင်ဗန်းမော်ခရိုင်
မြို့နယ်ရွှေကူမြို့နယ်
လူဦးရေ (၂၀၁၄)၁၈,၈၉၄
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ရွှေကူမြို့နယ်သည် မြောက်ဘက်တွင် မြစ်ကြီးနားခရိုင်နှင့် ကောက်ကွေ့ချောင်းဖြင့် ခြားလျက် တောင်ဘက်တွင် မဘိမ်းမြို့နယ်နှင့် စပ်နေသည်။ အရှေ့ဘက်တွင် ဆင်ကန်ချောင်းအထိ ဖြစ်၍ အနောက်ဘက်တွင် ကသာခရိုင်နှင့် စပ်နေသည်။ ရွှေကူမြို့သည် ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်းအောက် မိုင်အနည်းငယ်အကွာ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ဧရာဝတီမြစ်ကြောင်းဖြင့် ဗန်းမော်မြို့ အနောက်ဘက် ၃၈ မိုင် ဝေး၍ မြစ်ကြီးနားမြို့တောင်ဘက် ၁၂၉ မိုင် ဝေးသည်။ ဗန်းမော်နှင့် ရွှေကူမြို့သည် ကားလမ်းအဆက်အသွယ် ရှိသော် လည်း ရာသီဥတု ကောင်းမွန်သည့်အခါမှ သွားလာအသုံးပြုနိုင်သည်။ သို့ရာတွင် ရေလမ်းဖြင့်မူ အချိန်မရွေး သွားလာနိုင်သည်။

ရွှေကူမြို့နယ် ဝန်းကျင်တွင် သစ်တောများ ပေါသဖြင့် သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်သည်။ ထိုကြောင့် ရွှေကူမြို့သည် သစ်တောဌာန သင်္ဘောဆိပ်မြို့ဖြစ်လျက် ရှိသည်။ ရွှေကူမြို့ထွက် ထင်ရှားသော ကုန်ပစ္စည်းမှာ မြေအိုးဖြစ်သည်။ ရွှေကူအိုးသည် လှပစွာ ဆေးခြယ်ထားသဖြင့်လူကြိုက် အလွန်များသည်။

မြို့၏မြောက်ဘက် ဧရာဝတီမြစ်လယ် သောင်ကျွန်းပေါ်၌ တည်ရှိသော ကျွန်းတော်ကြီးဘုရားခေါ် ရွှေပေါ်ကျွန်းဘုရားသည် ရွှေကူမြို့၏ ထင်ရှားသော တန်ခိုးကြီးဘုရား ဖြစ်သည်။ သောင်ကျွန်းတစ်ကျွန်းလုံးပေါ် ဘုရားပေါင်းများစွာ တည်ထားခြင်း ဖြစ်သည်။ ဧရာဝတီမြစ်ရေချိန် တက်သောအခါ၌ပင် ဘုရားရင်ပြင်ပေါ်သို့ ရေမလွှမ်းဟုလည်း ဆိုသည်။

ရွှေကူမြို့နှင့် အနီးတစ်ဝိုက်တွင် ရွှေလုပ်ငန်းကို အများအပြားလုပ်ဆောင်ကြသည်။

ကိုးကား

Tags:

ကချင်ပြည်နယ်ဗန်းမော်ခရိုင်ရွှေကူမြို့နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများမြန်မာနိုင်ငံရှိ မြို့နယ်များလျှပ်စစ်ဓာတ်အားဇီးကွက်ခင်မောင်တိုးပိုက်သာဂိုရ သီအိုရမ်တျာချင်း၃၁-ဘုံဟံသာဝတီလီဆာမြန်မာနိုင်ငံ၏ စီးပွားရေးဂျာမနီနိုင်ငံအောင်သင်းဂျူးဘာသာနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရေဘဝဲခြင်းလုံး ကစားခြင်းပညာရေးဝန်ကြီးဌာနခရစ်ယာန်ဘာသာမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများမြလူ၏ အရိုးဖွဲ့စည်းပုံဂူဂယ်သမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ကာလီမယ်တော်ဂုဏ်ဆယ်ပါးအိတ်ချ်အိုင်ဗွီ ရောဂါပိုးအနတ္တလက္ခဏသုတ်ဦးနုမဟာဘူတစစ်ကိုင်းမြို့တိုင်းစစ်ဌာနချုပ်ပိုးသတ်ဆေးကင်းလိပ်ချောပေကျင်းမြို့ရေသည်ပြဇာတ်ကမ္ဘောဇသာဒီရွှေနန်းတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအီမီ ဖူကာဒါနွေရာသီလိင်စိတ်ဆွခြင်းအာဇာနည်နေ့ပထဝီဝင်မြွေရတနသုတ်ရာသီအလိုက်ပွင့်သောပန်းများတနင်္သာရီတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဘားအံမြို့အင်ဒိုနီးရှားနိုင်ငံမေကလောမြို့ကယားပြည်နယ်ကချင်ပြည်နယ်စကားထာမိုးလေဝသဒြပ်စင်မုန့်လုံးရေပေါ်ကြေးမုံ သတင်းစာတပ်မတော်နေ့ပီမိုးနင်းည (ရုပ်ရှင်)မြန်မာ့သမိုင်းမဟော်သဓာဇာတ်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရှင်ပြုခြင်းထားဝယ်မြို့ခန္ဓာဗေဒပဲခူးမြို့ရန်ကုန်ပြည်သူ့ဆေးရုံကြီးစစ်တက္ကသိုလ် (ပြင်ဦးလွင်)ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသထုံမြို့သိမ်းငှက်🡆 More