၁။ စံတော်မီဝိသေသလက္ခဏာ
ယောန (ဟေဗြဲဘာသာဖြင့် “ခို”ဟုအနက်ရ)ဝတ္ထုသည် ပရောဖက်ငယ်ကျမ်းများအနက် အပြောအဟောထက် ဘဝအသက်တာဖြင့် သင်ခန်းစာပေးသည့် ထူးခြားသော စာစောင်ဖြစ်သည်။ ယောန၏ ဘဝအသက်တာသည် ဣသရေလတို့၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သုံးပါးစလုံးအား ရုပ်ပုံကားချဲ့ဖြင့် ပြသသကဲ့သို့ ထင်ရှာပေါ်လွင်စေသည်။
၁။ တပါးအမျိုးသားများထံ ဘုရားသင်၏နာမတော် သက်သေခံပေးသည်။
၂။ တပါးအမျိုးသားများအပေါ်သို့ ကျေးဇူးတော်ဆန့်ထုတ်ခြင်းကို မနာလိုဖြစ်နေသည်။
၃။ ပင်လယ်(တပါးအမျိုးသား)ထဲသို့ ပစ်ချခြင်းခံရသည့် တိုင်းနိုင်ငံသားများ မျိုချကြသော်လည်း ကြေက်မသွား။
၄။ ကုန်းမြေပေါ် (ဣသရေလမြေ)သို့ တဖန်ပြန်ရောက်သည်။ လူမျိုးများအားကောင်းကြီးပေးသည်။
အခန်း(၄)မှ အဖြစ်အပျက်များသည် ပရောဖက်အနေနှင့် မသင့်လျော်ဟု ထင်သည်။ အနှစ်တစ်ထောင်ကာလတွင် တပါးအမျိုးသားများထံ ကောင်းကြီးမင်္ဂလာသွန်းလောင်းသည့်အခါ ဣသရေလတို့က သုန်မှုန်စူပုပ် နေလိမ့်မည်ဟု ကျမ်းစာ၌ ဖော်ပြခြင်းမျိုးမတွေ့ရပါ။
၂။ ကျမ်းရေးသူ
အခန်း(၂)မှာယောန၏ ပုဂ္ဂုလ်ရေး အတွေ့အကြုံဖြစ်သည်။ ငါးကြီးဝမ်းဗိုက်ထဲမှ ဆာလံတေးကိုညည်းစဉ်တွင် (ငါ၊ငါ၏၊ငါ့ကို)ဟူသော ကိုယ်တိုင်နာမ်စားကို အသုံးပြုထားသည်။ အခြားအခန်း (၃)ခုတွင်မူ တတိယနာမ်စား (သူ၊သူ၏၊ သူ့ကို )ဟုအသုံးပြုထားသည်။ မည်သို့ဆိုစေ ယောနားလက်ရာဖြစ်ကြောင်းအစဉ်အဆက်လက်ခံထားခြင်းကို ပယ်ရှားစရာမရှိပါ။ မောရှေငါးကျမ်းကဲ့သို့ပင် ခေတ်ကာလအဆက်ဆက်တွင် ရေးသားသူများဖြည့်စွက်ခဲ့ဖွယ်ရှိသည်။ လက်တွေ့အားဖြင့် မူရင်းရေးသားသူ မသိနိုင်သဖြင့် ရှေးရိုးစွဲအယူကိုအမှန်ဟု တရားသေ မမှတ်ယူသင့်ပါ။
၃။ အချိန်ကာလ
ဘီစီ ၇၉၃ မှ ၇၅၃ ထိနန်းစံသော ဒုတိယယေရောဗောင်မင်းလက်ထက်၊ မြောက်ဘက်နိုင်ငံတန်ခိုး ဩဇာကြီးထွားချိန်တွင် ယောနသည် နိနေဝေမြို့သို့ သာသနာပြုခဲ့သည်။ အာရှုရိကျောက်စာများ၌ ထိုခေတ်၏ထူးခြားသောနိုးထမှုအား မှတ်တမ်းတင်ထားခြင်း မရှိသော်လည်း ကြီ:ကျယ်သောဖြစ်ရပ်များက ယောန၏အမှုတော်အား ခိုမြီးဆွဲ (ထောက်ကူ)ပေးခဲ့သည်။ ရှေးကရုပ်တုကိုးကွယ်သူများသည် လငပုတ်ဖမ်းခြင်းနှင့် ငတ်မွတ်ခြင်းကို ကပ်ဘေးဒုက္ခကြီးရောက်မည့် အချက်ပေးနိမိတ်အဖြစ် ယုံကြည်မှတ်ယူကြသည်။ ဘီစီ ၇၆၅ နှင့် ၇၅၉ တွင် အာရှုရိပြည်၌ ငတ်မွတ်ခေါင်းပါးမှုကပ် ကျရောက်ခဲ့သည်။ ဘီစီ ၇၆၃ ဇွန်၁၅ရက်နေ့တွင် လပြည့်ကြတ် (လငပုတ်ဖမ်း)ခြင်းကို ကြုံကြရသည်။ ထိုနေ့ရက်က ယောနကြွေးကြော်သော သတင်းစကားအတွက် နိနေဝေမြို့သားများ၏ နှလုံးသားပြောင်းလဲစေဖို့ ပြင်ဆင်ပေးသည့်နေ့ရက်ပင် ဖြစ်သည်။ Semiramis ဘုရင်မနှင့် တွဲဖက်စိုးစံသူသားတော် Adad-Nirari III (ဘီစီ-၈၁၀-၇၈၂)လက်ထက်တွင် ယောန၏အမှုတော်ဖြစ်သည့် တစ်ဆူတည်းသောဘုရားဝတ်ပြုကိုးကွယ်ခြင်းသို့ တိမ်းညွတ်စေဖို့ပြင်ဆင်ပေးခဲသည်။
၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်
ယောနသည် အမိတ္တဲ(ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူ)၏ သားဖြစ်သည်။ ဂါလိလဲဒေသဂါသေဖာတွင် သူ့အိမ်ရာရှိကြောင်း ၄ရာ၊၁၄:၂၅ တွင်ရေးသားထားသည်။
မြောက်ပိုင်းဣသရေလနိုင်ငံအား အာရှုရီတို့ခြိမ်းခြောက်နေသည့် ကာလဖြစ်သည်။ အာရှုရိတို့အား နောင်တရကြဖို့ ဘုရားရှင်က ယောနအားသွားပြောခိုင်းသည်။ အာရှုရိပြည်မြို့တော်နိနေဝေသို့သွားရန် ယောနစိတ်မပါ။ သူတို့နောင်တရမည်ကို မနှစ်မြို့။ အာရှုရိတို့သည် ရက်စက်ယုတ်မာမှု ကမ်းကုန်သည်။ ဖမ်းမိသောရန်သူများကို အရှင်လတ်လတ် အရေခွါခြင်း၊ အသားအမြှောင်းလိုက်လှီးဖြတ်ခြင်း၊ တံကျင်လျှိုခြင်းစသော ရက်စက်နည်းမျိုးစုံကို သူတို့ ထွင်းထုမှတ်တမ်းတင်ထားသည်။ ၄ရာ၊၁၈:၁၉ ကိုလည်းဖတ်ကြည့်ပါ။
ထို့ကြောင့်ယောနသည်နိနေဝေမြို့သို့ မသွားဘဲ တာရှုမြို့သို့ ထွက်ပြေးတိမ်းရှောင်သည်။ သို့သော်လမ်းခုလတ်တွင် ငါးကြီး၏မြိုချခြင်းခံရသည်။ ထိုမှလွတ်မြောက်သော် ဘုရားသခင်၏စေခိုင်းမှုကို နာခံ၍ နိနေဝေတွင် နှုတ်ကပတ်တရားကို သွန်သင်ဝေငှသည်။ ယောနစိတ်မပျော်ရွှင်၊ အကြီ:အကျယ်စိတ်ညစ်သည်။
ဘုရားသခင်ကကြွလာမည့် ခရစ်တော်၏ အသေခံခြင်း၊သင်္ဂြိုဟ်ခြင်း ၊ရှင်ပြန်ထမြောက်ခြင်းပြုမည့်အကြောင်းကို ယောနအားဖြင့်အရိပ်နိမိတ်ပေးခြင်း ဖြစ်သည်(မ၊၁၂:၄၀၊၁၆:၄)။
ရော၊၃:၂၉တွင် ဘုရားသခင်သည် ယုဒလူတို့၏ဘုရားသားဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားလည်းဖြစ်တော်မူမည်မဟုတ်လော။ ဟုတ်ပေ၏။ တပါးအမျိုးသားတို့၏ဘုရားလည်းဟုတ်ပေ၏” ဟုဆိုထားသည်။
ရော ၁၁:၁၂-၁၅တွင်လည်း တဖန်တွေ့ရသည်။ ယောနပင်လယ်ထဲသို့ပစ်ချခံခြင်းသည် တပါးအမျိုးသားတို့အား အသက်ကယ်လှေပေါ်တင်ရန်ဖြစ်၍ ယောနကုန်းမြေပေါ်အန်ထုတ်ခံရသောအခါ၊ တမြို့လုံးကယ်တင်ခြင်းရရှိစေသည်။ ထို့ကြောင့်ဣသရေလကျဆင်းခြင်းသည် တပါးအမျိုးသားချမ်းသာရဖို့ဖြစ်၏။ ဣသရေလတို့ပြန်လည်စုစည်းမိသောအခါ၊တပါးအအမျိုးသားများထံ သာ၍ကြွယ်ဝသော ကောင်းချီးမင်္ဂလာဆ က်လက်စီးဆင်းမည် ဖြစ်သတည်း။
ပါဝင်သောအချက်များ
၁။ ပရောဖက်ယောန၏ မနာခံမှု(အခန်း၁)
(က) အမှုတော်အတွက် ယောနအားခေါ်ယူခြင်း (၁:၁-၂)
(က) ယောနတာရှုသို့ထွက်ပြေးခြင်း(၁:၃)
(ဂ) ပင်လယ်ထဲကလေမုန်တိုင်း(၁:၄- ၁၀)
(ဃ) ယောနကိုလေထဲသို့ပစ်ချကြခြင်းနှင့် ငါးကြီးကမျိုချခြင်း(၁:၁၁-၁၇)
၂။ ပရောဖက်ယောနကယ်တင်ခံရခြင်း (အခန်း ၂)
(က) ယောန၏ဆုတောင်းချက်(၂:၁-၉)
(ခ) ဘုရားသခင်၏အဖြေစကား(၂:၁၀)
၃။ ဘုရားသခင်နှုတ်ကပတ်တော်ဟောကြားခြင်း(အခန်း၃)
(က) ကြောက်မက်ဖွယ်ရာတရားစီရင်ခြင်း(၃:၁-၄)
(ခ) မြို့တော်အဝှမ်း နောင်တရကြခြင်း(၃:၅-၉)
(ဂ) တရားစီရင်မှုဖယ်ရှားခြင်း(၃:၁၀)
၄။ ပရောဖက်ကြီးစိတ်မကျေမချမ်းဖြစ်မှု (အခန်း၄)
(က) ယောနစိတ်မသာမယာဖြင့် ဆုတောင်းခြင်း(၄:၁-၃)
(ခ) ဘုရားသခင်၏မေးခွန်း (၄:၄)
(ဂ) ယောနစိတ်ကောက်၍ မြို့ပြင်သို့ ထွက်သွားခြင်း(၄:၅)
(ဃ) ဘုရားသခင်၏ ကရုဏာတော်ကို နားလည်ဆင်ခြင်မိခြင်း(၄:၆-၁၁)
TAGS: ယောနဝတ္ထု
This article uses material from the Wikipedia မြန်မာဘာသာ article ယောနဝတ္ထု နိဒါန်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.