လေမုန်တိုင်း

ဆောင်းဦး ၊ ဆောင်းဥတု

သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အပိုင်းတစ်ခုဖြစ်သည့်

ရာသီ
လေမုန်တိုင်း  
ဥတုလေးပါး ပြက္ခဒိန်
နွေဦး နွေဥတု

ခြောက်သွေ့ ရာသီ စိုစွတ် ရာသီ

မုန်တိုင်းများ

ထစ်ချုန်း လေနီကြမ်း Supercell
စိုက်ဆင်းလေပြင်း မိုးကြိုးပစ်ခြင်း
လေဆင်နှာမောင်း ရေဆင်နှာမောင်း
ဒေသတွင်း ဆိုင်ကလုန်း(ဟာရီကိန်း)
ဒေသပြင်ပ ဆိုင်ကလုန်း
ဆောင်းရာသီ မုန်တိုင်း နှင်းမုန်တိုင်းရေခဲမုန်တိုင်း

သဲမုန်တိုင်း%;"| မိုးရွာ၊ ဆီးနှင်းကျခြင်း

မိုးဖွဲရွာခြင်း မိုးရွာခြင်း နှင်းကျခြင်း နှင်းသီးကြွေခြင်း
မိုးရွာရေခဲခြင်း ရေခဲစေ့ ရွာခြင်း မိုးသီးကြွေခြင်း

ခေါင်းစဉ်များ

မိုးလေဝသ၊ ရာသီဥတုလေ့လာခြင်းအတတ် ရာသီဥတု
မိုးလေဝသ ခန့်မှန်းချက်
အပူလှိုင်း လေထုညစ်ညမ်းမှု

ရာသီ ပေါ်တယ်လ်

လေမုန်တိုင်းကျလာသော်အခါ လေသည်ပြင်းလာ ၏။ တစ်ခါတစ်ရံ တစ်နာရီလျှင် မိုင် ၄၀ တိုက်ခတ်၏။ တစ်ခါတစ်ရံ ၇၅ မိုင် တိုက်ခတ်၏။ တစ်ခါတစ်ရံ၌မူ ၇၅ မိုင်ထက် ပိုမိုတိုက်ခတ်၏။ မြန်မာနိုင်ငံ၌ တစ်နာရီလျှင် ၇၅ မိုင်တိုက်ခတ်သော လေမုန်တိုင်းမျိုးကြုံရ ခဲသည်။ သို့သော် ၁၉၆၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် စစ်တွေမြို့နှင့် အနီးတစ်ဝိုက်၌ တိုက်ခတ်သွားသော လေမုန်တိုင်းကြီးသည် တစ်နာရီလျှင် မိုင် ၁၅၀ အထိ တိုက်ခတ်ခဲ့ရာ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးသော လေ မုန်တိုင်းကြီးကြောင့် အသေအပျောက်၊ အပျက်အစီး၊ အဆုံးအရှုံး အလွန် များပြားလှ၏။ ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် လေမုန်တိုင်း များကို ဆိုင်ကလုန်းဟုခေါ်၏။

လေမုန်တိုင်း
အပူပိုင်းဒေသ လေမုန်တိုင်းတစ်ခု

မုန်တိုင်း ခွဲခြားသတ်မှတ်ခြင်း

သို့သော် မုန်တိုင်း ဟူသမျှကို ဆိုင်ကလုန်းမခေါ်ပေ။ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ကျော် လျှင် မုန်တိုင်းငယ်၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ကျော်လျှင် ဆိုင် ကလုန်းမုန်တိုင်း၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ကျော်လျှင် [[ဆိုင်က လုန်းမုန်တိုင်းကြီး]]ဟု သတ်မှတ်သည်။ လေတိုက်နှုန်းတစ်နာရီ မိုင် ၃၀ အောက်ဆိုလျှင် လေပွေလှိုင်း ဟု သတ်မှတ်၏။ ပစိဖိတ်သမုဒ္ဒရာတွင် မုန်တိုင်းများကို တိုင်ဖွန်ဟုခေါ်သည်။ ပစိဖိတ်သမုဒ္ဒရာတွင် လေသည် တစ်နာရီ မိုင် ၄၀ နှုန်းတိုက်လျှင် မုန် တိုင်းငယ်ဟု သတ်မှတ်၍ မိုင် ၄၀ မှ ၇၅ မိုင်အထိကို ဆိုင်ကလုန်း မုန်တိုင်းဟု သတ်မှတ်ပြီးလျှင် တစ်နာရီ လေတိုက်နှုန်း ၇၅ မိုင်အထက်မှ သာ တိုင်ဖွန်ဟု သတ်မှတ်လေသည်။

အတ္တလန္တိတ်သမုဒ္ဒရာတွင် မုန်တိုင်းများကို ဟာရီကိန်းဟုခေါ် သည်။ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင်ကျော်လေသည်။ ဟာရီကိန်းလေနီကြမ်း တိုက်ခတ်တော့မည်ရှိသောအခါ ဝင်ခါနီး နေသည် မှိုင်းမှုန်နီရဲလာ၏။ လေသည်ပူနွေး၍ ထိုင်းမှိုင်းလာ၏။ လေသည် ဖိအားများလာ၍ ငြိမ်သက်သွား၏။ ပင်လယ်ပြင်၌မူ လေကျမည်ရှိသောအခါ လေ၏ဖိအားနည်းသွားတတ်၍ မိုးကုတ်စက်ဝိုင်းအစွန်းဆီမှ မိုးသားများ လျင်မြန်စွာ တက်လာတတ်၏။ လေထဲတွင် ရေခိုးရေငွေ့များ ပါလာတတ် ၏။ လေ၏အရှိန်သည်လည်း ပြင်းထန်သည်ထက် ပြင်းထန်လာလေသည်။ ထိုသို့ ဖိအားနည်းသောနေရာသို့ တိုက်ခတ်လာသောလေသည် ဝင်ရိုးပေါ်၌ ကမ္ဘာလုံးလည်လျက် ရှိနေခြင်းကြောင့် ဖြောင့်မတ်စွာမသွားဘဲ ဝက်အူရစ်သကဲ့သို့လှည့်ကာ ဝိုင်းရစ်၍ တိုက်ခတ်၏။ ဤနည်းဖြင့် လေပွေ များဖြစ်ပေါ်လာခြင်းဖြစ်၏။

မိုးသက်လေပြင်းကျရောက်သောအခါ ကောင်းကင်၌ ညိုမည်းနက် မှောင်သော မိုးတိမ်များတက်လာ၏။ ထို့နောက် မိုးရွာပြီးလျှင် လေသည် ဝိုင်း၍ရစ်၍ တိုက်ခတ်၏။ မိုးသက်လေပြင်း ကျရောက်ပြီးသောအခါ လျှပ် ပြက်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်တတ်၏။ မိုးသက် လေပြင်းကျရောက်ခြင်းမှာ စွတ်စိုထိုင်းမှိုင်းသောလေသည် အထက်သို့တက်၍ အအေးဓာတ်နှင့် တွေ့ပြီးလျှင် မိုးရေအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်၏။

လေမုန်တိုင်း 
မုန်တိုင်းတစ်ခုဖြစ်ပေါ်သော အဆင့်များ

မိုးသက်မုန်တိုင်း၏ တန်ခိုးအင်အားကို ဤသို့ ခန့်မှန်းကြည့်ရာ ၏။ စတုရန်း ၁၀ မိုင်ကျယ်သောမြေပေါ်၌ တစ်လက်မခန့် ကျရောက်နေ သော မိုးရေ၏ ထုထည်သည် ၂၃၂ ၃၀၀,၀၀၀ ကုဗပေရှိ၏။ ထိုရေထုကို ပင်လယ်မှ စုတ်ယူ၍ မိုးရေအဖြစ်သို့ ပြန်ပြောင်းလဲပေးရန် မြင်းကောင်ရေ အား ၃၆ သန်းနှင့် ညီမျှသောအား ရှိဖို့လို၏။ ဟာရီကန်းလေနီကြမ်း၌ မြင်းကောင်ရေအား ကုဋေပေါင်းတစ်သောင်းပါရှိ၏။ သို့ဖြစ်၍လည်း ထိုလေနီကြမ်း တိုက်ခတ်သောအခါ အဆောက်အအုံများ၊ သစ်ပင်နှင့် ကောက်ပဲသီးနှံများ ကြောက်ဖွယ်လိလိ ပျက်စီးဆုံးရှုံးကြောင်းကို သတင်းစာ များ၌ တစ်ခါတစ်ရံ ကျွန်ုပ်တို့ ဖတ်ရပေသည်။

မုန်တိုင်း တိုက်ခတ်ချိန်တွင် ဆောင်ရွက်ရန်အချက်များ

(က) ရပ်ရွာမှ တာဝန်ရှိသူများ၏ အကြံပေးချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။
(ခ) လျှပ်စစ်မီးလိုင်းများနှင့် ဓာတ်ငွေ့ပိုက်လိုင်းများကို ဖြတ်တောက်ပစ်ပါ။
(ဂ)လွင့်ပျံ့လာသော အရာဝတ္ထုများနှင့် ထိခိုက်မှုမရှိစေရန်အတွက် ခိုအောင်းရာနေရာ၌သာ နေပါ။
(ဃ)အဆောက်အအုံ၏ ခိုင်ခံသော အပိုင်းတွင်သာ ခိုလှုံပါ၊ ရေဒီယိုမှ သတင်းထုတ်ပြန်ချက်ကို အဆက်မပြတ်နားထောင်ပါ။
(င) အသက်ကယ်အင်္ကျီ၊ ဗောကွင်း၊ ပလတ်စတစ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ ကားတာယာကျွတ်များကို မိမိနှင့်အတူ ဆောင်ထားပါ။
(စ) တံခါးနှင့် ပြတင်းပေါက်များကို သေသေချာချာ ပိတ်ထားပါ၊ မုန်တိုင်းအရှိန်ကြောင့် ပွင့်ထွက်သွားပါက မျက်နှာချင်းဆိုင်ဘက်မှာ လေထွက်ပေါက်တစ်ခု အမြန်ပြုလုပ်ပါ။
(ဆ) လေလာသည့်ဘက်မှ တံခါးပေါက်များကို ပိတ်ထားပြီး လေကွယ်ရာအရပ်ရှိ တံခါးပေါက်များကို ဖွင့်ထားပါ။
(ဇ) နေအိမ်စတင်ပြိုကျလာပါက မွေ့ရာများ၊ စောင်များဖြင့် အကာအကွယ်ပေးထားပါ (သို့မဟုတ်) ခိုင်ခံ့သော စားပွဲများအောက်တွင် နေပါ။
(ဈ) မုန်တိုင်းဗဟိုဖြတ်သန်းစဉ် ခေတ္တလေငြိမ်သော်လည်း နာရီဝက်အကြာတွင် ဆန့်ကျင့်ဘက်အရပ်မှ ပိုမိုပြင်းထန်သည့် လေများ ဝင်ရောက်လာတတ်သည်ကို သတိပြုပါ။
(ည) လေမုန်တိုင်းခေတ္တလျော့ပါးချိန်တွင် အိမ်အပြင်သို့ ထွက်ခြင်း၊ ကမ်းခြေသို့ သွားခြင်း မပြုပါနှင့်။

မုန်တိုင်းကျရောက်ပြီးနောက် ဆောင်ရွက်ရန်အချက်များ

(က) ရေဒီယိုကို ဖွင့်ထားပြီး သတိပေးချက်နှင့် အကြံပြုချက်များကို နားထောင်ပါ။
(ခ) မုန်တိုင်းအန္တရာယ် စိတ်ချရပြီးဆိုသော သတင်းရရှိမှသာ နေအိမ်သို့ ပြန်ပါ။
(ဂ) ဒဏ်ရာရသူများကို ပြုစုပါ၊ လိုအပ်လျှင် ဆေးခန်း၊ ဆေးရုံပို့ပါ။
(ဃ) ပြုတ်ကျပြတ်တောက်နေသော ဓာတ်ကြိုးများကို တွေ့ရှိလျှင် မကိုင်မထိမိစေရန် သတိပြုပါ။ လျှပ်စစ်ရုံးသို့ အကြောင်းကြားပါ။
(င) ပြုကျပျက်စီးနိုင်သော အဆောက်အအုံ၊ သစ်ပင်များနှင့် ဝေးဝေးနေပါ။
(စ) မြွေနှင့် အဆိပ်ရှိသတ္တဝါများကို သတိထားပါ။
(ဆ) ရေဝပ်သော နေရာများကို ကျင်းများ၊ ချိုင့်များရှိလျှင် ရေနစ်တတ်သဖြင့် ကလေးများကို ၎င်းနေရာများတွင် မကစားရန် ထိန်းသိမ်းပါ။
(ဇ) လမ်းနှင့် ရပ်ရွာသန့်ရှင်းရေးပြုလုပ်ပါ၊ ရေကို ကျိုချက်သောက်ပါ။
(ဈ) ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီပါ။
(ည) ကောလဟာလသတင်းများကို နားမထောင်ပါနှင့်။

ကိုးကား

Tags:

လေမုန်တိုင်း မုန်တိုင်း ခွဲခြားသတ်မှတ်ခြင်းလေမုန်တိုင်း မုန်တိုင်း တိုက်ခတ်ချိန်တွင် ဆောင်ရွက်ရန်အချက်များလေမုန်တိုင်း မုန်တိုင်းကျရောက်ပြီးနောက် ဆောင်ရွက်ရန်အချက်များလေမုန်တိုင်း ကိုးကားလေမုန်တိုင်းဆောင်းရာသီဆောင်းဦး

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံရှိ တံတားများစကားဝှက်မြန်မာနိုင်ငံ၏ သမ္မတသန်လျင်မြို့အညာမျောက်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်အမေနေ့လများ (အချိန်အတိုင်းအတာ)ဗြိတိသျှအင်ပါယာအရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသဂျပန်နိုင်ငံပုဂံအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဘရူနိုင်းနိုင်ငံမိုးကုတ်တရားကိုရီးယားနိုင်ငံပျူမြို့ပြနိုင်ငံများရာသီအလိုက်ပွင့်သောပန်းများဂူဂယ်ဧဝရတ်တောင်မုန့်ဟင်းခါးသာလွန်မင်းဂေါ်ရင်ဂျီကျွန်းအသည်းရောင် အသားဝါ ရောဂါ စီပိုးသစ္စာလေးပါးဘကြီးတော်(စစ်ကိုင်းမင်း)မြန်မာစာရေးဆရာများ စာရင်းနေတိုး (ရုပ်ရှင်သရုပ်ဆောင်)အလောင်းစည်သူတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့စိုင်းစိုင်းခမ်းလှိုင်ခွန်ဆာမြန်မာသဒ္ဒါကွန်မြူနစ်ဝါဒကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံကျင့်ဝတ်အာဆင်နယ်ခွေးရူးပြန်ရောဂါဘဏ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တင်အောင်စန်းမြန်မာ့ဝတ်စားဆင်ယင်မှုသင်္ချာ၁ ဧပြီပုလွေမှုတ်ခြင်းချဉ်ပေါင်ဗဒင်ကပ်ခင်မောင်တိုးမောရသုတ်ရွှေစည်းခုံ စေတီတော် (ပုဂံ)ဂျာဗား (ပရိုဂရမ်မင်းဘာသာစကား)တွံတေးသိန်းတန်ရွှေမော်ဓောဘုရား(ပဲခူး)မြန်မာဝီကီပီးဒီးယားမဟာသတိပဋ္ဌာနသုတ်မြန်မာ့သမိုင်းကမ္ဘာ့အထိမ်းအမှတ်နေ့မွန်ဘာသာစကားမြန်မာသရုပ်ဆောင်များစာရင်းကရမက်သက်ရင်းကြီးပင်အင်ဒိုနီးရှားနိုင်ငံရခိုင်ပြည်နယ်ရွှေဘိုမြို့ရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံကျန်းမာရေးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနငါးပါးသီလကာ🡆 More