ရုက္ခဓမ္မဇာတ်

ဧကကနိပါတ် - ၈။ ဝရုဏဝဂ် -၇၄ - ရုက္ခဓမ္မဇာတ်။ ။ ပညာရှိ ရုက္ခစိုး ဆုံးမချက် မနာယူကြသဖြင့် ဗိမာန်ပျက်စီး၍ ဆင်းရဲရသော ရုက္ခစိုးများ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရေကိုကြောင်းပြု ခိုက်ရန်မှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆွေတော်မျိုးတော်တို့သည် လယ်ကိုသွင်းသော စပါးအောင် ရေကို အစွဲပြု၍ ကြီးစွာသော ခိုက်ရန်ဖြစ်ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် မြစ်နားသို့ ကြွတော်မူ၍ ဆွေတော်မျိုးတော်အပေါင်းတို့အား “ဆွေမျိုး အပေါင်းတို့ ... အဖိုးမတန်သော ရေကို အစွဲပြု၍ ခိုက်ရန်ဖြစ်ကာ မပျက်စီးစေကြကုန်လင့်၊ စိတ်ဝမ်း မကွဲကြကုန်လင့်၊ အချင်းချင်း ညီညွတ်ကြကုန်လော့။ အသက်ဝိညာဉ်ရှိသော လူကို မဆိုထားဘိ အသက်ဝိညာဉ် မရှိသော သစ်ပင်တို့ပင် တစ်ပင်နှင့်တစ်ပင် အမှီပြုကာ အချင်းချင်း ညီညွတ်ကြသဖြင့် ဘေးရန်ကင်းလွတ်ကြောင်း” ကို မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန်ဝတ္ထုအကျယ်ကား ကုဏာလဇာတ်တွင် ထင်ရှားလတ္တံ။]

အတိတ်ဝတ္ထု

ဗိမာန်တည်ရေး ဆုံးမပေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် နတ်ပြည်တွင်လည်း ဝေဿဝဏ်နတ်မင်းကြီး စုတေသဖြင့် နောက် ဝေဿဝဏ် နတ်မင်းကြီးတစ်ဦး မင်းပြုသောအခါ “သစ်ပင်ကြီးငယ်၊ ချုံ၊ နွယ် မြတ်ဖုတ် စသော ဗိမာန်တို့၌ အုပ်စိုးနေထိုင်ကြသူ နတ်အပေါင်းတို့အား မိမိတို့ အလိုရှိရာကို ယူငင် သတ်မှတ်ကြကုန်” ဟု အမိန့်ထုတ်လေ၏။

ထိုအခါ ဘုရားအလောင်းသည် ဟိမဝန္တာ အင်ကြင်းတော တစ်ခုဝယ် ရုက္ခစိုးနတ်မင်းဖြစ်၍ မိမိမူကား ထိုအင်ကြင်းတောကို သိမ်းယူပြီးလျှင် ဆွေမျိုးဖြစ်သော နတ်တို့အား “ အမောင်တို့ ... လွင်တီးခေါင်၌ပေါက်သော သင်ပင်တို့ကို မယူကြကုန်လင့်၊ င့ါ ဗိမာန်ကို ခြံရံ၍နေသော အင်ကြင်းတောတွင် ကြိုက်နှစ်သက်ရာ ဗိမာန်ကို ယူကြကုန်လော့” ဟု မိန့်တော်မူ၏။

တောတောင်မှိခို မနေလို

ပညာရှိသော နတ်တို့သည် ရုက္ခစိုးနတ်မင်း စကားကို နားထောင်ကာ အင်ကြင်းတောဝယ် ကြိုက်နှစ်သက်သော ဗိမာန်ကိုယူကြကုန်၏။ ပညာမရှိသော နတ်တို့သည်ကား “တောကြီးခေါင်ခေါင်၌ ဗိမာန်ကို ယူသဖြင့် အဘယ်အကျိုးရှိမည်နည်း။ မြို့ရွာ၊ နိဂုံးတို့၏ တံခါးအနီးတွင်ရှိသော သစ်ပင်တို့ကိုယူလျှင် မြို့၊ ရွာ၊ နိဂုံးနေလူတို့ ကိုးကွယ်ကြသဖြင့် လာဘ်လာဘ အခြံအရံပေါများမည် မဟုတ်ပါလော” ဟု ကြံစည်ကာ ရုက္ခစိုးနတ်မင်း စကားကို နားမထောင်ဘဲ လွင်တီးခေါင်တွင် ပေါက်ရောက်သော မြို့၊ ရွာ၊ နိဂုံးတို့ တံခါးအနီးရှိ သစ်ပင်ကြီးတို့ကို ရွေးချယ်ကာ ယူကြကုန်၏။

မလိုက်နာသည့်အတွက် ဗိမာန်ပျက်

တစ်နေ့သ၌ လေကြီးမိုးကြီး ပြင်းထန်စွာ ကျရောက်လတ်သော် တစ်ပင်နှင့်တစ်ပင် အမှီမရ၊ လွင်တီးခေါင်ရှိ သစ်ပင်ကြီးတို့မှာ အကိုင်း၊ အခက်၊ ကျိုးရုံမက အမြစ်ပါ ပြုတ်၍ လဲကုန်၏။ ထိုအခါ မြို့၊ ရွာ၊ နိဂုံး လူတို့ အကိုးကွယ် ခံ၍နေကြသော နတ်တို့မှာ ဗိမာန်ပျက်စီးကာ အိုးအိမ်မဲ့ ဖြစ်ကြကုန်၏။ ရုက္ခစိုးနတ်မင်း နေသော အင်ကြင်းတောကား တစ်ပင်နှင့်တစ်ပင် မှီတွယ်စပ်ယှက်ကာ တည်နေသည့်အတွက် လဲပြိုပျက်စီးခြင်းမရှိ၊ လေကြီးမိုးကြီး ဘေးရန်မှ ကင်းလွတ်ချမ်းသာသဖြင့် နတ်တို့လည်း ဗိမာန်မပျက်စီးကြကုန်၊ ချမ်းချမ်းသာသာ နေကြကုန်၏။

ဆွေမျိုးညီက ရန်အောင်ရ

ဗိမာန်ပျက်ကာ အိုးအိမ်မဲ့ ဖြစ်သော နတ်တို့သည် သား၊ သမီး၊ မြေး၊ မြစ်တို့ကို လက်ဆွဲချီပိုးကား ဆင်းဆင်းရဲရဲ ဖြစ်ကြလျက် ရုက္ခစိုးနတ်မင်းနေရာ အင်ကြင်းတောသို့ လာကြကုန်၏။ ထိုအခါ ရုက္ခစိုးနတ်မင်းသည် ဒုက္ခသည် ဆွေမျိုးနတ်တို့အား “အမောင်တို့မှာ ပညာရှိတို့ စကားကို နားမထောင်သည့်အတွက် ဤကဲ့သို့ အိုးအိမ်မဲ့ဖြစ်၍ ဆင်းရဲဒုက္ခရောက်ကြရသည်” ဟု အပြစ်တင်ကာ -

“အမောင်တို့ ... တစ်ဦးတစ်ယောက်တည်း နေခြင်းထက် ဆွေမျိုးများ စုပေါင်းညီညွတ်၍ နေခြင်းသည် ကောင်း၏၊ ရန်သူ မဖျက်ဆီးနိုင်။ အသက် ဝိညာဉ် မရှိသော သစ်ပင်များသည် စုပေါင်းညီညွတ်၍ နေခြင်းသည် ကောင်း၏၊ လေ ရန်သူ မဖျက်ဆီးနိုင်။ တစ်ပင်ထီးတည်းနေသော သစ်ပင်မှာ ကြီးကျယ်ခမ်းနားစေကာမူ လေရန်သူ ဖျက်ဆီးနိုင်၏” –

ဟု ဟော၍ အဆုံးအမပေးပြီးလျှင် မိမိနေရာ အင်ကြင်းတောမှာပင် အသီးအသီး နေရာချထား၍ ပေးလေ၏။ နတ်တို့လည်း ဝမ်းမြောက်ဝမ်းသာ ရုက္ခစိုးနတ်မင်း၏ အဆုံးအမ၌တည်၍ အသက်ထက်ဆုံး အညီအညွတ် နေကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အိုးအိမ်မဲ့နတ်တို့သည် - ယခုအခါ ဘုရားပရိသတ်။

ပညာရှိ ရုက္ခစိုးနတ်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အမျိုးသားချင်း၊ ညီညွတ်လျဉ်း၊ လွတ်ကင်းဘေးရန်တွေ။

(၂) သက်မဲ့ပင်ချင်း၊ များညီလျဉ်း၊ လေပြင်းလွတ်သည့်နေ။

ရုက္ခဓမ္မဇာတ် ပြီး၏။

ကိုးကား

Tags:

ရုက္ခဓမ္မဇာတ် ပစ္စုပ္ပန်ဝတ္ထုရုက္ခဓမ္မဇာတ် ရေကိုကြောင်းပြု ခိုက်ရန်မှုရုက္ခဓမ္မဇာတ် အတိတ်ဝတ္ထုရုက္ခဓမ္မဇာတ် ဗိမာန်တည်ရေး ဆုံးမပေးရုက္ခဓမ္မဇာတ် တောတောင်မှိခို မနေလိုရုက္ခဓမ္မဇာတ် မလိုက်နာသည့်အတွက် ဗိမာန်ပျက်ရုက္ခဓမ္မဇာတ် ဆွေမျိုးညီက ရန်အောင်ရရုက္ခဓမ္မဇာတ် ဇာတ်ပေါင်းရုက္ခဓမ္မဇာတ် ဆောင်ပုဒ်ရုက္ခဓမ္မဇာတ် ကိုးကားရုက္ခဓမ္မဇာတ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂျာနယ်ကျော် မမလေးမြင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမြန်မာဘာသာစကားနေဝင်း (ဗိုလ်ချုပ်ကြီး)မြဝတီမြို့မင်းတုန်းမင်းပတ္တမြားဗိဿနိုးမြို့ဟောင်းလီယိုနာဒိုဒါဗင်ချီအီမီ ဖူကာဒါစံပယ်ပန်းစိတ်ကျောက်ခေတ်သစ်မြန်မာ့ယဉ်ကျေးမှုမြန်မာ့ပြည်တွင်းပဋိပက္ခများပုဂံခေတ်နာဇီဂျာမနီကျောက်မဲမြို့အဲလက်စ်ဆာ အင်တာနက်အင်္ဂလန်နိုင်ငံနတ်ပြည် ၆ ထပ်ပြေတီဦးလယ်တွင်းသား စောချစ်မြိတ်ကျွန်းစုသရဲဘာဂျာမှုတ်ခြင်းစာရင်းအင်း ပညာသောကြာဂြိုဟ်ကိုယ်ဝန်ဖျက်ချခြင်းဆောက်လုပ်ရေး ဝန်ကြီးဌာနခေါင်းဆောင်မှုပဋိစ္စသမုပ္ပါဒ်ရိဒ်ရေကန်ငပလီကမ်းခြေဇီးကွက်ဘိန်းစာပင်ဧရာဝတီတိုင်းဒေသကြီးဟောင်ကောင်ကော်ဒိတ်ဂဠုန်ဆရာစံကိုရီးယားစစ်ပွဲနိုင်ငံတော် သံဃမဟာနာယကအဖွဲ့မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ဖိလစ်ပိုင်နိုင်ငံပြင်ဦးလွင်မြို့နယ်ဦးပုညမင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းသတိပဋ္ဌာန်ကြွက်နို့လမ်းမတော်ဖိုးတုတ်ဘိန်းမုန့်လက်ဆောင်းဆီးချိုရောဂါနရသူ (ပုဂံ)မြန်မာနိုင်ငံနှင့် ဒုတိယကမ္ဘာစစ်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)လွတ်လပ်ရေးကြေညာစာတမ်းစိုင်းထီးဆိုင်ကိုလိုနီခေတ်မန်ကျည်းသမ္ဘူလလော်စစ်ဟန်ဖေ့စ်ဘွတ်ခ်အန်ကောဝပ်စေတသိက်ဂျာမနီနိုင်ငံကွမ်းရွက်ပင်ထိုင်းနိုင်ငံဒိုင်းခင်ခင်ယူနိုက်တက်ကင်းဒမ်းနိုင်ငံဖိုးကျား၊ ဦးကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်)နှစ်ဆန်းတစ်ရက်နေ့ပထမ အင်္ဂလိပ် - မြန်မာစစ်🡆 More