အမျိုးသားညီညွတ်ရေး အစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အတည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလ ညီညွတ်ရေးအစိုးရ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ၆ ဦးကို နိုင်ငံပေါင်း ၅ နိုင်ငံတွင် ခန့်အပ်ထားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ
National Unity Government
အမျိုးသားညီညွတ်ရေး အစိုးရ
အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ
လက်ရှိ
အမျိုးသားညီညွတ်ရေး အစိုးရ အမျိုးသားညီညွတ်ရေး အစိုးရ
အစိုးရခေါင်း​ဆောင်များ
ဖွဲ့စည်းရက်စွဲ၁၆ ဧပြီ ၂၀၂၁ (၂၀၂၁-၀၄-၁၆)
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
နိုင်ငံတော်ခေါင်းဆောင်ဦးဝင်းမြင့်၊ဦးဒူဝါလရှီးလ,
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဒုသမ္မတ
ကိုယ်စားပြုပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
အစိုးရခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်,
ဦးမန်းဝင်းခိုင်သန်း, ပြည်ထောင်စုဝန်ကြီးချုပ်
ဝန်ကြီး ဦးရေ၂၈ ဦး
အဖွဲ့ဝင် ပါတီ
အတိုက်အခံ အစိုးရအိမ်စောင့်အစိုးရ
အတိုက်အခံ ခေါင်းဆောင်မင်းအောင်လှိုင်
သမိုင်း
ပြီးခဲ့သော ရွေးကောက်ပွဲ၂၀၂၀ ရွေးကောက်ပွဲ
ယခင်

အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ ပါဝင်သည်။ စစ်အစိုးရကမူ အမျိုးသားညီညွတ်ရေး အစိုးရကို တရားမဝင်ဟု ပြောဆိုခဲ့သည်။

နိုင်ငံတကာအနေဖြင့် ၎င်းတို့အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြရန် NUG က တောင်းဆိုထားပြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးလွင်ကိုလတ်ကလည်း မကြာမီကာလအတွင်း ကမ္ဘာ့နိုင်ငံကြီးအချို့၏ အသိအမှတ်ပြုမှုကို မျှော်လင့်ထားကြောင်း ပြောကြားသည်။ နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂ အကျိုးတူပူးပေါင်းအဖွဲ့က နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအနေဖြင့် NUG ကို အသိအမှတ်ပြုကြရန် နှိုးဆော်ထားသကဲ့သို့၊ အာဆီယံဒေသတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဧပြီလ ၂၄ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်အစိုးရကိုယ်စားလှယ်ထက် NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းသည်။

အောက်တိုဘာလ ၅ ရက်တွင် ပြင်သစ်နိုင်ငံ အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။အောက်တိုဘာ ၇ ရက်တွင်လည်း ဥရောပ ပါလီမန်က အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များကို ချက်သမ္မတနိုင်ငံ အပါအဝင် တောင်ကိုရီးယားနိုင်ငံ စသည့်နိုင်ငံများတွင် ထားရှိပြီးဖြစ်သည်။

အမျိုးသားညီညွတ်ရေး အစိုးရသစ်နှင့်အတူ ပြည်သူ့အသံ ရုပ်သံလိုင်း (Public Voice TV) ကိုလည်း ထုတ်လွှင့်ခဲ့သည်။ ၂၀၂၁ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ မေလ ၈ ရက်နေ့တွင် စစ်ကောင်စီမှ ထိုတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အရေးပေါ်အခြေအနေ ကြေညာခြင်း

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာခဲ့သည်။ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းရန် လိုအပ်လာသော အခြေအနေ အရပ်ရပ်ကြောင့် ပြည်ထောင်စုနိုင်ငံတော် တစ်ဝန်းလုံးအား အရေးပေါ်အခြေအနေအဖြစ် စက်တင်ဘာလ ၇ ရက်နေ့မှ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း နှင့် အလုပ်ဆင်းရန် မလိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရကပြည်သူ့ခုခံတွန်းလှန်စစ်စတင်ကြောင်းကြေညာပြီးသည်နှင့်တစ်ပြိုင်နက်မြန်မာနိုင်ငံတစ်ဝန်းစစ်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြင့်မားလာသည်။


အစိုးရအဖွဲ့

ခေါင်းဆောင်များ

ရာထူး အမည် ဂုဏ်ဒြပ် တာဝန်သက်တမ်း နိုင်ငံရေးပါတီ ရင်းမြစ်
စတင် ပြီးဆုံး ရက်ပေါင်း
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်
(အကျဉ်းကျခံနေရ)
နိုင်ငံတော် အကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ တာဝန်ထမ်းဆောင်ဆဲ ၁၁၀၂


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နိုင်ငံတော်ဒုတိယသမ္မတ (ယာယီသမ္မတ) ဒူဝါလရှီးလ နိုင်ငံတော် ဒုတိယ အကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ တာဝန်ထမ်းဆောင်ဆဲ ၁၁၀၂


ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ / Kachin Political Interim Coordination Team
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
(အကျဉ်းကျခံနေရ)
အစိုးရအဖွဲ့ အကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ တာဝန်ထမ်းဆောင်ဆဲ ၁၁၀၂


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အစိုးရအဖွဲ့ ဒုတိယအကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ တာဝန်ထမ်းဆောင်ဆဲ ၁၁၀၂


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ပြည်ထောင်စုဝန်ကြီးများ

စဉ် ဝန်ကြီးဌာန အမည် သက်တမ်း
စတင် ကုန်ဆုံး သက်တမ်း
နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင် ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးလွင်ကိုလတ်
ကာကွယ်ရေးဝန်ကြီးဌာန ဦးရည်မွန်
ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ဒေါက်တာလျန်မှုန်းဆာခေါင်း
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဦးတင်ထွန်းနိုင်
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒေါက်တာဝင်းမြတ်အေး
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒေါက်တာဆာဆာ
ပညာရေးဝန်ကြီးဌာန ဒေါက်တာဇော်ဝေစိုး
ကျန်းမာရေးဝန်ကြီးဌာန
၁၀ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒေါက်တာတူးခေါင်
၁၁ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နော်ဆူဇန်နာလှလှစိုး
၁၂ အလုပ်သမား ဝန်ကြီးဌာန နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ
၁၃ တရားရေး ဝန်ကြီးဌာန ဦးသိန်းဦး
၁၄ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဦးထင်လင်းအောင်
၁၅ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးစိုးသူရထွန်း
၁၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒေါ်ခင်မမမျိုး ၂၅ ဩဂုတ် ၂၀၂၁ လက်ရှိ

ဒုတိယဝန်ကြီးများ

ဝန်ကြီးဌာန အမည် တာဝန်သက်တမ်း နိုင်ငံရေးပါတီ ရင်းမြစ်
စတင် ပြီးဆုံး ရက်ပေါင်း
ကာကွယ်ရေးဝန်ကြီးဌာန နိုင်ကောင်းရွက် ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


မွန်ပြည်သစ်ပါတီ
ပညာရေးဝန်ကြီးဌာန ဂျာထွယ်ပန် ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


Kachin Political Interim Coordination Team
ဒေါက်တာစိုင်းခိုင်မျိုးထွန်း ၃ မေ ၂၀၂၁ လက်ရှိ ၁၀၈၅


တစ်သီးပုဂ္ဂလ
ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာရွှေပုံ ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လဖိုင်မော်ထွန်းအောင် ၂၆ ဇူလိုင် ၂၀၂၁ လက်ရှိ ၁၀၀၁


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဦးချစ်ထွန်း ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
မိုင်းဝင်းထူး ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


တအောင်း(ပလောင်)အမျိုးသားပါတီ
နိုင်ငံခြားရေး ဝန်ကြီးဌာန ဦးမိုးဇော်ဦး ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ခူးထဲဘူး ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
လူသားချင်းစာနာထောက်ထားရေးနှင့်
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန
နော်ထူးဖော ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


တစ်သီးပုဂ္ဂလ
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဗဟန်းထန် ၃ မေ ၂၀၂၁ လက်ရှိ ၁၀၈၅


ကယန်းပြည်သစ်ပါတီ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ခေါင်နော ၃ မေ ၂၀၂၁ လက်ရှိ ၁၀၈၅


တစ်သီးပုဂ္ဂလ
အလုပ်သမား ဝန်ကြီးဌာန ဦးကျော်နီ(ခ) ဦးကျော်ကျော် ၃ မေ ၂၀၂၁ လက်ရှိ ၁၀၈၅


ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ခွန်းဘီထူး ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


ကယန်း အမျိုးသားပါတီ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဦးမင်းဇေယျာဦး ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


မွန်ညီညွတ်ရေးပါတီဝင်ဟောင်း
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒေါ်အိသဉ္ဇာမောင် ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၁၀၂


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်ဟောင်း

အခြားဖတ်ရန်

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

အမျိုးသားညီညွတ်ရေး အစိုးရ အရေးပေါ်အခြေအနေ ကြေညာခြင်းအမျိုးသားညီညွတ်ရေး အစိုးရ အစိုးရအဖွဲ့အမျိုးသားညီညွတ်ရေး အစိုးရ အခြားဖတ်ရန်အမျိုးသားညီညွတ်ရေး အစိုးရ ကိုးကားအမျိုးသားညီညွတ်ရေး အစိုးရ ပြင်ပလင့်ခ်များအမျိုးသားညီညွတ်ရေး အစိုးရပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ့တပ်မတော် သမိုင်းကြောင်းဓမ္မရံကြီးဘုရားမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များလီယိုနာဒိုဒါဗင်ချီမဟာဘူတဒန့်သလွန်အကြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဂျာနယ်ကျော် မမလေးကမ္ဘောဒီးယားနိုင်ငံလွတ်လပ်ရေးကြေညာစာတမ်းသဿမေဓခွန်တရုတ်ဘာသာစကားစီအက်စ်အမ်အေသာမဏေကချင်လွတ်မြောက်ရေးတပ်မတော်မိဖုရားစောမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းပုဂံမြို့ဟောင်းသင်္ချာအနေကဇာတင်ခြင်းကမ္ဘာမကျေဖားဗိုလ်ချုပ်မှူးကြီးခြူးလေးမလေးရှားနိုင်ငံနန်းဆုရတီစိုးမန်ချက်စတာ ယူနိုက်တက်နောင်ရိုးတိုက်ပွဲဆိုင်ကလုံးမုန်တိုင်းသွေးအုပ်စုမေတ္တေယျဘုရားလိင်ဆက်ဆံခြင်းကလေးဗဟိုပြုသင်ကြားရေးစနစ်လူ၏ အရိုးဖွဲ့စည်းပုံကြောင် (တိရစ္ဆာန်)တပင်ရွှေထီးဟင်္သာဇီဝဗေဒထူးအိမ်သင်မဟော်သဓာဇာတ်တော်ပါရာဇိကပိဋကတ် သုံးပုံမဟာသမယသုတ်စီးပွားရေးတိုင်းစစ်ဌာနချုပ်တရားဂုဏ်တော်အာဠာဝကဘီလူးစင်ကာပူနိုင်ငံမြန်မာစာပေရဲဘော်သုံးကျိပ်ကိုယ်ဝန်ဖျက်ချခြင်းကြာသပတေးဂြိုဟ်တိုက်ကြီးမြို့ကျိုက်ထီးရိုးဘုရားဘဝ (ဗုဒ္ဓဘာသာ)အသည်းဂျူး (စာရေးဆရာမ)အချစ်ဂုဏ်တော်ကွန်ချာခွေးရူးပြန်ရောဂါသိကြားမင်းနာဇီဂျာမနီစိတ်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တောင်ကြီးမြို့ဩစတြေးလျနိုင်ငံမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကောသလမင်း အိပ်မက် (၁၆)ချက်ထေရဝါဒငါးရာ့ငါးဆယ် နိပါတ်တော်ပြင်ဦးလွင်မြို့နယ်တွံတေးမြို့စနေဂြိုဟ်ဝိနည်းကင်းစီး🡆 More