အလန် မတ်သီဆွန် ကျူရင်း (အင်္ဂလိပ်: Alan Mathison Turing၊/ˈtjʊərɪŋ/၊ ၂၃ ရက် ဇွန်လ ၁၉၁၂ ခုနှစ် - ၇ ရက် ဇွန်လ ၁၉၅၄ ခုနှစ်) သည် ဗြိတိန်လူမျိုး ကွန်ပြုတာသိပ္ပံ စွန့်ဦးတီထွင်သူ၊ သင်္ချာပညာရှင်၊ ယုတ္တိဗေဒပညာရှင်၊ ဝှက်စာပညာရှင်နှင့် ဇီဝဗေဒပညာတွင် အသုံးချသင်္ချာပညာရှင် ဖြစ်သည်။ သူသည် ယနေ့ခေတ် ကွန်ပြုတာသိပ္ပံပညာရပ်တွင် များစွာ လွှမ်းမိုးမှုရှိသော ပုဂ္ဂိုလ်ဖြစ်ပြီး သူတီထွင်ခဲ့သော ကျူးရင်းမက်ရှင်း၏ အယ်ဂိုရစ်သမ်နှင့် တွက်ချက်မှု သဘောတရား အနှစ်သာရသည် ယနေ့ခေတ် ကွန်ပြုတာလောကကို များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။ ထိုကျူးရင်းမက်ရှင်းသည် ယနေ့ခေတ်ကွန်ပြုတာများ၏ ကနဦးပုံစံဖြစ်ခဲ့သည်။ ထိုကြောင့် ကျူးရင်းကို အသွင်ယောင် အသိဉာဏ် နှင့် ကွန်ပြုတာသိပ္ပံ၏ ဖခင်အဖြစ် မှတ်ယူနိုင်ပေသည်။
အလန် ကျူးရင်း အင်္ဂလိပ်: Alan Turing | |
---|---|
Turing in 1936 | |
မွေးဖွား | Alan Mathison Turing ၂၃ ဇွန်၊ ၁၉၁၂ မေဒါဗေးလ်၊ လန်ဒန်၊ အင်္ဂလန် |
ဆုံးပါး | ၇ ဇွန်၊ ၁၉၅၄ Wilmslow, Cheshire, England အငြင်းပွါးဖွယ် (ဆိုက်ယာနိုက်အဆိပ်သင့်ခြင်း သို့မဟုတ် သေကြောင်းကြံစည်ခြင်း) | (အသက် ၄၁)
နယ်ပယ် |
|
အဖွဲ့အစည်းဌာန | |
မိခင်ကျောင်း |
|
ဘွဲ့ယူစာတမ်း | Systems of Logic Based on Ordinals (1938) |
ပါရဂူဘွဲ့ ကြီးကြပ်သူ | Alonzo Church |
ပါရဂူဘွဲ့ယူ တပည့်များ |
|
ကျော်ကြားမှုအရင်းခံ |
|
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | Smith's Prize (1936) |
လက်တွဲဖော် | Joan Clarke |
လက်မှတ် |
ဒုတိယကမ္ဘာစစ်အတွင်း ကျူးရင်းသည် ဗြိတိသျှဝှတ်စာဖော်ထုတ်ရေးစင်တာဖြစ်သော ဘလက်ချလေပန်းခြံရှိ အစိုးရဆိုင်ရာ ဝှက်စာနှင့်သင်္ကေတကျောင်း Government Code and Cypher School (GS&CS) တွင် အလုပ်လုပ်ခဲ့ပြီး Hut 8 ကို ဦးဆောင်ခဲ့သည်။ ထိုအဖွဲ့သည် ဂျာမန်ရေတပ်၏ဝှက်စာကို ချိုးဖျက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဂျာမန်ဝှက်စာတို့ကို ချိုးဖျက်ရန်အတွက် သူသည် နည်းပညာတော်တော်များများ စဉ်းစားတီထွင်ခဲ့သည်။ ထိုအထဲတွင် စစ်ကြိုခေတ်က ပိုလန်လူမျိုးတို့၏ Bomba ကို အဆင့်မြှင့်ထားသည့်နည်းလမ်း၊ အဲနစ်ဂမာမက်ရှင်း၏ Setting ကို ရှာနိုင်သော electromechanical machine တို့ပါဝင်သည်။ ကျူးရင်းသည် ကြားဖြတ်နားထောင်ခဲ့သော ဝှက်စာကြေးနန်းတို့ကို ဖော်ထုတ်ရာတွင် အဓိကကျသော နေရာတွင် ပါဝင်ခဲ့သည်။ ထိုကြိုးပမ်းမှုများကြောင့် အတ္တလန်တိတ်တိုက်ပွဲကဲ့သို့သော အရေးပါသည့်တိုက်ပွဲများတွင် မဟာမိတ်တို့အား အရေးသာစေခဲ့ပြီး နာဇီဂျာမန်တို့အား ရှုံးနိမ့်စေခဲ့သည်။
စစ်ပြီးသည်နောက်မှာတော့ သူသည် အမျိုးသားရူပဗေဒဆိုင်ရာစမ်းသပ်ရေးဌာနတွင် အလုပ်လုပ်ခဲ့ပြီး အလိုအလျောက်တွက်ချက်နိုင်သည့်စက်ကို ဒီဇိုင်းဆွဲခဲ့သည်။ ၎င်းသည် ပရိုဂရမ်သိမ်းဆည်းနိုင်သော ကွန်ပြုတာတို့၏ ပထမဆုံးဒီဇိုင်းဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် မန်ချက်စတာတက္ကသိုလ်ရှိ မက်ခ်နယူးမန်း၏ တွက်ချက်မှုဆိုင်ရာစမ်းသပ်ရေးဌာနနှင့်ဆက်သွယ်ခဲ့ပြီး မန်ချက်စတာကွန်ပြူတာများ တီထွင်လေ့လာမှုကို တိုးတက်အောင် ကူညီခဲ့လေသည်။နောက်ပိုင်းတွင် သူသည် သင်္ချာဇီဝဗေဒကို စိတ်ပါဝင်စားလာခဲ့ပြီး Morphogenesis ၏ ဓာတုအခြေခံစာတမ်းငယ်ကို ရေးသားခဲ့သည်။
ကျူးရင်းသည် လိင်တူချင်းကြိုက်နှစ်သက်မှုအက်ဥပဒေအရ ၁၉၅၂ ခုနှစ်တွင် တရားစွဲခြင်းခံခဲ့ရသည်။ ထိုအချိန်က ထိုကဲ့သို့သော အပြုအမူသည် ယူနိုက်တက်ကင်းဒမ်းတွင် ရာဇဝတ်မှု မြောက်ဆဲဖြစ်သည်။ သူသည် ထောင်ဒဏ်အစား ဓာတုနည်းဖြင့် ကုသခြင်းကို ရွေးချယ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကျူးရင်းကွယ်လွန်ခဲ့သည်။ ထိုနေ့သည် ၄၂ နှစ်မြောက်မွေးနေ့မတိုက်မီ ၁၆ ရက်နေ့အလိုဖြစ်ပြီး ဆိုင်ယမ်နိုက်အဆိပ်သင့်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေမှုသေခင်းစစ်ဆေးသူ၏ ဆုံးဖြတ်ချက်အရ သူသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် တွေ့ရှိရသော သက်သေ များအရ ၎င်းအဖြစ်အပျက်သည် မတော်မဆ အဆိပ်သင့်ခြင်းနှင့်လည်း တူညီနေသည်။ ၂၀၀၉ ခုနှစ်တွင် အင်တာနက်ကန်ပိန်းအရ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် “သူကိုဆိုးရွားသောနည်းလမ်းဖြင့် ကုသခဲ့မှု” အပေါ် ဗြိတိသျှအစိုးရအစား တရားဝင်လူထုတောင်းပန်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ဒုတိယအဲလီဇဘတ်ဘုရင်မကြီးကလည်း ၂၀၁၃ ခုနှစ်တွင် သူ့အား ကွယ်လွန်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးသနားခဲ့သည်။
အလန်ကျူးရင်း နှင့်ပတ်သက်သမျှကို ဝီကီပီးဒီးယား၏ ညီအစ်မပရောဂျက်များတွင် ရှာဖွေဖတ်ရှုရန် | |
ဝစ်ရှင်နရီမှ အဓိပ္ပာယ်ဖွင့်ဆိုချက်များ | |
Commons မှ မီဒီယာများ | |
ဝီကီသတင်းမှ သတင်းများ | |
ဝီကီကိုးကားချက်မှ အဆိုအမိန့်များ | |
ဝီကီရင်းမြစ်မှ ရင်းမြစ်စာသားများ | |
ဝီကီစာအုပ်မှ ပြဋ္ဌာန်းစာအုပ်များ | |
ဝီကီတက္ကသိုလ်မှ လေ့လာနိုင်သော အကိုးအကားများ |
This article uses material from the Wikipedia မြန်မာဘာသာ article အလန် ကျူးရင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.