ယန်း ယက် ရူးဆိုးသည် ပြင်သစ်စာရေးဆရာနှင့် ဒဿနိကဗေဒပညာရှင် ဖြစ်ပေသည်။ သူသည် ဟျူးဂျနိုးမိဘများမှ ၁၇၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီးဗားမြို့၌ မွေးဖွားသည်။ မိခင်မှာ သူ့ကို ဖွားမြင်ပြီးနောက် အနိစ္စရောက်လေသည်။ ဖခင်သည်လည်း တစ်ရပ်တစ်ကျေးသို့ ပြောင်းရွေ့သွားသဖြင့် အဒေါ်ဖြစ်သူ၏ လက်တွင် ကြီးပြင်းလာခဲ့ရသည်။ အသက် ၁၄ နှစ် အရွယ်တွင် ပုံထွင်းဆရာတစ်ဦးထံ၌ ပညာသင်အဖြစ် လုပ်ကိုင်ပြီးနောက် အသက် ၁၆ နှစ်အရွယ်တွင် အိမ်မှ ထွက်ပြေးသည်။ ဤသို့ဖြင့် ၁၇၄၁ ခုနှစ်၌ ပြင်သစ်နိုင်ငံ ပါရစ်မြို့သို့ ရောက်လာ၏။
ယန်း ယက် ရူးဆိုး | |
---|---|
Rousseau by Maurice Quentin de La Tour, 1753 | |
မွေးဖွား | ဂျနီဗာမြို့, Republic of Geneva | ၂၈ ဇွန်၊ ၁၇၁၂
ကွယ်လွန် | ၂ ဇူလိုင်၊ ၁၇၇၈ Ermenonville, France | (အသက် ၆၆)
ခေတ် | 18th-century philosophy (Early modern philosophy) |
ဒေသ | Western philosophy |
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school) | Social contract en:Romanticism |
အဓိက စိတ်ဝင်စားရာ | Political philosophy, ဂီတ, ပညာရေး, စာပေ, autobiography |
မှတ်သားလောက်သည့် အတွေးအကြံ | General will, amour de soi, amour-propre, moral simplicity of humanity, ကလေးဗဟိုပြုသင်ကြားရေးစနစ်, civil religion, popular sovereignty, positive liberty, public opinion |
သူ့အပေါ်ဩဇာလွှမ်းမိုးမှုများ | |
သူ၏ဩဇာလွှမ်းမိုးခံ | |
လက်မှတ် | |
ရူးဆိုးသည် ပြင်သစ်လူမှုရေးစံနစ်တွင် အထက်တန်းစားလူများ၏ ဩဇာလွှမ်းပုံနှင့် ဆင်းရဲသားလူတန်းစားတို့ လူရာမဝင်ပုံတို့ကို သိမြင်လာလေ၏။ ထိုအချက်ကို အခြေပြု၍ လူမှု ပဋိညာဉ်ခေါ် စာအုပ်ကို ပြုစုရေးသားလေသည်။ ရူးဆိုးသည် ထိုစာအုပ်တွင် လူ့အဖွဲ့အစည်း၌ အစိုးရသူဟူ၍ ပေါ်ပေါက်လာ ပုံကို၎င်း၊ အစိုးရအာဏာသည် လူထုထံမှ ဆင်းသက်လာပုံကို ၎င်း ရေးသားဖော်ပြ၏။ သို့ဖြစ်၍ လူထုသဘောမတူသော တရားဥပဒေသည် မတည်မြဲနိုင် ဟုဆိုသည်။ ထိုစာအုပ်သည် ပြင်သစ်အမျိုးသားတို့၏ တော်လှန်ရေးစိတ်ဓာတ်ကို သိသိသာသာ လှုံဆော်ပေးလိုက်သည် ဖြစ်သောကြောင့် ၁၇၈၉ ခုနှစ်တွင် ပြင်သစ်တော်လှန်ရေး ဖြစ်ပွားရသော အကြောင်းရင်းတစ်ခု ဖြစ်လေသည်။ သူထွင်ခဲ့သော လွတ်လပ်ရေး၊ သာတူညီမျှရေးနှင့် ချစ်ကြည်ရေးဟူသည့် စာအုပ်ကို မြဒေါင်းညိုက မြန်မာဘာသာပြန်ခဲ့ဘူးသည်။
ပညာရေးနှင့် စပ်လျဉ်း၍လည်း မိမိ၏ အယူအဆများကို အိမီးခေါ်စာအုပ်၌ ဖော်ပြထားလေသည်။ ရူးဆိုးက ကျောင်းသားများကို ပညာသင်ကြားရာ၌ ပို၍ လွတ်လပ်ခွင့်ပေးရန် ထောက်ခံတင်ပြထားသည်။ ယခုခေတ် ပညာသင်ကြားရေးနည်းစံနစ်သည် ရူးဆိုး၏ ပညာရေးအယူအဆအချို့ကို မှီးသည်ဟု ဆိုနိုင်၏။ ထိုစာအုပ်ကို ဒေါ်မမခင်က မြန်မာဘာသာပြန်ခဲ့သည်။
ရူးဆိုးသည် ပြင်သစ်စာပေလောက၌လည်း စိတ်ကူးစိတ်သန်း အသစ်ထွင်၍ ရေးသားခဲ့သူ ဖြစ်ပေသည်။ ဘဝအကျိုးမြင် စာပေ၏ ဖခင်ဟူ၍ပင် အချို့က ဆိုကြလေသည်။ ၁၇၈၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမျိုး ဖြစ်သည့် ကွန်ဖက်ရှင်းခေါ် စာအုပ်မှာ သူ၏ထင်ရှားသော စာပေလက်ရာ ဖြစ်သည်။ ရူးဆိုးသည် လူများကို အသိဉာာဏ် တိုးပွားအောင် လမ်းပြခဲ့သော်လည်း ကိုယ်တိုင်မူကား အပြောနှင့်အလုပ် မညီညွတ်သူ ဖြစ်၏။ သဘာဝ၏ လှပတင့်တယ်ပုံကို အမွှမ်းတင်ရေးသားသော်လည်း ကိုယ်တိုင်မြို့ထဲ၌ ကျပ်တည်းကျဉ်းမြောင်းစွာ နေထိုင်သည်က များသည်။ လူတို့၏ တန်းတူအခွင့်အရေးနှင့် လွတ်လပ်မှုကို အရေးဆို တင်ပြခဲ့သော်လည်း ကိုယ်တိုင်မှာမူကား အမြဲဆင်းရဲငြိုငြင်စွာ နေထိုင်ရလေသည်။
၁၇၆၂ ခုနှစ်၌ ရူးဆိုးသည် အယူဝါဒဆိုင်ရာ အယူအဆများကြောင့် အင်္ဂလန်နိုင်ငံသို့ ရှောင်တိမ်းနေထိုင်ရသည်။ ၁၇၆၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ ပြန်ရောက်သည်။ သို့သော် ကျန်းမာရေးချွတ်ယွင်းလျက် ရှိရာမှ ၁၇၇၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ပါရီမြို့အနီး၌ ကွယ်လွန်လေသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ယန်း ယက် ရူးဆိုး, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.