တာကသိန မင်းကြီး(သမတေစ ဗရာစော တာကသိန မဟာရာဇ; ထိုင်း: สมเด็จพระเจ้าตากสินมหาราช) သို့မဟုတ် (ဇောင်းစောမင်း; တရုတ်: 鄭昭; ပင်ယင်: Zhèng Zhāo)သည် ဓနပုရီမင်းဆက်၏ တစ်ဦးတည်းသော ဘုရင် ဖြစ်သည်။ ၁၇၆၇ခုနှစ်တွင် အယုဒ္ဓယ ပြိုလဲပြီးနောက် အယုဒ္ဓယကို သိမ်းပိုက်ထားသော မြန်မာတပ်များကို တိုက်ထုတ်ကာ သယာမ်ပြည်ကို စစ်ဘေး အန္တရာယ်မှ လွတ်မြောက်အောင် ဆောင်ရွက်ခဲ့သော ကြီးမြတ်သော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ မြို့တော်ဟောင်း အယုဒ္ဓယ ပျက်ဆီးသွားပြီးနောက် တာကသိနမင်းကြီးသည် ဓနပုရီပြည်တွင် မြို့တော်သစ်ကို တည်ထောင်ခဲ့သည်။ သူ၏ နန်းသက်သည် မြန်မာတို့၏ ကျူးကျော်မှုကို ချေမှုန်းနိုင်ခြင်း၊ လာအို မင်းဆက်၊ လန်နာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို သိမ်းပိုက်ခြင်း အပါအဝင် စစ်ပွဲများစွာဖြင့် အသိအမှတ်ပြုခံခဲ့ရသည်။
တာကသိန မဟာရာဇ สมเด็จพระเจ้าตากสินมหาราช | |
---|---|
တာကသိန မင်းကြီး၏ ရုပ်တု | |
ဓနပုရီပြည်၏ ဘုရင် | |
နန်းသက် | ၁၇၆၇ခုနှစ် ဒီဇင်ဘာလ ၂၈ရက် – ၁၇၈၂ခုနှစ် ဧပြီလ ၆ရက် |
နန်းတက်ချိန် | ၁၇၆၇ခုနှစ် ဒီဇင်ဘာလ ၂၈ရက် |
ရှေ့မင်းဆက် | Monarchy established Ekkathat (as King of the Ayutthaya Kingdom) |
နောက်မင်းဆက် | Monarchy dissolved ဗုဒ္ဓယောတ္တဗာ စုဠာလောက မင်းကြီး (ရာမ ၁) (ရတနကောသိန္ဒြပြည်၏ ဘုရင် အဖြစ်) |
Viceroy | Inthraphithak |
မွေးဖွား | Ayutthaya, Ayutthaya Kingdom | ဧပြီ ၁၇၊ ၁၇၃၄
ကွယ်လွန် | ဧပြီ ၇၊ ၁၇၈၂ Thonburi Palace, Thon Buri, Thonburi Kingdom | (အသက် ၄၇)
အိမ်ထောင်ဖက် | Princess Batboricha |
သားသမီးများ | 30 sons and daughters, including: Inthraphithak Chao Phraya Nakhon Noi |
စံအိမ် | Thonburi dynasty |
ခမည်းတော် | Yong Saetae (Zheng Yong) |
မယ်တော် | Nok-lang (later Princess Phithak Thephamat) |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
This article uses material from the Wikipedia မြန်မာဘာသာ article တာကသိန, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.