အီဖယ်လ် မျှော်စင်

အီဖယ်လ်မျှော်စင် (အင်္ဂလိပ်: Eiffel Tower /ˈaɪfəl ˈtaʊər/ ပြင်သစ်: tour Eiffel ) သည် ပြင်သစ်နိုင်ငံနှင့် ပါရီမြို့တို့၏ အထင်ကရပြယုဂ်တစ်ခုဖြစ်ပေသည်။ ပြင်သစ်နိုင်ငံတွင် ဒုတိယအမြင့်ဆုံးနှင့် ပါရီမြို့၏ အမြင့်ဆုံးသော အီဖယ်လ် မျှော်စင်သည် ပါရီမြို့ရှိ ရှမ့် ဒီ မားစ် အရပ်တွင်တည်ရှိပြီး သံဘောင်များဖြင့် သီးသန့်တည်ဆောက်ထားသည့် လက်ရာဖြစ်သည်။ မျှော်စင်၏ အမည်အား ပုံစံထုတ်လုပ်ပေးသည့် အင်ဂျင်နီယာ ဂတ်စတပ်ဗ် အီဖယ်လ်အား ဂုဏ်ပြုသောအားဖြင့် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

အီဖယ်လ် မျှော်စင်
အီဖယ်လ်မျှော်စင်ကြီးအား အဝေးမှ တွေ့ရပုံ
အီဖယ်လ် မျှော်စင်
အီဖယ်လ်မျှော်စင်

မျှော်စင်သည် ခရီးသွားများနှင့် လေ့လာသူများအတွက် လှည့်ပတ်ကြည့်ရှုရန် အထပ်သုံးထပ်ဖြင့် ဖွဲ့စည်းထားသည်။ ပထမထပ်(မြေညီထပ်) နှင့် ဒုတိယထပ်များအား လှေကားနှင့် ဓာတ်လှေကားများ အသုံးပြု၍ လှည့်ပတ်ကြည့်ရှုနိုင်သော်လည်း အမြင့်ဆုံးဖြစ်သည့် တတိယထပ်ကိုမူ ဓာတ်လှေကားတစ်မျိုးတည်းဖြင့်သာ တက်ရောက်နိုင်သည်။

နောက်ခံသမိုင်း

အီဖယ်လ် မျှော်စင် 
အီဖယ်လ် မျှော်စင်အား ညဘက်တွင် The Palais de Chaillot မှ တွေ့ရစဉ်

ပြင်သစ်တို့သည် နာမည်ကျော် ပြင်သစ်တော်လှန်ရေးကြီး နှစ်၁၀၀ပြည့် အထိမ်းအမှတ်အနေဖြင့် ပါရီမြို့တော်တွင် အထိမ်းအမှတ်အဆောက်အဦး တည်ဆောက်ရန် အကြံရကြသည့်နောက် ၁၈၈၉ ခုနှစ်တွင် ဗိသုကာပြိုင်ပွဲကျင်းပကာ ရွေးချယ်ခံရသည့် မျှော်စင်ပုံအား တည်ဆောက်ခဲ့ကြသည်။ သို့ဖြင့် လုပ်သားပေါင်း ၃၀၀ကျော်တို့သည် အထူးသန့်စင်ထားသည့် သံမဏိသံပေါင် အစိတ်အပိုင်းပေါင်း ၁၈၀၃၈ခု တို့ကို ဆက်စပ်တပ်ဆင်ကြသည်။ ထိုသို့တပ်ဆင်ရာတွင် ရီပစ်ပေါင်း ၂သန်းခွဲကျော် အသုံးပြူခဲ့ကြရသည်။ ထိုခေတ်ကာလများတွင် ဤကဲ့သို့မြင့်မားသည့် မျှော်စင် အဆောက်အဦးတည်ဆောက်ခြင်းသည် အလွန်အန္တရာယ်များလှသော်လည်း တာဝန်ယူကြီးကြပ်သည့် အင်ဂျင်နီယာ၊ ဗိသုကာများ၏ ကျွမ်းကျင်စေ့စပ်မှုတို့ကြောင့် တည်ဆောက်ရေးကာလအတွင်းတွင် လုပ်ငန်းခွင်အတွင်းသေဆုံးမှုအနေဖြင့် လုပ်သားတစ်ဦးသာ အသက်ဆုံးရှုံးခဲ့သည်။ ၃၁ရက်၊ မတ်လ၊ ၁၈၈၉ ခုနှစ်တွင် စတင်ကာ ၆ရက်၊ မေလတွင် ဖွင့်လှစ်နိုင်ခဲ့သည်။


ကိုးကား

Tags:

ပါရီမြို့ပြင်သစ်နိုင်ငံပြင်သစ်ဘာသာစကားဝီကီပီးဒီးယား:IPA for Englishဝီကီပီးဒီးယား:IPA for Frenchအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

သက်ရှိခင်မောင်တိုးရန်ကုန်မြို့ရှိ ဆေးရုံများ စာရင်းမြန်မာအက္ခရာသမိုင်းပုဂံသင်္ကြန်ဖားမေတ္တာဗဟိုစာမျက်နှာကြေးမုံ သတင်းစာXXXတဲန်တာရွှန်ကြာသပတေးဂြိုဟ်ခန္ဓာငါးပါးဗုဒ္ဓဘီလူးတပ်မဟာ၉၉၉လူ့အခွင့်အရေးအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံပန်ထွာဘုရင်မဝ လူမျိုးဝါဆိုလပြည့်နေ့စောမောင် (ဗိုလ်ချုပ်မှူးကြီး)ကုန်းဘောင်ခေတ်ရှမ်းဘာသာစကားရှမ်းပြည် တပ်မတော်မင်္ဂလာတရား ၃၈-ပါးဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နတ်သျှင်နောင်ထိုင်းနိုင်ငံ၏ ပြည်နယ်များကျောက်ချဉ်ခန္ဓာဗေဒပဋ္ဌာန်းတောက်တဲ့မယ်နုအုတ်ကျောင်းတပ်မတော် (လေ)ကြွက်နို့မြန်မာနိုင်ငံ၏ အလံတော်ဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများ (လောပိတ)အောင်လအန်ဆန်းအောင်ဆန်းခွေးမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များမြန်မာအဘိဓာန်မြန်မာဝီကီပီးဒီးယား၃၁-ဘုံဂျန် အောခေါင်းကိုက်ခြင်းဆိုရှယ်လစ်ဝါဒကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)ရှစ်လေးလုံးအရေးအခင်းရွှေစည်းခုံ စေတီတော် (ပုဂံ)တို့ဗမာအစည်းအရုံးမြန်မာနိုင်ငံ၏ စီးပွားရေးဘိုးမင်းခေါင်ကျောက်ကပ်ရောင်ရောဂါမှန်လုံအိမ်ဓာတ်ငွေ့ခွေးရူးပြန်ရောဂါကာကွယ်ဆေးဂရိနိုင်ငံပေါက်မြို့နယ်ပီမိုးနင်းစိန်လက်ဖက်မုဒုံမြို့တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များMinecraftနတ်ပြည် ၆ ထပ်ကမ္ဘာမကြေဘူးမော်လမြိုင်မြို့အဖြူဆင်းခြင်းလွှမ်းမိုးအနောက်မြောက်တိုင်းစစ်ဌာနချုပ်လာအိုဘုရင့်နိုင်ငံအိပ်စက်ခြင်းနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အသုံးလုံး🡆 More