နိခါတကဗေဒ: သမိုင်းမဘဝသိပ္ပံနည်းကျလေ့လာမှု

နိခါတကဗေဒ (Paleontology) ဆိုသည်မှာ သမိုင်းမတင်မီခေတ်က သက်ရှိများကို လေ့လာသော ပညာရပ်ဖြစ်ပြီး သက်ရှိတို့ ဆင့်ကဲပြောင်းလဲလာပုံ၊ ၎င်းတို့အချင်းချင်း နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်ဆက်စပ်နေပုံ တို့ ပါဝင်သည်။ သမိုင်းဆိုင်ရာ သိပ္ပံပညာ ဖြစ်သဖြင့် စမ်းသပ်မှုများ ပြုလုပ်၍ အကျိုးသက်ရောက်မှုကို သက်သေပြခြင်းမျိုး မဟုတ်ပဲ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ရှင်းပြခြင်း ဖြစ်သည်။ နိခါတကဗေဒ ဆိုင်ရာ လေ့လာခြင်းကို ဘီစီ ၅ ရာစုကပင် စတင်ခဲ့သည်ဟု မှတ်တမ်းများ တွေ့ရှိရသည်။ ထိုသိပ္ပံပညာသည် ၁၈ ရာစု အတွင်း ဂျော့ရှ် ကူဗီရာ ၏ နှိုင်းရခန္ဓာဗေဒ (comparative anatomy) ပညာ ဆိုင်ရာ ဆောင်ရွက်မှုများကြောင့် ခိုင်မာသော ပညာရပ်တစ်ခု ဖြစ်လာခဲ့ပြီး ၁၉ ရာစု အတွင်းတွင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များမှ စ၍ တရုတ်နိုင်ငံတွင် တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်း များမှ အစောပိုင်း သတ္တဝါတို့၏ ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှု၊ အစောပိုင်း ငါးများ၊ ဒိုင်နိုဆောများ နှင့် ငှက်နှင့် နို့တိုက်သတ္တဝါတို့ ဆင့်ကဲပြောင်းလဲလာခြင်း တို့အတွက် အထောက်အထား အသစ်များ ရရှိခဲ့သည်။ နိခါတကဗေဒသည် ဇီဝဗေဒ နှင့် ဘူမိဗေဒတို့ စည်းခြားထားရာ နေရာတွင် တည်ရှိပြီး ရှေးဟောင်းသုတေသနပညာ နှင့် ခွဲခြားရန် ခက်ခဲသည်။ ယခုလက်ရှိ အသုံးပြုနေသော နည်းလမ်းများတွင် သိပ္ပံပညာ နယ်ပယ် မျိုးစုံမှ ပါဝင်ပြီး ဇီဝဓာတုဗေဒ၊ သင်္ချာပညာ၊ မနုဿဗေဒ၊ သတ္တဗေဒ၊ ခန္ဓာဗေဒ၊ ဂေဟဗေဒ၊ သတ္တုဗေဒ၊ အဏ္ဏဝါဗေဒ၊ ရုက္ခဗေဒ နှင့် အင်ဂျင်နီယာပညာရပ်တို့ အပါအဝင် ဖြစ်သည်။

နိခါတကဗေဒ: သမိုင်းမဘဝသိပ္ပံနည်းကျလေ့လာမှု
နိခါတကဗေဒသည် ကမ္ဘာပေါ်ရှိ သက်ရှိတို့၏ သမိုင်းကြောင်း တလျှောက်လုံးကို လေ့လာစူးစမ်းသော ပညာဖြစ်သည်။
နိခါတကဗေဒ: သမိုင်းမဘဝသိပ္ပံနည်းကျလေ့လာမှု
John Day Fossil Beds National Monument တွင် တွေ့ရသော နိခါတကဗေဒပညာရှင်တစ်ဦး
နိခါတကဗေဒ: သမိုင်းမဘဝသိပ္ပံနည်းကျလေ့လာမှု
Europasaurus holgeri ၏ ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုကို ပြင်ဆင်နေစဉ်

လွန်ခဲ့သော နှစ်ပေါင်း ၃.၈ဘီလီယံလောက်က ဖြစ်ပေါ်ခဲ့သော သက်ရှိသတ္တဝါတို့နှင့် ကမ္ဘာမြေကြီး၏ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှု သဘောတရားကို အလုံးစုံသော နည်းလမ်းများကို အသုံးပြု၍ ရှာဖွေလေ့လာခြင်းပင် ဖြစ်သည်။ အတတ်ပညာ၊ အသိပညာများ ခေတ်မီတိုးတက်လာသည်နှင့် အမျှ ကျောက်ဖြစ် ရုပ်ကြွင်းများ၏ ကွဲပြားခြားနားမှု၊ ဂေဟစနစ်၊ သဘာဝပတ်ဝန်းကျင်နှင့် ရှေးခေတ်ရာသီဥတု အခြေအနေတို့ကို အသေးစိတ်လေ့လာနိုင်ပြီး ဖြစ်သည်။

ရှေးဟောင်းသက်ရှိများကို ခွဲခြားလေ့လာရာ၌ သတ္တဝါများ၏ ဆင့်ကဲဖြစ်စဉ်၊ မျိုးရိုးစဉ်ဆက် ဆင်းသက်လာမှုဖြစ်စဉ်များကို ဖော်ထုတ်ရာတွင် ယခင်ကာလများက အခက်အခဲများရှိခဲ့သော်လည်း ၂၀-ရာစုနှောင်းပိုင်းကာလများ၌ DNA ဖြင့် ခွဲခြားလာနိုင်သောကြောင့် အငြင်းပွားဖွယ်ကိစ္စများကို အနီးစပ်ဆုံး အဖြေပေးနိုင်လာပြီဖြစ်သည်။ ပညာရှင်တစ်ဦးကလည်း နိခါတကဗေဒပညာကို သမိုင်းသိပ္ပံပညာရပ်ဟူ၍လည်း သတ်မှတ်ခဲ့သည်။ သူ၏ အဆိုအရ အတိတ်ကာလ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အတည်ပြုသတ်မှတ် ဖော်ထုတ်နိုင်ရန်အတွက်သမိုင်းပညာနှင့် ခေတ်သစ်သိပ္ပံပညာရပ်များကို ပေါင်းစပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုးကား

Tags:

ကျောက်ဖြစ်ရုပ်ကြွင်းဇီဝဓာတုဗေဒဇီဝဗေဒတရုတ်နိုင်ငံဘူမိဗေဒ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆိုကရေးတီး၃၂ ကောဋ္ဌာသကွန်ဒုံးခေါင်းကိုက်ခြင်းအင်းဆက်ည (ရုပ်ရှင်)နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သိပ္ပံပညာကာတစ်သောင်းကျပ်တန် ငွေစက္ကူကာလာမသုတ်အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့မဟာဘူတလောက်ကိုင်မြို့ဖက်ဒရယ်ပြည်ထောင်စုစနစ်ဂေါတမဗုဒ္ဓဖော်ကာတနင်္သာရီမြို့မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများအပူလီဆူလူမျိုးမော်စကိုမြို့ရန်ကုန်မြို့သောတာပန်ရှမ်းဘာသာစကားလားရှိုးမြို့မြထွန်းဦးအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်အာဆီယံထိပ်သီးအစည်းအဝေးဘကြီးတော်(စစ်ကိုင်းမင်း)ဆေးခြောက်ပင်ပညာရေးဂုဏ်တော်ကွန်ချာမြန်မာနိုင်ငံရှိ ပွဲတော်များရှမ်းပြည်တပ်မတော်-တောင်ပိုင်းကြေးမုံ သတင်းစာငပလီကမ်းခြေမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရခိုင်ပြည်နယ်အီမီ ဖူကာဒါဘာဂျာမှုတ်ခြင်းကြာဓာရဏပရိတ်မြန်မာကျပ်ငွေ၂၄ ပစ္စည်းမောင်သာချိုဥရောပစေတသိက်ရှားစောင်းလက်ပတ်ပင်မြန်မာ့ လက်ဝှေ့ဘဒ္ဒကမ္ဘာပြေတီဦးအေ (အက္ခရာ)ဓမ္မစကြာသုတ္တန်ဗိုလ်ချုပ်မှူးကြီးတျာချင်းဘုရား (ဗုဒ္ဓဘာသာ)ဒူးရင်းသီးမြန်မာနိုင်ငံcxaieနတ်မင်းကြီးလေးပါးတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဗဟိုစာမျက်နှာဖွတ်မိတ္ထီလာမြို့တတိယ အင်္ဂလိပ် - မြန်မာစစ်တရုတ်ပြည်မှ မဟာရံတံတိုင်းကြီးခန္ဓာငါးပါးကြိတ်မှန်ပင်C++ပုသိမ်မြို့ဧရာဝတီတိုင်းဒေသကြီးညှင်း🡆 More