ဒီဃနိကာယ်: ရှည်လျားသောသုတ်များအစု

ဒီဃသည် ရှည်သောဟု အဓိပ္ပာယ်ရသည်။ ဒီဃနိကာယသည် ရှည်လျားသော သုတ် (၃၄)သုတ်ကို စုပေါင်းထားသော နိကာယ်ဖြစ်၏။ ဒီဃနိကာယ၌ အစုဟု အဓိပ္ပာယ်ထွက်သော ဝဂ္ဂအားဖြစ် သုံးဝဂ်ခွဲခြားထားသည်။ ၎င်းတို့မှာ သီလက္ခန္ဓဝဂ္ဂ၊ မဟာဝဂ္ဂ၊ ပါထိကဝဂ္ဂ ဟူ၍ ဖြစ်ကြသည်။ ၎င်းတို့သည် သုတ်သုံးကျမ်းဟူ၍လည်း ထင်ရှားသည်။ သီလက္ခန္ဓဝဂ္ဂတွင် ၁၃ သုတ်၊ မဟာဝဂ္ဂတွင် ၁၀ သုတ်၊ ပါထိကဝဂ္ဂတွင် ၁၁ သုတ် ပါဝင်သည်။ ဒီဃနိကာယကျမ်းတွင် ဒိဋ္ဌိ (၆၂)ပါး၊ ဘုရားရှင်နှင့် စင်ပြိုင်ဝါဒ ထူထောင်ခဲ့ကြေသာ တိတ္ထိဂိုဏ်းဆရာကြီး (၆) ဦးတို့၏ ဝါဒရေးရာနှင့် ရဟန်းဖြစ်ခြင်းအကျိုးတရားများ၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံခန်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မမူမီအခြေအနေများ၊ ကမ္ဘာ့ဖြစ်ပုံ၊ ပျက်ပုံ အယူအဆများ၊ အိမ်ရာတည်ထောင်ထားသော လောကီလူသားများအတွက် ပေါင်းသင်းဆက်ဆံရေး လူ့ကျင့်ဝတ်တရားများ ပါဝင်သည်။ ထင်ရှားသော သတိပဋ္ဌာန်သုတ်သည် ဒီဃနိကာယတွင် ပါဝင်သည်။

အစုများ ခွဲခြားပုံ

ဒီဃနိကာယ (ရှည်လျားသော ဒေသနာများ အစု)၌ သုံးစုထပ်၍ ခွဲပြန်လေသည်။ ဤသုံးစုကို ဝဂ္ဂဟုခေါ်သည်။ ဝဂ္ဂဟူသော ပါဠိစကား၏ အဓိပ္ပာယ်မှာ အစုဟုပင် ဖြစ်သည်။ မြန်မာအခေါ်အားဖြင့် ဝဂ် ဟုခေါ်သည်။

ထို ဝဂ္ဂ သုံးခု သို့ သုံး ကျမ်းတို့မှာ

  1. သီလက္ခန္ဓဝဂ္ဂ ပါဋ္ဌိတော် (သီလက္ခန္ဓဝဂ်) (ဒေသနာ ၁၃ ပုဒ်)
  2. မဟာဝဂ္ဂ ပါဋ္ဌိတော် (မဟာဝဂ်) (ဒေသနာ ၁၀ ပုဒ်)
  3. ပါထိကဝဂ္ဂ ပါဋ္ဌိတော် (ပါထိယျဝဂ်) (ဒေသနာ ၁၁) တို့ ဖြစ်သည်။

သီလက္ခန္ဓဝဂ်

မဟာဝဂ်

ပါထိကဝဂ်

ကိုးကား

Tags:

ဒီဃနိကာယ် အစုများ ခွဲခြားပုံဒီဃနိကာယ် သီလက္ခန္ဓဝဂ်ဒီဃနိကာယ် မဟာဝဂ်ဒီဃနိကာယ် ပါထိကဝဂ်ဒီဃနိကာယ် ကိုးကားဒီဃနိကာယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

အိန္ဒိယနိုင်ငံဂရိနိုင်ငံဗောဇ္ဈင်္ဂသုတ်ဗောဇ္ဈင်ခုနစ်ပါးရှမ်းဘာသာစကားကမ္ဘာမကြေဘူးဩကာသ ဘုရားရှိခိုးမစ်ကီးမောက်စ်ကာကွယ်ရေးဦးစီးချုပ်(ရေ)အောင်ဆန်းကျုံးအော်ကာမိုင်ထိုင်းဘတ်ငွေနောင်ချိုမြို့နယ်ဇီဝဇိုးငှက်မင်းသိင်္ခဒုက္ခသစ္စာမြစ်ကြီးနားမြို့စိန္တာမဏိဂါထာကြောင်ရိုသေပင်ပူဒီနာတောင်ငူခေတ်ပုဗ္ဗဏှသုတ်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)ရှစ်ပါးသီလအောင်ဆန်းစုကြည်ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်ပေါက်မြို့နယ်မြန်မာနာမည်သရေခေတ္တရာနန္ဒဘုရင်စိတ်ဆိုရိုးစကားစစ်ပွဲကျောက်ချဉ်အီကွေတာဆယ်ဇင်းရွာ၊ ဖားကန့်မြို့နယ်ပုလွေမှုတ်ခြင်းMinecraftကချင်ပြည်နယ်ပီမိုးနင်းဆွစ်ဇာလန်နိုင်ငံသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကနေဒါနိုင်ငံတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)ခေတ်စမ်းစာပေရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ပုပ္ပါးတောင်ကလေးမြို့နဂါးပဋ္ဌာန်းစိတ်ပညာတပ်ရင်း (၇)တောင်ကိုရီးယားနိုင်ငံဟံသာဝတီမြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)မိုးကုတ်တရားဆူခွိုင်း ၃၀နတ် (ဝိညာဉ်)ကြို့ထိုးခြင်းတစ်သောင်းကျပ်တန် ငွေစက္ကူစွမ်းအင် ဝန်ကြီးဌာနတန်ခူးလအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမြန်မာနိုင်ငံ၏ စီးပွားရေးကိုလိုနီခေတ်ပလေးတိုးစကားပုံပုဂံမြို့ဟောင်းမြန်မာဝီကီပီးဒီးယားကြယ်လိပ်အရှေ့တောင်တိုင်းစစ်ဌာနချုပ်လူ့အခွင့်အရေးနဂါးနီသီချင်းထားဝယ်မြို့နယ်🡆 More