၁၂ ပါး အေမာမ်ကို လက်ခံသော ရှီအာ သို့မဟုတ် အပ္စနာအရှ်ရီ ဆိုသည်မှာ အစ္စလာမ်သာသနာတွင် မဇ်ဟဘ်ဘေရှီအာ ၏ အမည်ဖြစ်ပြီး အစ္စလာမ့် တမန်တော်မြတ်ကြီး (ဆွ) ပြီးနောက် ဆက်ခံသည့် ၁၂ ပါး အေမာမ်အား လက်ခံယုံကြည်သူများ ဖြစ်ကြသည်။ ဤသာသနာကို ရှီအာယေဂျာ့အ်ဖှရီ (သို့) အေမာမီယာ (အင်္ဂလိပ်: Imamiyyah; အာရပ်: إمامية) ဟုလည်း ခေါ်ဝေါ်သည်။ ရှီအာအပ္စနာအရှရီ သည် ၂၁ ရာစုနှစ်အစပိုင်းတွင် အကြီးမားဆုံး ရှီအာမဇ်ဟဘ် ဖြစ်သည်။'
အေမာမီယာ သည် ဤမဇ်ဟဘ်တွင် ကလာမ်မီး အသုံးအနှုန်း၌ ကျော်ကြားသော အမည်နာမ တစ်ခု ဖြစ်သည်။ အာရပ်: إمامية ဟူသည့် ဝေါဟာရမှဖြစ်ပြီး အဘိဓာန်တွင် နာခံရမည့် ဥသျှောင် ရှေ့ဆောင်ဟု အဓိပ္ပာယ်ရသည်။ ائمه သည် အများကိန်းဖြစ်ပြီး အေမာမ်များဟု အဓိပ္ပာယ်ရသည်။ ی ယာ အက္ခရာသည် امام ဆိုသည့် ဝေါဟာရကို ပတ်သက်မှုပေးသည့် ယာယေနစ္စဘသ် ဖြစ်သည်။ «فرقه» သည် ဝပ္စဖှ်ဖြစ်သည်။ ဖှရ်ကာဟေအေမာမ်မီ ယာ ဟုဆိုခြင်းမှာ (တမန်တော်မြတ် (ဆွ) ရဟ်လသ် ပြီးနောက် ကိုယ်တော်မြတ်ဘက်မှ ခန့်အပ်ခဲ့သော အေမ်များကို) လိုက်နာလက်ခံသောအုပ်စုဟု အဓိပ္ပာယ်ရသည်။
အစ္စသေလာဟ် ခေါ် အသုံးအနှုန်းများတွင်လည်း တမန်တော်မြတ်ကြီး(ဆွ) ပြီးနောက်ခန့်အပ်ခံရသော အေမာမ် အား လက်ခံယုံကြည်သည့် အုပ်စုမှန်သမျှကို အေမာမီ ဟု ခေါ်တွင်သည်။ ထိုအနေအထားတွင် ရှီအာနှင့် အေမာမီယာ ဆိုသည့် ဝေါဟာရသည် အတူတူပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှီအာ ဆိုသည်မှာ ခန့်အပ်ခြင်းခံရသော အလီယိဗ်နေအဘီသွာလဗ်(အစ)ကို လက်ခံယုံကြည်ပြီး ၎င်းအေမာမ်အား တမန်တော်မြတ် (ဆွ) ၏ အခြားသော ဆွဟာဘာများထက် သာလွန်သည်ဟု လက်ခံယုံကြည်ထားကြသူများဖြစ်သည်။
သုတေသနပြုသူအချို့က အရှ်အရီ၊ မလ်သီ နှင့်အခြားသူတို့သည် အေမာမီယာ နှင့်ပတ်သက်ပြီး ဖှီရ်ကာ အများအပြား ရေတွက်သတ်မှတ်ခဲ့ခြင်းမှာ အမန်တကယ်မရှိခဲ့ပါ ဖန်တီးခဲ့သော ဖှီရ်ကာ များသာ ဖြစ်သည်ဟုဆိုကြသည်။ ဥပမာအားဖြင့် (ဇိုရာရီယာ) (ဟာရှင်မီယာ) တို့ဖြစ်ပြီး ရှိခဲ့မည်ဆိုလျှင်လည်း တစ်ဦးကောင်းတစ်ယောက်ကောင်း ကလာမီး ဆိုင်ရာယုံကြည်ချက်များသာ ဖြစ်လိမ့်မည်။ ဖှီရ်ကာများအနေနှင့် မရှိခဲ့ပါ။ အေမာမီယာ နှင့်ပတ်သက်၍ အာမ်- ခြုံငုံပြီး အဓိပ္ပာယ်ကောက်ယူသော်- အေမာမသ် နှင့်ပတ်သက်ပြီး ကွဲပြားမှုသည် နှစ်မျိုးနှစ်စားသာရှိခဲ့သည်။ သို့ပါ၍ ရှီအာမဇ်ဟဘ် အတွင်းသာ ကွဲလွဲခဲ့သည်များမှာ (ဇိုင်ဒီယာ) (အစ္စမာအီလီယာ) (ဝါကေဖှီယာ) တို့သာဖြစ်သည်။ ဖှီရ်ကာအမြောက်အမြား ရေတွက်ရခြင်း၏ နောက်ထပ်အကြောင်းရင်း တစ်ခုမှာ အွမ်မသ်သေအစ္စလာမ် ၌ ၇၃ ဂုဏ်းကွဲမည်ဆိုသည့် ကျော်ကြားသော ဟဒီးစ် ကြောင့်ဖြစ်နိုင်ချေရှိသည်။
အေမာမ်မာ့အ်စူမ် များ၏နောက်လိုက်များသည် တမန်တော်မြတ်ကြီး (ဆွ) ဝဖှာသ် ဖြစ်ပြီးနောက် ဝဆီယေအေလာဟီ ပြီးဆုံးသွားပြီဟု ယုံကြည်ထားခြင်းမရှိပါ။ အလ္လာဟိုအရှင်မြတ်သည် တမန်တော်များကို ရွေးချယ်စေလွှတ်ခဲ့သလို ဝဆီ - ဆက်ခံသူကိုယ်စားလှယ်များကိုလည်း လူသားများအား တရားလမ်းမှန်ပြသရန် ရွေးချယ်စေလွှတ်ခဲ့ခြင်းမှာ ခိုင်လုံသောသက်သေဖြစ်သည်။ ၁၂ ပါး အေမာမီယာရှီအာများသည် ကုရ်အာန်နှင့် တမန်တော်မြတ်(ဆွ) ၏ စွန်နသ်တော် အထောက်အထားများအရ မိုဟမ္မဒ်(ဆွ) ကိုယ်တော်မြတ်၏ အဲဟ်လေဘိုက်သ် အနွယ်တော်မွန်များမှ ၁၂ ပါးသောမာ့အ်စူမ်ဝဆီ များကို ကိုယ်တော်မြတ်ကိုယ်တိုင် ခန့်အပ်ခဲ့သည်ဟု ကေယာမသ် နေ့တိုင် ယုံကြည်ထားကြသူများဖြစ်သည်။ ရှီအာတို့သည် ဂျာဘီရ် ၏ဟဒီးစ်၊ အခြားခိုင်လုံသောဟဒီးစ်များအရ အလ္လာဟိုအရှင်မြတ်ဘက်မှ ၁၂ ပါးအေမာမ်ကို ခန့်အပ်ကြောင်း တမန်တော်မြတ်(ဆွ) သက်ရှိထင်ရှားရှိစဉ်ကာလမှာပင် ကိုယ်တော်မြတ်ကိုယ်တိုင် အမည်နှင့်တကွ ဖော်ပြခဲ့သည်။
ရှီအာ တို့ကား ၁၂ ပါးအေမာမ်သည် အိုဆူလေဒီးန်မှ ဖြစ်သည်ဟု ယုံကြည်ထားသည်။ ၎င်းကို သက်ဝင်ယုံကြည်ခြင်းသည် အီမာန် ကို ပြီးပြည့်စုံစေသည်။ ထိုနည်းတူစွာ နဗူဝသ် သည် အရှင်မြတ်ဘက်မှ ပေးသနားခြင်း ဖြစ်သကဲ့သို့ အေမာမသ် သည်လည်း အရှင်မြတ်၏ ကရုဏာတော်မှ ပေးသနားခြင်းဖြစ်သည်။ သို့မှသာ တမန်တော်မြတ်(ဆွ) မရှိသည့်နောက်ပိုင်း လူသားများအား တရားလမ်းမှန်ညွှန်ကြားပြသနိုင်မည် ဖြစ်၏။ တမန်တော်မြတ် (ဆွ) ကဲ့သို့ သန့်ရှင်းကောင်းမွန် ထိုက်တန်သော ဥသျှောင် ခေါင်းဆောင်များဖြစ်ပြီး ပမာဆိုရသော် လူသားတို့အပေါ် ဦးဆောင်နိုင်စွမ်းရှိခြင်း၊ မျှတသော တရားစီရင်မှုများ၊ အကြမ်းဖက်မှုနှင့် ရက်စက်မှုများကိုလည်း နှိမ်နင်းချေဖျက်နိုင်သူများ ဖြစ်သည်။ သို့ပါ၍ အေမာမသ် သည် နဗူဝသ် ၏အကူအညီအထောက်အပံ့ဖြစ်ပြီး ထိုအချက်မှသက်သေပြဆိုနေသည်ကား နဗူဝသ် သည် မရှိမဖြစ်အရေးကြီးသော် အေမာမသ် သည်လည်း မရှိမဖြစ် အရေးကြီးသော အရာပင်ဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ၁၂ ပါး အေမာမ်ကို လက်ခံသော ရှီအာ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.