ခွာစုံပါသော တိရစ္ဆာန်များ

Cetartiodactyla

ခွာစုံပါသော တိရစ္ဆာန်များ
(Even-Toed Ungulates)
Temporal range: 55.8–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Early EoceneHolocene
သစ်ကုလားအုပ်၊ အမေရိကန်ကျွဲရိုင်း၊ သမင်၊ သားသတ်ဝေလငါး၊ တောဝက်နှင့် ကုလားအုတ်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
Magnorder: Boreoeutheria
Superorder: Laurasiatheria
Clade: Scrotifera
Clade: Ferungulata
Clade:
မျိုးစဉ်: Artiodactyla
Owen, 1848
မျိုးတူအုပ်စုခွဲများ
Synonyms

ခွာစုံပါသော တိရစ္ဆာန်များ (အင်္ဂလိပ်: Even-Toed Ungulates) ဆိုသည်မှာ ခွာပါသော တိရစ္ဆာန်များထဲတွင် ခန္ဓာကိုယ်အလေးချိန်အား ၎င်းတို့တွင်ပါရှိသော ခြေချောင်းငါးခုမှ (စုံဂဏန်း)နှစ်ခုပေါ်တွင်သာ (အထူးသဖြင့် တတိယနှင့် စတုတ္ထခြေချောင်းနှစ်ခု) မျှခြေဖြစ်အောင်ထမ်းထားသော တိရစ္ဆာန်အားလုံးကို ခြုံငုံခေါ်ဆိုသောအမည်ဖြစ်သည့်အပြင် ဇီဝမျိုးရိုးခွဲခြားမှုအရလည်း မျိုးစဉ်အဆင့် သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ၎င်းတိရစ္ဆာန်များအုပ်စု၏ သိပ္ပံအမည်ဖြစ်သော "အာတီယိုဒက်တိုင်လာ (Artiodactyla)" ဆိုသည့် စကားလုံးသည် ရှေးဟောင်းဂရိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ (အာတီယိုဒက်တိုင်လာ /ˌɑːrtiˈdæktɪlə/ရှေးဂရိ: ἄρτιος, ရောမအက္ခရာ: အာတီယို, lit. 'စုံ(ဂဏန်း)'၊ ရှေးဂရိ: δάκτυλος, ရောမအက္ခရာ: ဒက်တိုင်လာ, lit. 'လက်ချောင်း၊ ခြေချောင်း') ဟူ၍ မြန်မာလိုအဓိပ္ပာယ်ရလေသည်။ ဤအုပ်စုဝင် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်အလေးချိန်ထမ်းထားခြင်း မရှိသော ကျန်ခြေချောင်းသုံးချောင်းမှာ အချို့၌လည်း ပါရှိကြပြီး၊ အချို့၌ ပါဝင်ကြခြင်းမရှိပေ၊ အချို့မှာမူ ပါသည်ဟု ပြောနိုင်ရုံသက်သက်မျှသာ ပါရှိပြီး အချို့တွင် ပါရှိသည့် ခြေချောင်း/ လက်ချောင်းများမှာ အနောက်သို့ ဦးလှည့်နေကြလေ၏။ အပြန်အလှန်အားဖြင့် ၎င်းအုပ်စုနှင့် မျိုးစဉ်အဆင့်ပြိုင် ဖြစ်သော ခွာမစုံသော တိရစ္ဆာန်များ(မ-ဂဏန်း) တွင်မူ ခြေချောင်းငါးခုတွင် မ-ဂဏန်း အရေအတွက်ပေါ်၌သာ ခန္ဓာကိုယ်အလေးချိန်ကို ထမ်းထားကြလေသည်။ ထို မျိုးစဉ်အဆင့်တူအုပ်စုနှစ်ခု၏ မတူညီသည့် နောက်ထပ်အချက်တစ်ခုမှာ (ချွင်းချက် - ဝက်မျိုးနွယ်မပါ) ခွာစုံပါသော တိရစ္ဆာန်များသည် အပင် ဆဲလျူလို့အား ချေဖျက်ရာတွင် ၎င်းတို့၌ပါရှိသော တစ်ခု (သို့) တစ်ခုထက်မကသော အစာအိမ်ဖြင့် ချေဖျက်ကြခြင်းဖြစ်ပြီး ခွာမစုံသော တိရစ္ဆာန်များမှာမူ အူလမ်းကြောင်းအတွင်း၌ ချေဖျက်ခြင်းပင်ဖြစ်၏။ ထိုအစာချေခြင်းဆိုင်ရာဖြစ်စဉ်အား စားမြုံ့ပြန်ခြင်းဟု ခေါ်လေသည်။

ရေနေ-နို့တိုက်သတ္တဝါ ခွာစုံပါ တိရစ္ဆာန်များ

ရေနေ-နို့တိုက်သတ္တဝါများဖြစ်ကြသော ဝေလငါးလင်းပိုင်နှင့် ရေဝက်နွယ်ဝင် စသည့် တိရစ္ဆာန်များသည်လည်း ခွာစုံပါ တိရစ္ဆာန်များမှ ဆင့်ကဲပြောင်းလဲသွားခြင်းဖြစ်၏။ ထို့ကြောင့် ခေတ်သစ် ဇီဝမျိုးခွဲပညာရှင်များသည် ၎င်းအုပ်စုနှစ်ခုအားပေါင်း၍ “ဆတ္တာတီယိုဒက်တိုင်လာ (Cetartiodactyla , /sɪˌtɑːrtiˈdæktɪlə/)” ဟူသော အမည်ဖြင့်လည်း ခေါ်ဝေါ်လေ့ရှိကြလေသည်။

လူသိများသော မျိုးစိတ်များ

ယေဘူယျအားဖြင့် ကုန်းပေါ်နေထိုင်ပေါ်မူတည်၍ ခွာစုံပါ တိရစ္ဆာန် မျိုးစိတ်ပေါင်း ၂၇၀ ခန့်ရှိလေသည်။ ၎င်းတို့ထဲမှ လူသိများသော အုပ်စုဝင်တိရစ္ဆာန်အချို့မှာ ဝက်များရေမြင်းများအန်တဲလုပ်များသမင်များသစ်ကုလားအုတ်များကုလားအုတ်များလာမာကုလားအုတ်များအယ်လ်ပါကာကုလားအုတ်များသိုးများဆိတ်များနှင့် နွားများ ဖြစ်သည်။

ဤအုပ်စုဝင် တိရစ္ဆာန်အများစုမှာ လူသားများအတွက် အစားအစာအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း လွန်စွာအရေးပါကြလေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ပြည်သူ့ခုခံတော်လှန်စစ်တက္ကသိုလ်ဘုန်းနိုင်အလင်္ကာပြေတီဦးအားဆင်ဖြူရှင်မင်းမိတ္ထီလာမြို့စစ်ရေးပုဂံမြို့ဟောင်း၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်တနင်္သာရီတိုင်းဒေသကြီးကွန်ဖြူးရှပ်ရာသီဥတုပြည်ထဲရေး ဝန်ကြီးဌာနဇာတာတစ်သောင်းကျပ်တန် ငွေစက္ကူမန္တလေးမြို့မစ်ကီးမောက်စ်ချင်းမိုင်မြို့နှစ်ကျိပ်ရှစ်ဆူပြင်သစ်နိုင်ငံဗမာ့လွတ်လပ်ရေးတပ်မတော်ကမ္ဘောဒီးယားနိုင်ငံသံတွဲမြို့ကာမေသုမိစ္ဆာစာရရှင်ပြုခြင်းသင်္ကြန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌစစ်ကိုင်းမြို့မြသန်းတင့်စံကားဝါရာသီဥတုပြောင်းလဲမှုတရားဂုဏ်တော်မြန်မာနိုင်ငံကျီးကန်းအက်တမ်ကနေဒါနိုင်ငံညိုစောမော်စကိုမြို့မိုးဟေကိုသရဏဂုံတည်ခြင်းမြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)ရိုဟင်ဂျာအသုံးလုံးခြင်းလုံးနတ် (ဝိညာဉ်)Rဇာနည်သခွတ်ပင်ဆိုရိုးစကားသိကြားမင်းရွှေစာရံ စေတီတော် (မန္တလေး)စစ်တွေမြို့ရွှေတိဂုံစေတီတော်ဘင်္ဂလားဒေ့ရှ်နိုင်ငံပင်းယ-စစ်ကိုင်းခေတ်ပလေးတိုးပျူကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများမြန်မာစာပေအမေရိကန်ပြည်ထောင်စုဟံသာဝတီလား (တိရစ္ဆာန်)တာမွေမြို့နယ်နန္ဒမာလာဘိဝံသရှမ်းပြည်နယ်မြန်မာ့ဒဏ္ဍာရီလာသတ္တဝါများကိုယ်ဝန်ဖျက်ချခြင်းအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ခွေးကြွက်နို့လိမ်လည်မှုလ (ကမ္ဘာရံဂြိုဟ်)ဆယ်ဇင်းရွာ၊ ဖားကန့်မြို့နယ်🡆 More