ကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု

တရုတ်သမ္မတနိုင်ငံ၌ ကူမင်တန်အစိုးရ (Kuomintang၊ KMT) နှင့် ကွန်မြူနစ်သူပုန်တို့သည် ၁၉၂၇ ခုနှစ်မှစ၍ ပြည်တွင်းစစ်ကို စတင်တိုက်ခိုက်ခဲ့ကြသည်​။ ကူမင်တန်တို့ကို တရုတ်ဖြူ ဟူ၍လည်းခေါ်ဆိုခဲ့ကြသည်။ ၁၉၄၉ တွင် ကူမင်တန်တို့ ပြည်တွင်းစစ်ရှုံးခဲ့သဖြင့် ထိုင်ဝမ်သို့ တိမ်းရှောင်ခဲ့ရသည်။ ၁၉၅၀ တွင် ယူနန်နယ်ရှိ ကူမင်တန်တပ်များသည် ကွန်မြူနစ်တို့၏တိုက်ထုတ်မှူကြောင့် မြန်မာ့နယ်စပ်အထိ ရောက်ရှိလာခဲ့ကြသည်။ ထိုကူမင်တန်တပ်ကို ယူနန်ကွန်မြူနစ်ဆန့်ကျင်‌သော အမျိုးသားကယ်ဆယ်ရေးတပ်မတော် (Yunnan Anti-communist National Salvation Army) ဟူ၍ခေါ်ဆိုပြီး ဗိုလ်ချုပ်လီမီက ဦးဆောင်ခဲ့သည်။ ထိုကူမင်တန်တပ်ကို တစ်ခါတစ်ရံ လမ်းပျောက်နေသောတပ် (lost army) ဟူ၍လည်းခေါ်ဆိုကြသည်။

Founded 24 October 1919; 99 years ago
ကူမင်တန်တို့၏တံဆိပ်
ကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု
ဗိုလ်ချုပ်လီမီ

ကူမင်တန်ကျူးကျော်မှုသည် မြန်မာနိုင်ငံအတွက် ပြဿနာရပ်တစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ ကူမင်တန်တို့အား ထောက်ပံ့ထားမှုကြောင့် မြန်မာ့အချုပ်အခြာအာဏာအတွက် ပြဿာနာကြီးဖြစ်ခဲ့ရသည်သာမက မြန်မာ့ပြည်တွင်းမတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်‌စေခဲ့သည်။ ၁၉၅၃ တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂထံ၌ ကူမင်တန်ကျူးကျော်မှု ပြဿနာရပ်များကိုတင်ပြခဲ့ပြီး တရုတ်သမ္မတနိုင်ငံအား ကူမင်တန်တို့ကို ပြန်ခေါ်ရန်ဖိအားပေးခဲ့သည်။ ၁၉၆၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ–မြန်မာ စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ကြရာ ကူမင်တန်တို့သည် မြန်မာ့နယ်မြေမှ အပြီးတိုင်ထွက်ခွာခဲ့ကြရသည်။

နောက်ခံသမိုင်း

မြန်မာနိုင်ငံသည် ၁၉၄၈ တွင် လွတ်လပ်ရေးရရှိခဲ့‌သော်လည်း ပြည်တွင်းစစ်များပေါ်ပေါက်လာခဲ့သည်။ ထိုပြည်တွင်းစစ်များ၏ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဗြိတိသျှတို့၏အုပ်ချုပ်မှုပုံစံကြောင့်ဖြစ်သည်ဟု သမိုင်းပညာရှင်တို့ကသုံးသပ်ကြသည်။ ၁၉၃၇ မတိုင်ခင်အထိ မြန်မာဒေသကို အိန္ဒိယပြည်၏ ပြည်နယ်အဖြစ်သာထားရှိခဲ့သည်။ သီးခြားကိုလိုနီအဖြစ် ထားရှိပေးခဲ့သောအခါတွင်လည်း တောင်တန်းနှင့်ပြည်မတို့ကို ခွဲခြားအုပ်ချုပ်စေခဲ့သည်။ သို့ဖြစ်ရာဗြိတိသျှတို့ မြန်မာမှမထွက်ခွာမီတွင် လူများစုဗမာနှင့် အခြားတိုင်းရင်းသားပေါင်းစုံတို့တွင် ကောင်းမွန်စွာစည်းလုံးမှုများမရှိခဲ့ပေ။

ဒုတိယအချက်မှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားတို့၏ အခွင့်အရေးများကို အပြည့်အဝပေးထားခြင်းမရှိခဲ့ပေ။ ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်တို့ကိုသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြည်ထောင်စုမှထွက်ခွာခွင့်တို့ကို ပေးအပ်ခဲ့သည်။ ကချင်ပြည်နယ်ချင်းပြည်နယ်နှင့် ကော်သူးလေဒေသတို့သည် ဗဟိုအစိုးရ၏ လက်အောက်၌သာရှိခဲ့သည်။ မွန်နှင့်ရခိုင်တိုင်းရင်းသားတို့အတွက် ပြည်နယ်များကိုဖွဲ့စည်းပေးခြင်းမရှိခဲ့ပေ။

တတိယအချက်မှာ ဗမာတိုင်းရင်းသားများတွင်လည်း နိုင်ငံရေးသဘောထားများ ကွဲလွဲနေခဲ့ကြသည်။ ကွန်မြူနစ်ပါတီတွင်ပင် အလံနီနှင့် အလံဖြူ ဟူ၍ကွဲပြားနေခဲ့သည်။ ပြည်သူ့ရဲဘော် အဖွဲ့တွင်လည်း ရဲဘော်ဖြူ၊ ရဲဘော်ဝါဟူ၍လည်း ကွဲပြားခဲ့သည်။ တိုင်းရင်းသားများ လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်းထားခြင်း၊ ကွန်မြူနစ်များတော်ခိုကြခြင်း စသည်တို့ကြောင့် လွတ်လပ်ရေးရပြီး ၁ နှစ်အတွင်း ပြည်တွင်းစစ်များ စတင်ဖြစ်ပွားခဲ့သည်။ သောင်းကျန်းသူများသည် တသီးတခြားစီ တော်လှန်နေခဲ့ကြသောကြောင့် မြန်မာ့တပ်မတော်သည် ထိုသောင်းကျန်းသူများကို နှိမ်နင်းနိုင်ခဲ့သည်။ ၁၉၅၀ ခန့်တွင် ပြည်တွင်းပဋိပက္ခအရှိန်အဟုန်များ နိမ့်ကျလာခဲ့သောကြောင့် မြန်မာအစိုးရသည် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကို စတင်သည်နှင့်တစ်ပြိုင်နက် တရုတ်မှကူမင်တန်တပ်များသည် မြန်မာ့နယ်စပ်သို့ ရောက်ရှိလာခဲ့ကြသည်။

ကူမင်တန်တို့စတင်တိုက်ခိုက်ခြင်း

၁၉၄၉ ဒီဇင်ဘာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် ယူနန်နယ်အတွင်းသို့ဝင်ရောက်လာခဲ့ရာ ကူမင်တန်တပ်သားတို့သည် မြန်မာ့နယ်စပ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြရသည်။ ထိူကူမင်တန်တပ်များသည် အဓိကအားဖြင့် ဗိုလ်ချူပ်လျူကွန်ချွမ် (Liu Kuo Chwan) ဦးစီးသော တပ်အမှတ် ၈/၂၆ နှင့် ဗိုလ်ချုပ်ကြီးမာချောယု (Mah Chaw Yu) ဦးစီးသော တပ်အမှတ် ၈/၉၃ တို့ဖြစ်ကြရာ ဗိုလ်ချုပ်လီမီမှ ဦးဆောင်ခဲ့သည်။ ၁၉၅၀ တွင် ကျိုင်းတုံနယ် တာချီလိတ်မြို့၌ အင်အားဖြည့်ရန် အ‌ခြေချနေထိုင်ခဲ့ကြသည်။ မတ်လတွင် အင်အား ၁၅၀၀ ရှိခဲ့ရာ ၁၉၅၂ ဧပြီတွင် အင်အား ၄၀၀၀ ရှိခဲ့သည်။ ၁၉၅၂ နှစ်ကုန်တွင် အင်အား ၆၀၀၀ ရှိခဲ့ပြီး နောက်တစ်နှစ်၌ အင်အားနှစ်ဆဖြစ်ခဲ့သည်။

၁၉၅၀ တွင် မြန်မာအစိုးရသည် ကူမင်တန်တို့အား လက်နက်ချရန်သို့မဟုတ် မြန်မာ့နယ်မြေမှထွက်ခွာရန် ရာဇသံပေးခဲ့သည်။ ကူမင်တန်တို့သည် မည်သည့်အချက်ကိုမျှလက်မခံနိုင်ကြောင်းနှင့် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်ခဲ့လျှင်လည်း ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်းတို့ကို ပြန်လည်ဖြေကြားခဲ့သည်။ သို့ဖြစ်ရာမြန်မာ့တပ်မတော်သည် ထိုးစစ်ဆင်ခဲ့ရာ ကျိုင်းတုံနှင့် တာချီလိတ်မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ကူမင်တန်တို့သည် ၁၉၅၀ ဇူလိုင်လတွင် မိုင်းဆတ်မြို့သို့ပြောင်းရွှေ့ခဲ့ရသည်။ မိုင်းဆတ်ဒေသသည် ကူမင်တန်တို့အတွက် နေရာကောင်းကဲ့သို့ဖြစ်ခဲ့သည်။ ဆန်စပါးစိုက်ပျိုးနိုင်ရန် အထွက်ကောင်းသည့် မြေစတုရန်းမိုင် ၆၀ ရှိခဲ့သည်။ တောင်တန်းများပတ်လည်ရှိသောကြောင့် အကာအကွယ်တစ်ခုခဲ့သို့ဖြစ်ခဲ့သည်။ မိုင်းဆတ်မြို့သည် ထိုင်းနယ်စပ်နှင့် မိုင် ၈၀ သာကွာသောကြောင့် ထိုင်းနိုင်ငံမှတစ်ဆင့် လက်နက်အထောက်အပံ့များကို ရယူနိုင်သည်။ မြန်မာတပ်မတော်သည် ကူမင်တန်တို့ကို မိုင်းဆတ်မြို့မှ တိုက်ထုတ်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ကူမင်တန်တို့၏ မြန်မာ့နယ်သို့လာရောက်ရခြင်း၏ အကြောင်းအရင်းမှာ မြန်မာပြည်၌ အင်အားပြန်လည်ဖြည့်စည်း၍ တရုတ်ပြည်မကို ပြန်လည်သိမ်းပိုက်ရန်ဖြစ်သည်။ ၁၉၅၁ တွင် ကူမင်တန်တပ်သား ၂၀,၀၀၀ ခန့်မျှ ယူနန်နယ်အတွင်းသို့ စတင်ကျူးကျော်ခဲ့သည်။ ကင်မာ (Kengma) ဒေသကိုသိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်ကွန်မြူနစ်တို့၏တိုက်ထုတ်မှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရသည်။ ၁၉၅၁ ဇူလိုင်လနှင့် ၁၉၅၂ ဩဂုတ်လတွင် ယူနန်နယ်သို့ နောက်ထပ်ကျူးကျော်စစ် ဆင်နွှဲခဲ့သော်လည်းစစ်ရှုံးခဲ့ကြသည်။ သို့ဖြစ်ရာ ကူမင်တန်တို့သည် မြန်မာ့နယ်စပ်၌သာ နေထိုင်ခဲ့ကြ၍ တရုတ်ကွန်မြူနစ်တို့မှ အရှေ့တောင်အာရှအတွင်းသို့ ကျူးကျော်နိုင်မည့်အကြောင်းကို စောင့်ကြည့်ခဲ့ကြသည်။

စီအိုင်အေ၏ထောက်ပံ့မှု

ကူမင်တန်တို့၏အင်အား တောင့်တင်းနေရခြင်းအကြောင်းမှာ အမေရိကန်၊ ထိုင်းနှင့် ထိုင်ဝမ်တို့မှ စစ်လက်နက်ထောက်ပံ့နေခဲ့သောကြောင့်ဖြစ်သည်။ အမေရိကန်၏စီအိုင်အေအဖွဲ့သည် ထိုင်းနိုင်ငံမှတစ်ဆင့် စစ်လက်နက်များကို လျှို့ဝှက်ပို့ဆောင်ခဲ့သည်။ အမေရိကန်သမ္မတ ဟယ်ရီ ထရူးမန်း နှင့် ထိုင်းဝန်ကြီးချုပ် ပီဘူ ဆွန်ကရမ်တို့၏ သဘောတူညီမှုဖြင့် စီအိုင်အေသည် မိုင်းဆတ်မြို့သို့ လေကြောင်းပို့ဆောင်မှုများ ပြုလုပ်ပေးခဲ့သည်။ ၁၉၅၁ အစောပိုင်းတွင် စီ-၄၆ နှင့် စီ-၄၇ လေယာဉ်ပျံများသည် တစ်ပတ်လျှင်ငါးကြိမ် ပစ္စည်းများပို့ချခဲ့သည်။ ၁၉၅၁ နှောင်းပိုင်းတွင် ကူမင်တန်တို့သည် ဒုတိယကမ္ဘာစစ်ကာလ လေယာဉ်ကွင်းဟောင်းကို ပြန်လည်ပြင်ဆင်ခဲ့ကြရာ ထိုင်ဝမ်မှတစ်ဆင့် အမေရိကန်လက်နက်များကို ရယူနိုင်ခဲ့သည်။

ဘိန်းလုပ်ငန်း

ကူမင်တန်တို့သည် တရုတ်နယ်သို့ပြန်လည် မဝင်ရောက်နိုင်တော့သဖြင့် ၁၉၅၂ ဩဂုတ်လတွင် မြန်မာ့နယ်အတွင်း၌ စခန်းချရန် အစီအစဉ်ပြောင်းလဲခဲ့သည်။ ၁၉၅၂ နှောင်းပိုင်းတွင် ကူမင်တန်တို့သည် တရုတ်-မြန်မာနယ်စပ်မှ ရှမ်းပြည်တစ်ဝှမ်းနှင့် ကချင်ပြည်နယ်အထိ ပျံ့နှံ့ခဲ့သည်။ ကူမင်တန်တို့သည် ရှမ်းပြည်နယ်ရှိ သံလွင်မြစ်အရှေ့ဘက်ဒေသကို အုပ်ချုပ်နိုင်ခဲ့သည်။

ကူမင်တန်တို့အုပ်ချုပ်ခဲ့ရာဒေသသည် မြန်မာနိုင်ငံ၏ဘိန်းထုတ်လုပ်မှုအတွက် အဓိကနေရာဖြစ်ခဲ့သည်။ ၁၉၅၀ တွင် ယူနန်နယ်တွင် ဘိန်းပင်စိုက်ခြင်းကို ပိတ်ပင်ထားသည့်အတွက် ကူမင်တန်တို့သည် ဘိန်းရောင်းဝယ်ရေးကို လွှမ်းမိုးနိုင်ခဲ့သည်။ အဓိကဘိန်းသုံးစွဲသူများမှာ ယူနန်နယ်စပ်နှင့်ရှမ်းပြည်ရှိတရုတ်များနှင့် အရှေ့တောင်အာရှတစ်ဝှမ်း တို့ဖြစ်ခဲ့ကြသည်။ ကူမင်တန်တို့သည်ပြည်သူများကို အတင်းအဓ္ဓမစေခိုင်းခဲ့သည်။ ဘိန်းပင်စိုက်သူများကို ကြီးလေးသောအခွန်များကို ဆောင်စေခဲ့သည်။ အခွန်အတုတ်ကြီးလေးမှုကြောင့် ဘိန်းပင်များကို အမြောက်အမြားစိုက်ပျိုးခဲ့ကြရသည်။ လွတ်လပ်ရေးရစဉ်က နှစ်စဉ်ဘိန်းထုတ်လုပ်မှုမှာ တန် ၃၀ ဖြစ်ခဲ့၍ ၁၉၅၀ ဆယ်စုနှစ်အလယ်တွင် တန် ၆၀၀ အထိမြင့်တက်လာခဲ့သည်။

ကူမင်တန်တပ်သားများသည် ဘိန်းလုပ်ငန်းလုပ်ဆောင်ခဲ့ရာ၌ "ရွှေတြိဂံ" အမည်ဖြင့် ဆောင်ရွက်ခဲ့သည်။ ကူမင်တန်တို့ထုတ်လုပ်သော ဘိန်းအများစုသည် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့သည်။ မိုင်းဆတ်မြို့သို့အဝင်ခရီးတွင် ထိုင်းနိုင်ငံမှ စစ်လက်နက်များကို ပို့ဆောင်ခဲ့၍ ချင်းမိုင်မြို့သို့ အထွက်ခရီးတွင်ဘိန်းများကို ပြန်လည်ပို့ဆောင်ခဲ့သည်။

မြန်မာနိုင်ငံအခက်တွေ့ရခြင်း

မြန်မာနိုင်ငံသို့ကူမင်တန်များ ဝင်ရောက်လာခြင်းကြောင့် မြန်မာနိုင်ငံ၏လုံခြုံရေးအတွက် ပြဿနာဖြစ်ပေါ်စေခဲ့သည်။ ကူမင်တန်တို့တည်ရှိမှုကြောင့် မြန်မာ့ပြည်တွင်းပဋိပက္ခများ၏ အရှိန်အဟုန်များမှာ ပြန်လည်ပြင်းထန်လာခဲ့သည်။ ၁၉၅၁ နှောင်းပိုင်းတွင် ကူမင်တန်တို့သည် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (ကေအင်ဒီအို) တို့နှင့် မဟာမိတ်ပြုခဲ့ကြသည်။ ကူမင်တန်နှင့်ကေအင်ဒီအိုတို့သည် မြန်မာနိုင်ငံ၏ဖက်မလိုက်ခြင်းကို မနှစ်သက်ကြဘဲ အနောက်တိုင်းမှအကူအညီများကို လိုလားခဲ့ကြသည်။ ကူမင်တန်တို့တွင် ခေတ်မီလက်နက်များရှိခဲ့၍ ကေအင်ဒီအိုသည် ပြည်တွင်းပထဝီဝင်၌သိကျွမ်းခဲ့ရာ နှစ်ဦးနှစ်ဖက်အဆင်ပြေခဲ့ကြသည်။ ထို့အပြင်ကေအင်ဒီအိုမှတစ်ဆင့် အမေရိကန်လက်နက်များကို ကွန်မြူနစ်သောင်းကျန်းသူများကရရှိခဲ့ကြရာ ပြည်တွင်းမငြိမ်သက်မှုများကို ပိုမိုဖြစ်ပေါ်စေခဲ့သည်။

ကူမင်တန်တို့တည်ရှိမှုကြောင့် မြန်မာ့နိုင်ငံခြားရေးမူဝါဒသည်လည်း အဆင်မပြေဖြစ်ခဲ့ရသည်။ မြန်မာ့ပြည်တွင်း၌ စစ်အေးတိုက်ပွဲတွင် တစ်ဖက်ဖက်ကိုထောက်ပံ့ရန် ကွဲပြားနေခဲ့သောကြောင့် ဖက်မလိုက်ဘဲကြားနေအဖြစ်သာ ရပ်တည်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည်အနောက်ဘက်၌ ကြားနေအိန္ဒိယနိုင်ငံ၊ မြောက်ဘက်၌ ကွန်မြူနစ်တရုတ်ပြည်၊ အရှေ့ဘက်၌ စစ်ဒဏ်ခံရသောလာအိုနိုင်ငံနှင့် အမေရိကန်ကိုထောက်ခံသော ထိုင်းနိုင်ငံတို့တည်ရှိခဲ့ကြသည်။ သို့ဖြစ်ရာအိမ်နီးချင်းနိုင်ငံများနှင့် ကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်ရန်အတွက် ဖက်မလိုက်မှုကိုလက်ကိုင်ထားရသည်။

ကွန်မြူနစ်တရုတ်တို့သည် မြန်မာ့နယ်မြေ၌ကူမင်တန်တို့ရှိနေသောကြောင့် ထိုသို့အကြောင်းပြု၍ မြန်မာနိုင်ငံအားကျူးကျော်နိုင်သည်ကို မြန်မာအစိုးရကစိုးရိမ်ခဲ့သည်။ ထို့အပြင်ကွန်မြူနစ်တရုတ်တို့သည် ထိုမှတစ်ဖန် မြန်မာနိုင်ငံကိုအနောက်တိုင်းမှ ကူမင်တန်တို့အား တရုတ်ပြည်ကိုပြန်လည်သိမ်းပိုက်ရန် အင်အားဖြည့်စည်းသည့်ဒေသအဖြစ် အသုံးပြုမည်ကိုစိုးရိမ်ခဲ့ကြသည်။ တရုတ်ကွန်မြူနစ်တို့သည် မြန်မာရှိကွန်မြူနစ်တို့အား လက်နက်ထောက်ပံ့မှုများလည်း ပြုလုပ်ခဲ့ကြသည်။ ယူနန်နယ်တွင်လည်း စစ်သားနှစ်သိန်းခန့်ချခဲ့၍ မြန်မာသို့ဆက်သွယ်သည့်လမ်းဟောင်းများကို ပြန်လည်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ကူမင်တန်ကိစ္စတွင်နှစ်နိုင်ငံလုံးမှ သတိရှိစွာပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ကူမင်တန်တို့ဆုတ်ခွာခြင်း

ကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု 
ကူမင်တန်တပ်သားများကို ရှာဖွေနေသောမြန်မာတပ်သားများ (၁၉၅၄ ခန့်)

ကူမင်တန်တို့ကို မတိုက်ထုတ်နိုင်တော့သဖြင့် မြန်မာနိုင်ငံသည် ၁၉၅၃ တွင် ကုလသမဂ္ဂထံ ကူမင်တန်ကျူးကျော်မှုပြဿနာကို အထောက်အထားများဖြင့် တင်ပြခဲ့သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂသည် မြန်မာထိုင်းအမေရိကန်နှင့် ထိုင်ဝမ်နိုင်ငံတို့ပါဝင်သည့် စစ်ရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ရာ မေလ ၂၂ ရက်နေ့တွင် ဘန်ကောက်မြို့၌ ကူမင်တန်တို့တပ်ဆုတ်မည့်အရေးကို ညှိနှိုင်းဆွေးနွှေးခဲ့ကြသည်။

သုံးလကြာမျှဆွေးနွှေးမှုများအပြီးတွင် ကူမင်တန်တို့သည်မြန်မာနိုင်ငံမှ တပ်ဆုတ်ပေးရန်သဘောတူခဲ့ကြသည်။ ၁၉၅၃ နိုဝင်ဘာလ ၇ ရက်နေ့မှ ဒီဇင်လာလအထိ ပထမအကြိမ်၊ ၁၉၅၄ ဖေဖော်ဝါရီ ၁၄ မှ ၂၈ ရက်အထိ ဒုတိယအကြိမ်၊ မေလ ၁ ရက်မှ ၇ ရက်အထိ တတိယအကြိမ်ဟူ၍ သုံးကြိမ်‌တိုင်တပ်ဆုတ်ပေးခဲ့သည်။ ကူမင်တန်တို့သည် ထိုင်းနိုင်ငံချန်ရိုင်မြို့မှ ထိုင်ဝမ်သို့ပြန်သွားခဲ့ကြသည်။ ကူမင်တန်တပ်သားတို့သည် မြန်မာနိုင်ငံ၌ဆက်လက်နေထိုင်လိုကြသဖြင့် အချို့သောဒေသများတွင် တရုတ်ဖြူတို့သည် ရှမ်းသို့မဟုတ် လာဟုတိုင်းရင်းသားများနှင့် ဆင်တူကြောင်းနှင့် ကိုင်ဆိုင်ခဲ့ကြသောလက်နက်များမှာ အဟောင်းအနွမ်းများသာဖြစ်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ၁၉၅၄ မေ ၃၀ တွင် ဗိုလ်ချုပ်လီမီသည် မိမိတို့၏တပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော်မြန်မာ့နယ်တွင်း၌ ကူမင်တန် ၆၀၀၀ မျှကျန်ရှိနေခဲ့၍ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၉၆၀ တွင်မြန်မာတပ်မတော်သည် တရုတ်ကွန်မြူနစ်တို့နှင့် ပူပေါင်းခဲ့၍ ကျန်ရှိနေသောကူမင်တန်တို့ကို တိုက်ထုတ်ခဲ့သည်။ ၁၉၆၁ ဖေဖော်ဝါရီ ၁၅ တွင် ကူမင်တန်တို့အား အမေရိကန်လက်နက်များထောက်ပံ့နေသည့် လေယာဉ်ပျံတစ်စင်းကို ဖမ်းဆီးမိခဲ့သည်။ ထိုဖြစ်ရပ်သည် မြန်မာအစိုးရအနေဖြင့် အမေရိကန်တို့မှကူမင်တန်တို့ကို ထောက်ပံ့‌သည်ဟူ၍ အမေရိကန်တို့ကို ဖိအားပေးနိုင်ခဲ့သော သက်သေအထောက်အထားဖြစ်ခဲ့သည်။ သို့ဖြစ်ရာအမေရိကန်နိုင်ငံသည် ထိုင်ဝမ်နိုင်ငံအား ကူမင်တန်တပ်များကို ပြန်ခေါ်ရန် ဖိအားပေးခဲ့ရသည်။ ထိုင်ဝမ်အစိုးရသည် ကူမင်တန်တပ်သား ၄၄၀၀ တို့ကို ပြန်ခေါ်ခဲ့သည်။ ကျန်ရှိနေသောကူမင်တန်တို့မှာ ထိုင်းနိုင်ငံသို့မဟုတ် လာအိုနိုင်ငံသို့သွားခဲ့ကြပြီး အချို့မှာမူမြန်မာနိုင်ငံ၌သာနေထိုင်ခဲ့ကြသည်။

နောက်ဆက်တွဲ

ကူမင်တန်ကျူးကျော်မှုသည်မြန်မာနိုင်ငံကို ကြီးမားသောပြောင်းလဲမှုများ ဖြစ်စေခဲ့သည်ဟု သမိုင်းပညာရှင်တို့ကသုံးသပ်ခဲ့ကြသည်။ ကူမင်တန်တို့ကိုတိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်သည် အင်အားပိုမိုကောင်းမွန်လာခဲ့သည်။ အစပိုင်းတွင်ရှမ်းပြည်နယ်သည် ပင်လုံညီလာခံအရ ကိုယ်ကိုင်အုပ်ချုပ်ရေးကို ရရှိထားသောကြောင့် အစိုးရအားကျေနပ်ခဲ့ကြသည်။ သို့သော်ကူမင်တန်တို့ကိုဖိနှိပ်ရန် ရှမ်းပြည်နယ်တစ်ဝှမ်း၌ မြန်မာစစ်သားများရောက်ရှိလာခဲ့သောကြောင့် ရှမ်းတို့သည် မကျေမနပ်ဖြစ်လာခဲ့ကြရာ ၁၉၅၈ တွင် ဖက်ဒရယ်မူကိုတောင်းဆိုလာခဲ့ကြသည်။ မြန်မာ့တပ်မတော်သည် ဖက်ဒရယ်မူကို မနှစ်သက်သဖြင့် အိမ်စောင့်အစိုးရမှတစ်ဆင့် ရှမ်းစော်ဘွားများကို ငွေကြေးပေး၍ အာဏာစွန့်စေရာ ပြည်မနှင့်တူစေရန် ပြုလုပ်ခဲ့သည်။ ၁၉၆၂ တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် တိုင်းပြည်ကိုပြည်ထောင်စုစနစ်ဖြစ်စေရန် နိုင်ငံတော်မတည်ငြိမ်မှုကို အကြောင်းပြ၍ အာဏာသိမ်းပိုက်ခဲ့သည်။

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

ကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု နောက်ခံသမိုင်းကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု ကူမင်တန်တို့စတင်တိုက်ခိုက်ခြင်းကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု စီအိုင်အေ၏ထောက်ပံ့မှုကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု ဘိန်းလုပ်ငန်းကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု မြန်မာနိုင်ငံအခက်တွေ့ရခြင်းကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု ကူမင်တန်တို့ဆုတ်ခွာခြင်းကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု နောက်ဆက်တွဲကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု ကိုးကားကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု ပြင်ပလင့်ခ်များကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှုကူမင်တန်ပါတီတရုတ် ပြည်တွင်းစစ်ပွဲတရုတ်ကွန်မြူနစ်ပါတီတရုတ်သမ္မတနိုင်ငံ (၁၉၁၂–၁၉၄၉)ထိုင်ဝမ်ယူနန်ပြည်နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ စံတော်ချိန်သိက္ခာချဝိနည်းအင်းဝခေတ်မြန်မာနိုင်ငံ၏ ရွာများကြောင် (တိရစ္ဆာန်)မြန်မာနိုင်ငံ၏ အလံများ စာရင်းအာယု (စီးပွားရေးလုပ်ငန်းရှင်)အမရာ၃၁-ဘုံအာရုံခြောက်ပါးရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်ရေနံဂျူးဘာသာသီဟိုဠ်သရက်ပင်ပါပီယွန်မေတ္တေယျဘုရားမြန်မာလများလာအိုနိုင်ငံကားလိုး ကော်လိုဒီဂူဂယ်တရုတ် - မြန်မာ စစ်ပွဲများဆူးလေစေတီတော်အာဇာနည်နေ့ကားလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များအာဠာဝကဘီလူးရန်ကုန်မြို့အစ္စလာမ်ဘာသာမြန်မာနိုင်ငံရှိ ပွဲတော်များအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုးကန့်လူမျိုးအောင်ခြင်း ၈ ပါးအင်းတော်ကြီးကန်ရာသီဥတုပြောင်းလဲမှုမဂ္ဂင် ၈ ပါးမြန်မာသရုပ်ဆောင်များစာရင်းမြစေတီကျောက်စာကိုလိုနီခေတ်မက်အာသာ၊ ဒေါက်ဂလပ်ဗုဒ္ဓဘာသာရန်ကုန်ပြည်သူ့ဆေးရုံကြီးအာဖရိကဒိုးလုံးလိင်တူစုံမက်ခြင်းဘာဂျာမှုတ်ခြင်းသစ္စာလေးပါးရှမ်းလူမျိုးနီပေါနိုင်ငံအလောင်းတော် ကဿပ၂၄ ပစ္စည်းအလင်္ကာဘရူနိုင်းနိုင်ငံတစ်ကိုယ်ရည်အာသာဖြေခြင်းရန်ကုန်တက္ကသိုလ်တောင်ငူမြို့အမျိုးသားနေ့အင်တာနက်ဖားနို့ခန္ဓာငါးပါးလင်းပိုင်အော်ကာရန်ကြီးအောင် ဂုံးကျော်တံတားနိဝရဏတရားငါးပါးထိုင်းလူမျိုးကျော်သူကျောက်စိမ်းနတ်မောက်မြို့မြန်မာတိုင်းရင်းသားမျိုးနွယ်များအမျိုးသမီးသုံး ကွန်ဒုံးမြင်းအရေပြားလေးဘက်နာရောဂါသိန်းစိန် (နိုင်ငံတော်သမ္မတ)ပီမိုးနင်းတောက်တဲ့🡆 More