ဝါဆောမြို့

ဝါဆောမြို့သည် ပိုလန်နိုင်ငံ၏မြို့တော်ဖြစ်၍ ဗစ္စတျူလာ မြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မြေဩဇာကောင်းသော နယ်မြေ၏ အလယ်ဗဟို၌ ရှိ၍လည်းကောင်း၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းတို့ဖြင့် လွယ်ကူစွာ ဆက်သွယ်နိုင်သောကြောင့်လည်းကောင်း၊ ဥရောပ တိုက် အရှေ့ပိုင်းတွင် ကုန်သွယ်ရေးလုပ်ငန်း၌ ထင်ရှားသောမြို့ဖြစ်သည်။ စက်ကိရိယာ၊ သတ္တုထည်၊ ရထားတွဲ၊ အိမ်ထောင်ပရိဘောဂနှင့် အထည်အလိပ်တို့ကို ထုတ်လုပ်သည်။ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်း ကိုလည်း အကြီးအကျယ်လုပ်ကိုင်သည်။

ဝါဆောမြို့
Warszawa  (ပိုလန်)
နိုင်ငံမြို့တော် နှင့် ကောင်တီ
ဝါဆောနိုင်ငံ၏ မြို့တော်
ပိုလန်: miasto stołeczne Warszawa
ဝါဆောမြို့၏ အလံတော်
အလံတော်
ဝါဆောမြို့၏ တံဆိပ်အမှတ်အသား
တံဆိပ်အမှတ်အသား
ဝါဆောမြို့၏ တရားဝင်လိုဂို
တံဆိပ်အမှတ်အသား
နာမည်ပြောင်(များ): ဖီးနစ်မြို့တော်
ဆောင်ပုဒ်: Semper invicta  (Latin "ထာဝရ ကျရှုံးခြင်းမရှိ")
Page တမ်းပလိတ်:Maplink/styles-multi.css has no content.
ကိုဩဒိနိတ်: 52°13′48″N 21°00′40″E / 52.23000°N 21.01111°E / 52.23000; 21.01111 21°00′40″E / 52.23000°N 21.01111°E / 52.23000; 21.01111
နိုင်ငံဝါဆောမြို့ ပိုလန်
Voivodeshipဝါဆောမြို့Masovian Voivodeship
ကောင်တီမြို့တော် ကောင်တီ
တည်ထောင်၁၃ ရာစု
City rights၁၃၂၃
မြို့တော်ခန်းမCommission Palace
Districts18 districts
အစိုးရ
 • အမျိုးအစားမြို့တော်-ကောင်စီ အစိုးရ
 • အစိုးရအဖွဲ့ဝါဆောမြို့တော်ကောင်စီ
 • မြို့တော်ဝန်Rafał Trzaskowski
 • Sejm of Poland20 members
 • ဥရောပ ပါလီမန်ဝါဆော အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ
ဧရိယာ
 • နိုင်ငံမြို့တော် နှင့် ကောင်တီ၅၁၇.၂၄ စတုရန်းကီလိုမီတာ (၁၉၉.၇၁ စတုရန်းမိုင်)
 • မြို့ပြကြီး၆,၁၀၀.၄၃ စတုရန်းကီလိုမီတာ (၂၃၅၅.၃၉ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၇၈–၁၁၆ မီတာ (၃၂၈ ပေ)
လူဦးရေ (၂၀၂၂)
 • နိုင်ငံမြို့တော် နှင့် ကောင်တီ၁,၈၆၃,၀၅၆ (ပထမ)
 • အဆင့်ပိုလန်နိုင်ငံတွင် ပထမ
ဥရောပသမဂ္ဂတွင် ဆဌမ
 • သိပ်သည်းမှု၃၆၀၁/km (၉၃၃၀/sq mi)
 • မြို့ပြကြီး၃၁၀၀၈၄၄
 • မြို့ပြကြီး သိပ်သည်းမှု၅၀၉.၁/km (၁၃၁၉/sq mi)
Demonym(s)Varsovian
အချိန်ဇုန်CET (UTC+1)
 • နွေရာသီ (DST)CEST (UTC+2)
Postal code00-001 to 04-999
ဧရိယာကုဒ်(များ)+48 22
မြို့တော်ရံပုံငွေzł 24.368 billion
(€5.4 billion)
အပြည်ပြည်ဆိုင်ရာလေဆိပ်များChopin (WAW)
Modlin (WMI)
Rapid transit systemMetro
ဝက်ဘ်ဆိုဒ်warszawa.pl
တရားဝင်အမည်ဝါဆောမြို့ သမိုင်းဝင်နေရာ
အမျိုးအစားCultural
ရွေးချယ်သည့်စံနှုန်းii, vi
ရွေးချယ်ခြင်း1980 (4th session)
ရည်ညွှန်းနံပါတ်30
ယူနက်စကို ဒေသဥရောပ
Varsovian Trumpet Call

ဝါဆောမြို့သည် ယခင်အခါက ရှေးဟောင်း နန်းတော်ကြီးများ၊ ဘုရားရှိခိုးကျောင်းများ၊ ပြတိုက်နှင့် စာကြည့်တိုက်များ၊ ပြည်သူ့ပန်းခြံများ ဖြင့် စည်ပင်သာယာသော မြို့ကြီးဖြစ်ခဲ့သည်။ အထူးသဖြင့် ၁၃ ရာစုနှစ် တည်ဆောက်ခဲ့သော စိန်ဂျွန်းကသီဒရယ် ဘုရားရှိခိုးကျောင်းသည် ထင်ရှား ၏။ သို့ရာတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဝါဆောမြို့သည် စစ်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရသဖြင့် တစ်မြို့လုံးနီးပါးမျှ ပျက်စီးခဲ့လေသည်။ စစ်ပြီးခေတ်တွင် ပြန်လည်တည်ဆောက်သော အဆောက်အအုံများအနက် ကမ္ဘာကျော် ရူပဗေဒပါရဂူ ပိုလန်အမျိုးသမီး မာရီကျူးရီး အထိမ်းအမှတ် ဆေးရုံမှာ ထင်ရှားသည်။

ဝါဆောမြို့သည် ၁၆၅၅ ခုနှစ်မှစ၍ နိုင်ငံခြားမင်းတစ်လက်မှ အခြားတစ်လက်အောက်သို့ ပြောင်းလဲကျရောက်ခဲ့ရသည်။ ဆွီဒင်နိုင်ငံ၊ ဩစတြီးယားနိုင်ငံ၊ ရုရှနိုင်ငံတို့က တစ်လှည့်စီအုပ်စိုးခဲ့ကြပြီးလျှင် ပထမကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ ၁၉၁၉ ခုနှစ်တွင် လွတ်လပ်သော ပိုလန်နိုင်ငံ၏ မြို့တော်အဖြစ်ကို ပြန်လည်ရရှိလေသည်။ တစ်ဖန် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ ဂျာမန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြင်းထန်စွာခံခဲ့ရသည်။ ဂျာမန်တို့သည် ဝါဆောမြို့ကို ငါးနှစ်မျှသိမ်းပိုက်ခဲ့ရာ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလသို့ရောက်ခါမှ ရုရှားတပ်များက တိုက်ခိုက်အောင်မြင်သဖြင့် ဂျာမန်တို့သည် မြို့ကို လက်လွှတ်ခဲ့ကြလေသည်။ ထို့နောက် ဝါဆောမြို့သည် ပိုလန်နိုင်ငံ၏ မြို့တော်ဖြစ်လာပြန်သည်။ လူဦးရေမှာ ၁၉၆၄ ခုနှစ် ခန့်မှန်းခြေအရ ၁၂၄၁ဝဝဝ ယောက်ရှိလေသည်။

ကိုးကား

Tags:

အထည်အလိပ်အိမ်ထောင်ပရိဘောဂ

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ဖော်ကာကျေးရွာအုပ်စုစကားဝှက်သင်္ကြန်မိုးအပြင် ၃၇ မင်းအင်ဒိုနီးရှားနိုင်ငံမိုင်းခရပ်ဖ်စစ်ကိုင်းတိုင်းဒေသကြီးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အဆိပ်အာဖဂန်နစ္စတန်နိုင်ငံနန်းမတော်မယ်နုဖင်လန်နိုင်ငံရခိုင်ပြည်တပ်မတော်အနေကဇာတင်ခြင်းမဟာဘူတထွေးလေးတပ်ရင်း (၇)ဗဒုံမင်းဝဲခင်ဝင့်ဝါဆီးချိုရောဂါလက္ခဏာများအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးပြည်မြို့ပညတ်တော်ဆယ်ပါးတပ်မတော် (ကြည်း)တို့ဗမာအစည်းအရုံးခင်ညွန့် (ဗိုလ်ချုပ်ကြီး)ကမ္ဘာ့အလုပ်သမားနေ့ဝပြည်နယ်မဟာရဋ္ဌသာရ၊ သျှင်သမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)အိုမန်နိုင်ငံခေါင်းပေါင်းလိမ်လည်မှုရေးမြို့ပရိတ်ကြီး ၁၁ သုတ်မိုးဟေကိုဖိလစ်ပိုင်နိုင်ငံကမ္ဘာဂြိုဟ်မြန်မာစာစတင်ဖြစ်ပေါ်လာပုံမဟတ္တမ ဂန္ဒီကွန်ပျူတာလိပ်ရွှေပြည်သာမြို့နယ်ဝီကီပီးဒီးယားဟံသာဝတီငါးမျိုးစိတ်များ စာရင်းထမနဲပွဲစိတ်ဖျားနာခြင်းသယ်ယူပို့ဆောင်ရေးသဘာဝပတ်ဝန်းကျင်ကုန်းဘောင်ခေတ် နာမည်တွက်နည်းဗဒလင်းဂူဦးပိန်တံတားရာသီခွင်မြဝတီမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနလင်းနို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သင်္ဂါယနာပန်းဆယ်မျိုးဘုရား (ဗုဒ္ဓဘာသာ)ညစ်ညမ်းခြင်းများပင်ဂွင်းမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ဇီဝဇိုးငှက်ဂျာနယ်ကျော် မမလေးဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်လိင်တူစုံမက်ခြင်းဗောဇ္ဈင်္ဂသုတ်🡆 More