စစ်အေးတိုက်ပွဲ

စစ်အေးတိုက်ပွဲ ဆိုသည်မှာ ၁၉၄၀ ခုနှစ်များ၏ အလယ်ပိုင်းမှ စတင်၍ ၁၉၉၀ ခုနှစ်များအထိ အမေရိကန်ပြည်ထောင်စု နှင့် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံကြီး ၂ နိုင်ငံနှင့် သူတို့နှင့် အသီးသီး ပတ်သက်နေကြသော မဟာမိတ်နိုင်ငံများကြားတွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခ၊ တင်းမာမှုနှင့် ယှဉ်ပြိုင်မှုတို့ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အခြေအနေကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုအချိန်ကာလများတွင် ထိုမဟာအင်အားကြီးနိုင်ငံ ၂ နိုင်ငံတို့ကြားတွင်ရှိသော ယှဉ်ပြိုင်မှုများကို စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ဝါဒဖြန့်ချိမှု၊ သူလျှိုထောက်လှမ်းမှု၊ လက်နက် အသစ်အဆန်း ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်ငန်း တိုးမြှင့်မှု၊ အာကာသပြိုင်ပွဲကဲ့သို့ အာကာသနည်းပညာယှဉ်ပြိုင်မှု အပါအဝင် အပြိုင်အဆိုင်ဖြစ်သော နည်းပညာတိုးတက်မှုများဖြင့် ပြသခဲ့သည်။ မဟာအင်အားကြီး နိုင်ငံနှစ်နိုင်ငံလုံးကပင် အကုန်အကျအလွန်များသော ကာကွယ်ရေး အသုံးစရိတ်များကို သုံးစွဲခဲ့ပြီး သမားရိုးကျနှင့် နျူးကလီးယား လက်နက်များ ယှဉ်ပြိုင်ထုတ်လုပ်မှုများ အပါအဝင် အခြားနိုင်ငံများ၏ နောက်ကွယ်မှတဆင့် တိုက်ခိုက်ခြင်းများလည်း ပါဝင်သည်။

စစ်အေးတိုက်ပွဲ
အမေရိကန်ပြည်ထောင်စု နှင့် ဆိုဗီယက်ယူနီယံတို့သည် စစ်အေးတိုက်ပွဲအတွင်းတွင် မိမိတို့ ဩဇာလွှမ်းမိုးသော အုပ်စု အသီးသီးကို ဦးဆောင်သော မဟာအင်အားကြီး နိုင်ငံ ၂ခု ဖြစ်ခဲ့ကြသည်။ ပုံမှာ တစ်ဖက်စီမှ ခေါင်းဆောင်တစ်ဦးစီ ဖြစ်ကြသော ရော်နယ် ရေဂင်နှင့် မစ်ဟေး ဂေါ်ဗာချော့ဗ် တို့ ၁၉၈၅က တွေ့ဆုံခဲ့သော ပုံ ဖြစ်သည်။
စစ်အေးတိုက်ပွဲ
စစ်အေးတိုက်ပွဲ၏ အကျဉ်းချုပ်

ဆိုဗီယက်ယူနီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံး ၄ နှစ်အတွင်း ဝင်ရိုးတန်း အင်အားကြီးနိုင်ငံများ ကို ဆန့်ကျင်သော မဟာမိတ်များအဖြစ် ရှိခဲ့ကြသော်လည်း ထိုပဋိပက္ခများ မပြီးဆုံးမီ အချိန်နှင့် ပြီးဆုံးပြီးအချိန်တို့တွင် ထိုနိုင်ငံများကြားတွင် သဘောမတူညီမှု အမြောက်အမြားရှိခဲ့ပြီး စစ်အပြီးတွင် တည်ရှိမည့် ကမ္ဘာကြီး၏ ပုံသဏ္ဌန်နှင့်ပတ်သက်သော သဘောမတူညီမှုမှာ အဆိုးရွားဆုံး ဖြစ်သည်။ စစ်ပြီးဆုံး သွားသောအခါတွင် ဥရောပ၏ အစိတ်အပိုင်း အတော်များများကို ထို ၄နိုင်ငံမှ ဩဇာလွှမ်းမိုးခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံတို့တွင် အင်အား အကောင်းဆုံးသော စစ်အင်အား ရှိခဲ့ကြသည်။ ၁၉၉၀ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းဖြင့် စစ်​အေးတိုက်ပွဲ ပြီးဆုံးသည်။

ကိုးကား

Tags:

ဆိုဗီယက်ယူနီယံအမေရိကန်ပြည်ထောင်စုအာကာသပြိုင်ပွဲ

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေမောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)လီဆူလူမျိုးမြန်မာ့ အစားအစာဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းမိုးပစ်တိုင်းထောင်စစ်ပွဲကျောက်မီးသွေးသွားပိုးစားရောဂါသမထပြိတ္တာသားချော့တေးအဆိပ်ကျောက်တံခါးမြို့နယ်ချဉ်ပေါင်မီးသတ်ခြင်းကုန်းဘောင်မင်းဆက်ပဲခူးမြတေလာ ဆွစ်ဖ်အောင်ဆန်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်လောကနီတိသာလွန်မင်းဆယ်ပါးသီလမုံရွာမြို့ရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်သိဒ္ဓတ္ထမင်းသားကင်းထောက်ခြင်းကာကွယ်ရေးဦးစီးချုပ်(လေ)မာလာရှမ်းကောနီပေါနိုင်ငံပဋိစ္စသမုပ္ပါဒ်မြင်းကျဒိုးရွာ၊ ရွာငံမြို့နယ်အင်းဝမြို့နိဗ္ဗာန်အနောက်တောင်တိုင်းစစ်ဌာနချုပ်ဘီယာကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အောက်ချင်းငှက်ကျွန်းနက်အင်္ဂလိပ်ဘာသာစကားဟင်္သာတထွန်းရင်အလင်္ကာဟန်လင်းမြို့ဟောင်းအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုမြန်မာနိုင်ငံ၏ စီးပွားရေးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနစစ်ကိုင်းမင်းဆက်ရာသီဥတုပြောင်းလဲမှုမြန်မာနိုင်ငံဘာသာတရားကမ္ဘာဂြိုဟ်ဗီယက်နမ်စစ်ပွဲအင်းလေးကန်ဥပဒေပစ္စည်း ၄ ပါးမြန်မာနိုင်ငံမှဒင်္ဂါးများသမိုင်းကျေးရွာအုပ်စုဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာအမျိုးသမီးများ၏ အခွင့်အရေးရိဒ်ရေကန်အောင်ခြင်း ၈ ပါးအသည်းရောင် အသားဝါ ရောဂါ ဘီပိုးစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)အီဂျစ်နိုင်ငံတပ်မတော်ဘုရားလား (တိရစ္ဆာန်)အပင်သဒ္ဓါစကားကြီး ဆယ်မျိုးမြန်မာ-အင်္ဂလိပ် အဘိဓာန်သီလသာရိပုတ္တရာထေရ်ရခိုင်လူမျိုးမြန်မာ့သနပ်ခါး🡆 More