ရှင်ယောဟန်

ရှင်ယောဟန်သည် ဇေဗေဒဲ(Zebedee) ၏ သားဖြစ်လေသည်။ ခရစ်တော်သည် ရှင်ယောဟန်ကို အစ်ကို ဖြစ်သူ ယာကုပ် (James The Great) နှင့် အတူ သာသနာပြုခရီးများအတွက် နောက်လိုက်တမန်တော်အဖြစ် ခန့်အပ်ခဲ့သည်။ ရှင်ယောဟန်ကို ခရစ်ဝင်ကျမ်းများနှင့် တမန်တော်ဝတ္ထုတို့၌ ထင်ရှားသော တမန်တော် အဖြစ် ဖော်ပြခဲ့သည်။ ရှင်ယောဟန် နှင့် သူ၏အစ်ကိုဖြစ်သူ ယာကုပ်ကို ဗောနေရဂက် (”Boanerges”) ဟု ခရစ်တော်က ချစ်စနိုးအမည်ပေးခေါ်ဝေါ်ခဲ့သည်။ Boanerges မှာ မိုးကြိုးသား (Sons of Thunder) ဟု အဓိပ္ပာယ်ရလေသည်။ စိတ်မထိန်းနိုင် ဒေါသထွက်လွယ်သဖြင့် ယင်းကဲ့သို့ အမည်ပေးခဲ့ခြင်း ဖြစ်တန်ရာသည်။ ယာကုပ်ထက် အသက်အရွယ်အားဖြင့် ငယ်ရွယ်သော်လည်း ဗတ်တိဇံယောဟန်ထံတပည့်ခံခဲ့ပြီးမှ ခရစ်တော်နောက်သို့ လိုက်ခဲ့ဟန်တူလေသည်။


ပုံ(၁) ။ ။ ရှင်ယောဟန်

ရှင်ယောဟန်သည် ခရစ်ယာန်ဘာသာ အတွက် လွန်စွာမှ အရေးပါသော ပုဂ္ဂိုလ်ဖြစ်လေသည်။ လေးခုမြောက်သော ခရစ်ဝင်ကျမ်းအပြင် ”ရှင်ယောဟန် ဩဝါဒစာ”၊ ”ဗျာဒိတ်ကျမ်း“ တို့ကို ရေးသားခဲ့လေသည်။ ကျမ်းစာပညာရှင် တချို့က ထိုကျမ်းများအားလုံးကို ရှင်ယောဟန် ကိုယ်တိုင် ရေးသားခြင်းကို သံသယရှိသော်ငြားလည်း ရှင်ယောဟန်၏ ခရစ်ယာန်သမိုင်း၌ ပါဝင် ပေးဆပ်ခဲ့မှုများကိုကား ငြင်းနိုင်လိမ့်မည်မဟုတ်ချေ။ ကျမ်းစာများ၌ ရှင်ယောဟန်နှင့် ယာကုပ်တို့အား အခြားသော တမန်တော်များထက် ပို၍ အရေးပါအရာရောက်သော သူများအဖြစ် ဇောင်းပေးဖော်ပြခဲ့သည်။

ရှင်ယောဟန်သည် တရားဇရပ်မှူး သမီးအား ရှင်သန်ထမြောက်စေသည့် အချိန်၌ ခရစ်တော်နှင့်အတူ ရှိနေခဲ့သည်။ ခရစ်တော် Tabor တောင်ပေါ်၌ အဆင်းသဏ္ဌာန်ပြောင်းချိန်၌လည်း ရှိနေခဲ့သည်။ ခရစ်တော် အဖမ်းမခံရမှီ ဂေသရှင်မာန် ဥယျာဉ်၌ ဆုတောင်း နေစဉ်အချိန်၌လည်း ခရစ်တော်နှင့် အတူ ရှိနေခဲ့သည်။ သူသည် ခရစ်တော်ရှင်ပြန်ထမြောက်သည် ကို အကြွင်းမရှိယုံကြည်ခဲ့သော တမန်တော်များအနက် တစ်ပါးအပါအဝင်ဖြစ်ပြီး ဂနေငျ်သရက်(Gennesaret) ကမ်းစပ်၌ ခရစ်တော်မှ ကိုယ်ထင်ပြစဉ် သခင့်အား ပထမဦးဆုံး မှတ်မိသိရှိသူဖြစ်သည်။ သမိုင်းဓာတ်ပုံများကို ကြည့်ရှု့လိုလျင် မြင့်မြတ်သောနေရာသို့ အလယ်တစ်ခေါက်ကို ကြည့်ရှု ပါ။

ကျမ်းစာထဲ၌ ဖော်ပြထားချက်များမှ လွဲ၍ ရှင်ယောဟန်၏ အခြားသော အကြောင်းများကို သိရှိရန် မလွယ်ကူလှ။ သူဘယ်သူဘယ်ဝါ အတိအကျကိုသော်လည်းကောင်း၊ သူ၏ သက်မွေးဝမ်းကြောင်း ကို သော်လည်းကောင်း မသိရပေ။ တမန်တော်ကြီးရှင်ပေါလုက ရှင်ယောဟန်သည် ကနဦး ဂျေရုဆလင် အသင်းတော်အား တည်ထောင်ရာတွင် အခြေခံအုတ်ဖြစ် ဖြစ်ခဲ့သည်ဟု ဆိုသည်။ ဆိုရိုးစကားများအရ ကနဦး အသင်းတော်များကို တည်ထောင်ခဲ့သော၊ စမုရန(Smyrna) အသင်းတော်ကြီး၏ ဘုန်းတော်ကြီး ဖြစ်ခဲ့သော ပိုလီကပ်(Polycarp) ကို ရှင်ယောဟန်ကိုယ်တိုင် သင်ကြားပေးခဲ့သည်။ သို့ဖြစ်၍ ကနဦးအသင်းတော်များသည် ပိုလီကပ်၊ ရှင်ယောဟန် ကဲ့သို့သော တမန်တော်များမှတဆင့် ခရစ်တော်နှင့် ဆက်နွယ်ခဲ့လေသည်။

ဆိုစကားများအရ ရှင်ယောဟန်သည် မယ်တော်မာရိနှင့် အတူ ဧဖက်(Ephesus) မြို့သို့ ရွေ့ပြောင်း နေထိုင်၍ အသက်ကြီးရင့်သောအခါ ဘုန်းတော်ဝင်စားလေသည်။ ရှင်ယောဟန်သည် (အခြားအနည်းငယ်သော ခရစ်တော်၏တမန်တော်များနည်းတူ) ကွပ်မျက်ခံရခြင်းဘေးမှ ရှားရှားပါးပါး လွတ်မြောက်ခဲ့သည်။ မော်(ရ်)မွန် (Mormon) များ၏ ယုံကြည်ချက်အရမူ ရှင်ယောဟန်သည် အသက်ရှင်ဆဲဖြစ်ပြီး ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာမည့် အချိန်ကို စောင့်စားနေလေသည်။

Ref:

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ခရစ်ယာန်ဘာသာဦးသန့်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းသစ္စာလေးပါးမြန်မာကျပ်ငွေအယုဒ္ဓယပြည်ထောင်စုနေ့တောင်ငူခေတ်ရာပြည့်မြန်မာ့ ပထမဆုံးများဘုရားဂုဏ်တော်သဲအင်းဂူဆရာတော်ဘရူနိုင်းနိုင်ငံလယ်တွင်းသား စောချစ်ကဆိုရိုးစကားစွမ်းအင် ဝန်ကြီးဌာနပင်လယ်သေတောင်ပိုင်းတိုင်းစစ်ဌာနချုပ်အသည်းရောင် အသားဝါ ရောဂါ စီပိုးကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)ဗမာပြည် ကွန်မြူနစ်ပါတီ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းငှက်ဖျားရောဂါသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊သနပ်ခါးဂုဏ်တော်ကွန်ချာတပ်ရင်း (၇)သမုဒ္ဒရာငါး (တိရစ္ဆာန်)ကျောက်ကပ်ရောင်ရောဂါဇာတိပ္ဖိုလ်မြန်မာနိုင်ငံ၏ လူဦးရေသံချပ်ကာယန္တရားတပ်ဖွဲ့ယာဘရှင်သီဝလိဂါထာပါရမီအရက်လီတာကွန်ဒုံးဂျပန်နိုင်ငံရှိ မြို့များစာရင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စက္ကဝတ္တိသုတ်ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံပန်းချီလိင်စိတ်ဆွခြင်းMinecraftစစ်ကိုင်းမြို့ခန္ဓာဗေဒဂျူး (စာရေးဆရာမ)လင်းနို့ရှမ်းလူမျိုးနေအဖွဲ့အစည်းကမ္ဘာဂြိုဟ်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များတျာချင်းလိင်ဆက်ဆံခြင်းဘဒ္ဒကမ္ဘာကာကွယ်ရေးဦးစီးချုပ်(ရေ)စအိုဖြင့် လိင်ဆက်ဆံခြင်းငသိုင်းချောင်းမြို့ခန္ဓသုတ်ရိုဟင်ဂျာမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အမြောက်ပညာရေးဝန်ကြီးဌာနသူငယ်နာအိန္ဒိယနိုင်ငံရိုင်ဖယ်ချင်းပြည်နယ်ခွန်ဆာသာလွန်မင်းညစ်ညမ်းခြင်းများရသနေဝင်း (ဗိုလ်ချုပ်ကြီး)🡆 More