မာဖီးယားသည် ကမ္ဘာပေါ်ရှိ ဒုစရိုက် အဖွဲ့အစည်းများ အရေအတွက်ကို ဖော်ပြရာတွင် အသုံးပြုသော အခေါ်အဝေါ်ဖြစ်သည်။ ပထမဦးစွာ အမည်ဖြင့်ဖော်ပြမည်ဆိုလျှင် ဆိုင်ဆီလီယံ မာဖီးယား ဖြစ်ပြီး အီတလီအခြေပြုဖြစ်သည်။ ၎င်း၏အဖွဲ့ဝင်များကို ကိုဆာ နိုဆထရာ ဟုသိကြသည်။ အမေရိကန် ပြည်ထောင်စုတွင် “မာဖီးယား”ကို ယေဘုယျအားဖြင့် အမေရိကန် မာဖီးယား ဟုညွှန်းဆိုကြသည်။ အခြားသော မာဖီးယားကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းများကို ဖော်ပြရမည်ဆိုလျှင် ရုရှား မာဖီးယား၊ တရုတ် ထရိုင်ယက်၊ အယ်လ်ဘေးနီးယန်း မာဖီးယား၊ ဘော့စ်နီးယန်း မာဖီးယား၊ အိုင်းရစ် လူဆိုးဂိုဏ်း၊ ဂျပန် ယာကူဇာ၊ နီရာပိုလီတန် ကာမောရား၊ ကာလာဘရိုင်ယန် အင်ဒရန်ဟီတာ၊ အင်ဒီယန်း မာဖီးယား၊ ယူနီဝမ်း ကောစ်၊ ဆာဗီးယန်း မာဖီးယား နှင့် ဘူလ်ဂေးရီးယန်း မာဖီးယား တို့ဖြစ်ကြသည်။ ဒေသအတွင်းတွင်ဖွဲ့စည်းထားသော မာဖီးယား အဖွဲ့အစည်းများ ကမ္ဘာအရပ်ရပ်၌ရှိကြပြီး မည်သည့်တိကျသော လူမျိုးရေးနောက်ကြောင်းနှင့်မျှ အဆက်အသွယ်မရှိကြပါ။ အချို့သော ဒုစရိုက် အဖွဲ့အစည်းများဖြစ်ကြသည့် အကြမ်းဖက် အဖွဲ့အစည်းများသည် နိုင်ငံရေးအရင်းခံများ ဖြစ်ကြသည်။ လူဆိုးဂိုဏ်းများ စည်းကမ်းတကျရှိခဲ့မည်ဆိုလျှင် စနစ်တကျရှိသည်ဟုဆိုရန် လုံလောက်သည်။ စနစ်တကျစီိစဉ်ထားသော လူဆိုးဂိုဏ်း သို့မဟုတ် ဒုစရိုက်သားများကို ဆူပူသောင်းကျန်းသောလူအုပ်စုဟုလည်း ညွှန်းဆိုနိုင်သည်။ ဖွဲ့စည်းတည်ဆောက်ထားသည့် အဖွဲ့တစ်ဖွဲ့အနေဖြင့် ဒုစရိုက်လုပ်ငန်းများနှင့် ပတ်သက်နေမှုဆိုင်ရာ အက်ဥပဒေကို အမေရိကန် ပြည်ထောင်စုတွင် တရားမဝင်လုပ်ငန်းအဖြစ် ညွှန်းဆိုသည်။
မာဖီးယား ခေါ် ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်အသင်းကြီးသည် အီတလီပြည်ပိုင်၊ စစ္ဆလီကျွန်းကြီးမှ ၁၈၅၄-ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။ မာဖီးယားအသင်းကြီး၌ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ရေးရှိ၏။ အသင်းကြီးက စည်းမျဉ်းဥပဒေ ရေးဆွဲသတ်မှတ်မထား။ ထုံးတမ်းအဆင်အလာအတိုင်း ခရီးသွား၏။ ပုလိပ်စုံထောက်အဖွဲ့များ ခန့်အပ်ထားသည်။ အီတလီအစိုးရကို တစ်ဂိုဏ်းတစ်စင်ဖြင့် အန်တုသော အစည်းအရုံးကြီး ဖြစ်သည်။ အသင်းကြီးဩဇာမခံသူများကို မြေလှန်ရှာဖွေ၍ အဆုံးစီရင်ပစ်၏။ မာဖီးယားများသည် တိုင်းပြည်ကြီးတွင် တိုင်းပြည်ငယ် တစ်ဆူ ထွန်းကားနေသည်သာမက နေပြည်တော်ကို ထီးပြိုင်နန်းပြိုင်ဆိုင်နေသော တစ်သီးပုဂ္ဂလ တိုင်းပြည် အစည်းအရုံးအသင်းအဖွဲ့ ဖြစ်၏။
မာဖီးယားအသင်းသည် ပေါ်စ၌ လက်ရွေးစင် ခေါင်းဆောင်များ မရှိ။ လျှို့ဝှက်သော အမှတ်သညာ တစ်စိတ်တစ်ဒေသ အသင်းတံဆိပ်၊ ဇာတ်သွင်းသော အခမ်းအနားနှင့် အသင်းဝင် စည်းကမ်းဥပဒေ သီးသီးသန့်သန့်ကြီး မထားချေ။ အသင်းဝင်လိုသူသည် သတ္တိဗျတ္တိ စွမ်းပကားနှင့် ပြည့်စုံ၍ ဓားခုတ်လှံထိုး လက်ရုံးရည် အတတ်ပညာ တတ်မြောက်ပါက အလိုအလျောက်ပင် မာဖီးယားအသင်းသား ဖြစ်သွားနိုင်သည်။ ယောက်ျားပီသသော စစ္ဆလီကျွန်းသားတိုင်း မာဖီးယားအသင်းသား ဖြစ်၏။ အသင်းဝင်မှာ သူရဲဘောနည်းကြောင်းပြသည်နှင့် တစ်ပြိုင်နက် အသင်းကြီး၏ ထုံးစံအတိုင်း အသတ်ခံရ၏။ မာဖီးယားအသင်းသားများ ပြောကြားသော "'ဗန်းစကား"' သက်သက်ပေါ်သေးသည်။ အားကြီးသူ- အရဲဆုံး အမိုက်ဆုံးသူသည် ဗိုလ်ဖြစ်၏။ သူ့ထက်သူ လူစွမ်းကောင်းများ ပေါ်ပေါက်၏။ ဗိုလ်လုပွဲ ပေါ်၏။ လုယက်တိုက်ခိုက် စုဆောင်းရသမျှကို ဩဇာအာဏာကြီးသူများက မိမိတို့ ကြိုက်သလို ဝေငှ ယူကြ၏။ နှုတ်ဆိတ်မှုသည် မာဖီးယားတို့ ရိုသေရသော ဓလေ့ဖြစ်၏။ ရဲရင့်ခြင်း အဆင်အလာကို ထိန်းသိမ်းမှုသည် မာဖီးယားတို့၏ ဝတ္တရားပင် ဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article မာဖီးယား, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.