ခွေးမျိုးရင်း

Canidae (/ˈkænɪdiː/;) ဆိုသည့် အင်္ဂလိပ်စကားလုံးမှာ လက်တင်ဘာသာ Canis မှ ဆင်းသက်လာခြင်းဖြစ်ပြီး မြန်မာဘာသာဖြင့် (လက်တင်: Canis, ကန်းနစ်, lit. 'ခွေး')ဟု အဓိပ္ပာယ်ရသည်။ ဆိုလိုသည်မှာ ခွေးနှင့် ဇီဝမျိုးတူတိရစ္ဆာန်များ၊ တနည်းအားဖြင့် ခွေးမျိုးရင်းဝင် တိရစ္ဆာန်များကို ခြုံငုံ၍ခေါ်ဆိုခြင်းဖြစ်သည်။ ခွေးမျိုးရင်းတွင် အိမ်မွေးခွေးများ(မျိုးစိတ်အားလုံး)၊ ဝံပုလွေများ၊ မြေခွေးများ၊ ကွိုင်းယုတ်များ၊ တောခွေးများ၊ ဒင်ဂိုများ၊ ခွေးအ များ၊ အာဖရိက ခွေးရိုင်းများနှင့် အခြားမျိုးစိတ်များစွာ ပါဝင်သည်။

ခွေးမျိုးရင်းဝင်များ
(Canids)
Temporal range: Late Eocene-Holocene:7 (37.8 Ma-present)
ခွေးမျိုးရင်း
10 of the 13 extant canid genera
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
မျိုးစဉ်သေး: Caniformia
မျိုးရင်း: Canidae
Fischer de Waldheim, 1817
အမျိုးအစား မျိုးစု
Canis
မျိုးရင်းခွဲများနှင့် ရှင်သန်ဆဲမျိုးစုများ

ခွေးမျိုးရင်းဝင်များကို အန္တာတိကတိုက်မှလွဲ၍ ကျန်တိုက်ကြီးအားလုံး၌ သဘာဝအတိုင်းသော်လည်းကောင်း၊ လူသားများနှင့် ယှဉ်တွဲ၍သော်လည်းကောင်း ရောက်ရှိကာ နေထိုင်ကျက်စားနေကြသည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ခွေးမျိုးရင်းများသည် အရွယ်အစားအားဖြင့်လည်း ၆.၆-ပေ (၂.၀-မီတာ) အရှည်ရှိသော ဝံပုလွေ မှသည် ၉.၄ လက်မ (၂၄ စင်တီမီတာ) မျှသာရှိသော ဖန်းနက်စ်မြေခွေးအထိ အမျိုးအမျိုးအစုံစုံရှိလေသည်။

ခွေးမျိုးရင်းဝင် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ပုံစံသည် ယေဘူယျအားဖြင့် ရှည်လျားသော နှုတ်သီး၊ အပေါ်ထောင်နေသော နားရွက်များ၊ အရိုးများကိုက်ခွဲခြင်းနှင့် အသားများ ဖြတ်တောက်ခြင်းအတွက် လိုက်လျောညီထွေရှိနေသော သွားများ၊ ခြေတံရှည်များနှင့် အမွေးပွအမြီးများ ပါရှိလေသည်။

ခွေးမျိုးရင်းများသည် အုပ်စုလိုက်နေတတ်သော တိရစ္ဆာန်များဖြစ်ကြပြီး၊ ၎င်းအုပ်စုဝင်များမှာလည်း အများအားဖြင့် အမျိုးအဆွေများသာဖြစ်လေရာ အစာရှာဖွေခြင်း၊ သားပေါက်လေးများ ထိန်းကျောင်းခြင်း စသည်တို့ကို အတူတကွ ဝိုင်းဝန်လုပ်ဆောင်လေ့ ရှိကြသည်။ အုပ်စုများတွင် အများအားဖြင့် အုပ်စိုးသည့် အထီးနှင့် အမ တစ်တွဲသာ မျိုးပွားခြင်းလုပ်ဆောင်ပြီး နှစ်စဉ် သားပေါက်လေ့ရှိသည်။ ခွေးမျိုးရင်းဝင်များသည် အနံ့ပေးခြင်းဖြင့်သော်လည်းကောင်း (ဆီးစွန့်၍)၊ အသံဖြင့်သော်လည်းကောင်း (အူ၍) တစ်ကောင်နှင့် တစ်ကောင်၊ တစ်အုပ်နှင့် တစ်အုပ် ဆက်သွယ်ကြသည်။

ခွေးမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့၏ “အပြန်အလှန်ကျေးဇူးပြုသော ဆက်ဆံရေး”သည် ရှေးယခင် ကျောက်ခေတ်ဟောင်း ခေတ်နှောင်းကာလမှ စတင်ခဲ့ပြီး ယနေ့အထိတိုင် တည်မြဲနေဆဲဖြစ်သောကြောင့် မတူညီသော သက်ရှိမျိုးစိတ်နှစ်ခု၏ နှစ်ပေါင်းများစွာ အပြန်အလှန်အမှီသဟဲပြုသည့်ဆက်ဆံရေးဟု ခေါ်ဆိုနိုင်သည်။

ဗီဇမျိုးရိုးဆက်နွယ်မှုများ

Caniformia
Arctoidea

ခွေးမျိုးရင်း 

(ဝက်ဝံ၊ ပင်လယ်ဖျံ)
Cynoidea
Miacis

ခွေးမျိုးရင်း 

(မျိုးသုဉ်း)
Canidae
Hesperocyoninae

ခွေးမျိုးရင်း 

(မျိုးသုဉ်း)
Borophaginae

ခွေးမျိုးရင်း 

(မျိုးသုဉ်း)
Caninae

ခွေးမျိုးရင်း 

(တစ်ခုတည်းသော ရှင်သန်
တည်ရှိဆဲ မျိုးရင်းဝင်အုပ်စု)
(ခွေးမျိုးရင်း)
(ခွေးအသွင်ရှိ
တိရစ္ဆာန်များ)

ကိုးကား

Tags:

ကွိုင်းယုတ်ခွေးခွေးအတောခွေးဒင်ဂိုးခွေးရိုင်းမျိုးရင်းမြေခွေးလက်တင်ဝီကီပီးဒီးယား:IPA for Englishဝံပုလွေအာဖရိက တောခွေး

🔥 Trending searches on Wiki မြန်မာဘာသာ:

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နိုင်ငံရေးသဗ္ဗညုဘုရား(ပုဂံ)သိပ္ပံပညာဇော်ဂျီ (စာရေးဆရာ)မင်္ဂလာတရား ၃၈-ပါးလိင်ပန်းပဲသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)တဏှာအင်းဝမင်းဆက်ယာဘထားဝယ်မြို့ငွေ (သတ္တု)နှလုံးသွေးကြောကျဉ်းရောဂါတာဂျစ်ကစ္စတန်နိုင်ငံမြဝတီရုပ်မြင်သံကြားအမျိုးသမီးမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)တွစ်တာဂျပန်ဘာသာစကားမြန်မာစာပေဖက်ဒရယ်ပြည်ထောင်စုစနစ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘကြီးတော်(စစ်ကိုင်းမင်း)ကျန်စစ်သားကွန်ဂိုမြစ်စမ်းချောင်းမြို့နယ်မက္ခရာမင်းသားကြီးထန်းလျက်ပင်လုံစာချုပ်မြန်မာအက္ခရာပိဋကတ် သုံးပုံတောင်ရိုးလူမျိုးပြစ်မှုဆိုင်ရာဥပဒေမြိတ်မြို့မုန့်လုံးရေပေါ်မေတ္တာနမ့်ခမ်းမြို့လိင်တူစုံမက်ခြင်းမြန်မာ-အင်္ဂလိပ် အဘိဓာန်မြဝတီမြို့ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းကီလိုဂရမ်ဧရာဝတီမြစ်စစ်ရေးစိုင်းစိုင်းခမ်းလှိုင်ပုပ္ပားမယ်တော်ပုဂံချာနိုဘိုင်း နျူးကလီးယား ပေါက်ကွဲမှုနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဓမ္မစကြာသုတ္တန်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများမြန်မာနိုင်ငံ၏ အမည်များကွာလာလမ်ပူမြို့ဘောလုံးကစားခြင်းပညာရေးဝန်ကြီးဌာနဘုရားဂျူးဘာသာတရုတ်ဂျိန်ဖော့လူမျိုးအောင်ဆန်းစုကြည်ဆေးခြောက်ပင်မြစ်ကြီးနားမြို့မြန်မာနိုင်ငံ၏ ပထဝီဝင်ကျောက်ဖြူမြို့အောင်လံမြို့အင်းလေးကန်မနောပွဲရွှေစည်းခုံ စေတီတော် (ပုဂံ)ဇာတ်ကြီးဆယ်ဘွဲ့မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ🡆 More