အယ်လဂျီးယားမြို့

အယ်လဂျီးယားမြို့သည် အယ်လ်ဂျီးရီးယားနိုင်ငံ၏ မြို့တော်ဖြစ်၍ လူဦးရေ မှာ၂၀၁၁ ခုနှစ် ခန့်မှန်းခြေအရ ၃,၄၁၅,၈၁၁ ဦးခန့်ရှိသည်။ မြေထဲပင်လယ် ကမ်းခြေတွင် ထင်ရှားသော ဆိပ်ကမ်းမြို့လည်းဖြစ်သည်။ အယ်လဂျီးယားမြို့သည် တောင်ကုန်းများပေါ်တွင် တည်ထား သော မြို့ဖြစ်၍ ပင်လယ်ကမ်းခြေတစ်လျှောက်၌ ဥရောပတိုက်ရှိ မြို့ကြီးများကဲ့သို့ ခေတ်မီအဆောက်အဦးများရှိသည်။ ကုန်းမြင့် ပိုင်းမှာမူကား ကပ်စဗာခေါ် အာရပ်မြို့ဟောင်းတည်ရှိရာဖြစ်၍ လမ်းများသည် ကျဉ်းမြောင်းပြီးလျှင် တစ်ဖက်တစ်ချက်တွင် အမိုးပြန့်လူနေအိမ်များကို တွေ့မြင်ရသည်။

အယ်လဂျီးယားမြို့
Algiers
မြို့တော်
အယ်လဂျီးယားမြို့
နိုင်ငံအယ်လဂျီးယားမြို့ အယ်လ်ဂျီးရီးယား


ဆယ်ရာစုနှစ်အတွင်းက အာရပ်တို့သည် အယ်လဂျီး ယားမြို့ကို ရောမမြို့ဟောင်းနေရာတွင် တည်ခဲ့သည်။ ၁၅ဝ၉· ၁၇ ခုနှစ်အထိ စပိန်တို့က မြို့ကိုသိမ်းပိုက်ခဲ့ကြသည်။ ထို့နောက် အယ်လဂျီးယားမြို့သည် ကူးသန်းရောင်းဝယ်ရေး အတွက် မြေထဲပင်လယ်ထဲ၌ သင်္ဘောများကို တိုက်ခိုက်လုယက် သည့် ပင်လယ်ဓားပြတို့ ခိုအောင်းရာဒေသ ဖြစ်လာလေသည်။ ၁၈၁၆ ခုနှစ်တွင် လော့အိပ်စမပ် ဦးစီးသည့် ဗြိတိသျှနှင့် ဒပ်ချ် ရေတပ်တို့ပူးပေါင်းကာ မြို့ကိုတိုက်ခိုက်၍ ပင်လယ်ဓားပြရန်ကို နှိမ်နှင်းခဲ့ကြသည်။ ထို့နောက် ၁၈၃ဝ ပြည့်နှစ်တွင် အယ်လဂျီးယားသည် ပြင်သစ်နိုင်ငံနှင့်စစ်ဖြစ်ပွားခဲ့ရာ အယ်လဂျီးယားမြို့သည်လည်း ပြင်သစ်တို့လက်သို့ ကျရောက်ခဲ့လေ သည်။ ၁၈၄၂ ခုနှစ်တွင် အယ်လဂျီးယားပြည်ကို ပြင်သစ် နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သိမ်းသွင်းခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက အယ်လဂျီးယားမြို့သည် စစ်ရေးအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ အရေးပါ အရာရောက်သော မြို့ဖြစ်ခဲ့သည်။ ၁၉၄ဝ ပြည့်နှစ် ဇွန်လတွင် ဂျာမန်တပ်များက ပြင်သစ်နိုင်ငံကို သိမ်းပိုက်ပြီးနောက် အယ် လဂျီးယားပြည်သည်လည်း ဂျာမန်ဩဇာခံ ဗီရှီအစိုးရ အအုပ် အချုပ်အောက်သို့ ကျရောက်ခဲ့သည်။ သို့ရာတွင် ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ဗိုလ်ချုပ် အိုင်ဆင်ဟောင်းဝါး ဦးစီး သော မဟာမိတ်တပ်ပေါင်းစုသည် အယ်လဂျီးယားကမ်းခြေသို့ တက်ရောက်၍ တိုင်းပြည်ကို သိမ်းယူခဲ့သည်။ အယ်လဂျီးယား မြို့သည်လည်း အာဖရိကမြောက်ပိုင်း စစ်ဆင်ရေးအတွက် မဟာမိတ်တို့၏ စစ်ဌာနချုပ်ဖြစ်လာသည်။ ပါရစ်မြို့ကို ဂျာမန် တို့လက်မှ ပြန်လည်မသိမ်းရမီအတွင်း အယ်လဂျီးယားမြို့ကို ပြင်သစ်နိုင်ငံ၏မြို့တော်အဖြစ် ထားရှိခဲ့ကြသည်။ ကွယ်လွန်သူ ပြင်သစ်နိုင်ငံသမ္မတ ဗိုလ်ချုပ်ဒဂိုးနှင့် ဗိုလ်ချုပ်ဇီးရိုးတို့သည် အယ်လဂျီးယားမြို့တွင် ပြင်သစ်ယာယီအစိုးရအဖွဲ့ကို ခေါင်း ဆောင်၍ ပြင်သစ်နိုင်ငံလွတ်မြောက်ရေးကို စီမံခန့်ခွဲခဲ့ကြသည်။

ကိုးကား

Tags:

အယ်လ်ဂျီးရီးယားနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာမိဖုရားများ စာရင်းသင်းခွေချပ်အောင်လအန်ဆန်းကာလသားရောဂါမြောက်ဥက္ကလာပမြို့နယ်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကိုယ်ဝန်ဖျက်ချခြင်းရာသီဥတုပြောင်းလဲမှုမျိုးပွားခြင်းဘူတန်နိုင်ငံဖြူဖြူကျော်သိန်းမဟော်သဓာတပ်မတော်ဂဠုန်ဦးစောအမရပူရမြို့အောင်လသွားပိုးစားရောဂါကြိတ်မှန်ပင်ဥဩ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဆယ်ဇင်းရွာ၊ ဖားကန့်မြို့နယ်ရန်ကုန်တိုင်းဒေသကြီးပရိတ်ကြီး ၁၁ သုတ်အောင်ရဲလင်းမြေပုံတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)မြောင်းမြမြို့ကိုဩဒိနိတ်ရခိုင်ပြည်တပ်မတော်ယူနိုက်တက်ကင်းဒမ်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနတ်မင်းကြီးလေးပါးမဟာဗောဓိစေတီစိုးလွင်လွင်ဗန်းစကားစုန်းကဝေအတတ်မဟာဂန္ထဝါစကပဏ္ဍိတ၂၄ ပစ္စည်းစောလူးမင်းနရသူ (ပုဂံ)ပန်းအချစ်ပဲခူးတိုင်းဒေသကြီးဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ငပလီကမ်းခြေရဲဝင်းဦးဥပဒေမြန်မာ့ ပထမဆုံးများကြယ်လိပ်မေတ္တာသံဃာဒိသေသ်အာပတ်ဘဲ (မျိုးစု)ကိုယ်ကျင့်တရားအရှေ့တောင်အာရှနိုင်ငံများအသင်းအိန္ဒိယနိုင်ငံအိပ်မက်သင်္ချာနရသီဟပတေ့ကျင်ဒွေးမြို့ကွန်ဒုံးမှန်လုံအိမ်ဓာတ်ငွေ့ဂြိုဟ်ကြွက်တက်ခြင်းလိင်စိတ် နိုးထခြင်းအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်အီသီယိုးပီးယားနိုင်ငံညစ်ညမ်းခြင်းများအားစစ်ပွဲယေရှု ခရစ်တော်မြန်မာနိုင်ငံ၏ ရပ်ကွက်များမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများဘုရား (ဗုဒ္ဓဘာသာ)ရေဘဝဲ🡆 More