မာလကာသီး: အပူပိုင်းဒေသ သစ်သီး

ရုက္ခဗေဒ အလိုအားဖြင့် မာလကာပင်ကို ဆစ်ဒီယမ် ဂွာဂျဗား ဟုခေါ်၏။ ရခိုင်လို ဂိုယိုင်ပင်ဟု ခေါ်သည်။ ထိုအပင်သည် မာတေစီအီးမျိုးရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံ၌ သဘာဝအလျောက် ပေါက်သော အပင်မျိုး မဟုတ်ပေ။ မူလပေါက်ရာ အရပ်မှာ မြောက်အမေရိကတိုက်ရှိ မက္ကဆီကိုနယ်နှင့် တောင်အမေရိကတိုက်ရှိ ပီရူးနိုင်ငံတို့ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင်းသို့ တစ်ဆင့်ယူဆောင်စိုက်ပျိုးသည့် သစ်ပင်ငယ်များ ဖြစ်သည်။

မာလကာသီး: အပူပိုင်းဒေသ သစ်သီး
လှီးထားသော ကီလိုမာလကာ
Guavas, common
၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး
စွမ်းအင်၂၈၅ kJ (၆၈ kcal)
14.32 g
သကြား8.92 g
Dietary fiber5.4 g
အဆီဓာတ်
0.95 g
ပရိုတိန်း
2.55 g
ဗီတာမင်များ
ဗီတာမင် အေ
beta-carotene
(4%)
31 μg
(3%)
374 μg
Thiamine (B1)
(6%)
0.067 mg
Riboflavin (B2)
(3%)
0.04 mg
Niacin (B3)
(7%)
1.084 mg
Pantothenic acid (B5)
(9%)
0.451 mg
ဗီတာမင် ဘီ6
(8%)
0.11 mg
Folate (B9)
(12%)
49 μg
ဗီတာမင် စီ
(275%)
228.3 mg
ဗီတာမင် ကေ
(2%)
2.2 μg
သတ္တုဓာတ်များ
ကယ်လဆီယမ်
(2%)
18 mg
သံဓါတ်
(2%)
0.26 mg
မဂ္ဂနီစီယမ်
(6%)
22 mg
မက်ဂနိစ်
(7%)
0.15 mg
ဖော့စဖရပ်
(6%)
40 mg
ပိုတက်ဆီယမ်
(9%)
417 mg
ဆိုဒီယမ်
(0%)
2 mg
သွပ်
(2%)
0.23 mg
အခြားပါဝင်ပစ္စည်း
Lycopene5204 µg

  • ယူနစ်များ
  • μg = မိုက်ခရိုဂရမ် • mg = မီလီဂရမ်
  • IU = နိုင်ငံတကာ ယူနစ်
Percentages are roughly approximated using US recommendations for adults.
ရင်းမြစ်: USDA Nutrient Database

ရေမဝပ်သည့် သဲဆန်ဆန် ဂဝံမြေမျိုး၌ မာလကာပင်များ ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် မေမြို့အနီး ရှမ်းကုန်းပြင်မြင့်နှင့် အခြားအရပ်ရှိ ခြံဥယျာဉ်များ၌ မာလကာပင်များကို စိုက်ပျိုးထားကြသည်။ မာလကာပင်များ ပွားလာအောင် မြေထုပ် စည်းခြင်း၊ အကိုင်းဆက်ခြင်း၊ အကိုင်းမြေမြု|ပ်ခြင်း၊ သားတက်ဖြတ် စိုက်ခြင်း စသည့် နည်းအမျိုးမျိုးတို့ဖြင့် စိုက်ပျိုးနိုင်သည်။ သို့သော် မြန်မာနိုင်ငံတွင် အစေ့စိုက်နည်းကိုသာ အသုံးပြုကြသည်။ တစ်ပင် နှင့် တစ်ပင် ပေ ၂ဝ စီခွာ၍ အတန်းလိုက် စိုက်သင့်သည်။ အပင် သက် ၃ နှစ်ခန့်ရှိလာသောအခါ အသီးသီးတော့၏။ အပင်သက် နုစဉ် အချိန်မှစ၍ အကိုင်းအခက်တို့ကို ချိုင်ပေးလျှင် အသီးများ သီးနိုင်သည်။

အခေါက်သည် ချောမွတ်၍ ညိုဖျော့ဖျော့ အရောင်တွင် အကွက်များ ပေါ်လျက်ရှိသည်။ အချင်း ၁ ၁ /၂ လက်မခန့်ရှိသော အပွင့်ဖြူများ ပွင့်ရာ အနံ့အနည်းငယ်မွေး၏။ မာလကာပင်မျိုး အများအပြားရှိသော်လည်း စင်စစ် မာလကာဖြူမျိုးနှင့် မာလကာနီ မျိုးဟူ၍ နှစ်မျိုးသာ ခွဲခြားထားသည်။ မာလကာဖြူမျိုး အပင်တို့တွင်အပွင့်များ တစ်ပွင့်ချင်းပွင့်၍ သစ်သော့သီးပုံ အသီးများသီးသည်။ အနီမျိုး အပင်တို့တွင်ကား တစ်ခိုင်တွင် ၂ ပွင့်၊ ၃ ပွင့်စီ အခိုင်လိုက်ပွင့်၍ အသီးမှာ အလုံး၊ သို့မဟုတ် ရှည်ဝိုင်းဝိုင်းရှိကြ သည်။ မာလကာသီးအတွင်း၌ မာသောအစေ့ငယ်များ အများအပြား ရှိ၏။ အသီးမှည့်လျှင် အသားပျော့လာ၍ အရသာမှာ ချိုယောင် ယောင်ဖြစ်သည်။ အသီးတစ်ခုလုံးကို စားရသည်။

အသီးမှည့်ထက် အသီးစိမ်း အပွများကို အချို့ပို၍နှစ်သက်ကြသည်။ အသီးစိမ်းနှင့် အသီးမှည့်များအပြင် မာလကာယို ပြုလုပ်၍လည်း စားကြသည်။ မာလကာသားသည် ညိုမွဲမွဲအရောင်ရှိ၍ အတော်အသင့်မာသည်။ ယင်းအသားကို သေနတ်ပြောင်းခံအသား ပြုလုပ်ခြင်း၊ ပုံထွင်းခြင်း၊ သင်္ချာအတိုင်းအတာ ကိရိယာများ ပြုလုပ်ခြင်းတို့၌ အသုံးပြုကြသည်။

ကိုးကား

Tags:

တောင်အမေရိကတိုက်ပီရူးနိုင်ငံမက္ကဆီကိုမြောက်အမေရိကတိုက်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆော်ဒီအာရေဗျနိုင်ငံမြင်း၂၀ ရာစုနှစ်ပြည်ထဲရေး ဝန်ကြီးဌာနဥဩဆိုင်းဝိုင်းမြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများအလောင်းမင်းတရားဂေဟစနစ်မဟာရဋ္ဌသာရ၊ သျှင်လား (တိရစ္ဆာန်)စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမြန်မာစာပေAsusသင်္ဃန်းကျွန်းမြို့နယ်အင်ဒိုနီးရှားနိုင်ငံရုရှားနိုင်ငံညောင်ရမ်းခေတ်ပါရီမြို့တွံတေးမြို့ကမ္ဘာမကျေပဲခူးမြို့မိုးကုတ်မြို့သောမတ် အက်ဒီဆင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဂဠုန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမြန်မာနိုင်ငံမြန်မာကျပ်ငွေကရင်ပြည်နယ်စိတ်ပညာပုဂံခေတ်တရုတ်သမိုင်းမယ်ခွေမြန်မာ့စွယ်စုံကျမ်းဘန်ကောက်မြို့အငဲမြွေဝင်းဦးထားဝယ်မြို့ဥပ္ပါတသန္တိ စေတီတော်ကျုံဒိုးမြို့ရေးမြို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှစ်ဆန်းတစ်ရက်နေ့လောက်ကိုင်မြို့ဖေ့စ်ဘွတ်ခ်မြန်မာတိုင်းရင်းသားမျိုးနွယ်များမင်္ဂလာပါအသည်းရောင် အသားဝါ ရောဂါ ဘီပိုးကြာသပတေးဂြိုဟ်မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများဝိဘတ်ဦးဆောင်းမေထုနပါရာဇိကချောင်းဆိုးခြင်းအေသင်မြို့မြန်မာအက္ခရာချားလ်စ်မန်ဆန်မြန်မာနိုင်ငံ ရေနံလုပ်ငန်းအစ္စရေးနိုင်ငံသီတဂူဆရာတော်နန္ဒမာလာဘိဝံသတာရာမင်းဝေကံ့ကော်ပင်ဧဝရတ်တောင်ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနပညာရေးသတိပဋ္ဌာန်မြန်မာ ငွေစက္ကူ သမိုင်းသာသနာ့ အလံရွှေအိမ်သည်မင်းအောင်လှိုင်စက္ကူပန်းအနတ္တလက္ခဏသုတ်မာသာ ထရီဆာ🡆 More