မက်ဒူဆာ: ဂရိဒဏ္ဍာရီလာမိစ္ဆာနတ်ဘုရား

ဂရိဒဏ္ဍာရီတွင် မက်ဒူဆာ (ဂရိ: Μέδουσα; အင်္ဂလိပ်: Medusa; အင်္ဂလိပ်/မစ်ဒယူးဇာ_(ဆာ)/)ကို ဂေါဂို (Gorgo) အဖြစ်လည်း ခေါ်တွင်ကြ၍ မိစ္ဆာ ဂေါဂန်သုံးပါး (Gorgon) ထဲမှ တစ်ဦးဖြစ်သည်။ ယေဘုယျအားဖြင့် ဂေါဂန်များကို ဖော်ပြရာတွင် အတောင်ပံပါ၍ အဆိပ်ရှိ မြွေများစွာရစ်ခွေနေသော ဦးခေါင်းပုံဖြင့် ဖြစ်လေသည်။ မက်ဒူဆာ၏ ဇာတ်လမ်းကို ကျယ်ကျယ်ပြန့်ပြန့်ရေးဖွဲ့ထားသည်မှာ ရောမကဗျာဆရာ အောဗစ်၏ 'ပြောင်းလဲမှုများ' (Metamorphoses) စာအုပ်ဖြစ်သည်။ ကဗျာအရ သူမသည် အလွန်ချောမောလှပ၏။ ပိုဆိုက်ဒန်က အသီးနာဘုရားကျောင်းဆောင်တွင် သူမကို အဓမ္မပြုကျင့်ခဲ့ရာ ထို့နောက် အသီးနာက မက်ဒူဆာကို ဤသို့ စေယ်ကားခံရခြင်းကြောင့် အပြစ်ပေးသည့်အနေဖြင့် ယခုသိရှိသည့်အတိုင်း သူမကို မိစ္ဆာသဏ္ဌာန်၊ ကြည့်ခံရသူများ ကျောက်တုံးဖြစ်သွားစေသည့် သတ္တဝါမျိုးအဖြစ် ပြောင်းလဲခဲ့သည်။ ရင်းမြစ်အများစုက သူမကို ဖောဆစ် နှင့် ဆီးတိုတို့၏ သမီးဖြစ်သည်ဟု ဖော်ပြကြသည်။ သို့ရာတွင် စာရေးဆရာ ဟစ်ဂျိုင်းနက်စ်က ဂေါဂန်နှင့် ဆီးတို၏ သမီးအဖြစ် ပြဆိုသည်။ ဟီးဆီးယဒ် နှင့် အီးစကီးလပ်စ်က သူမသည် ကစ်သီးနီ (Cisthene) ကမ်းရိုးတန်းမြို့ အနီးရှိ ဆာပဲဒန် (Sarpedon) ကျွန်းတွင် နေထိုင်၍ သေဆုံးခဲ့သည်ဟု ရေးသားကြသည်။ ဘီစီ ဒုတိယရာစု ဝတ္ထုရေးဆရာ ဒိုင်ယာနီးဆီးယပ်စ် စကီးတိုဘရာချီယန်က သူမသည် လစ်ဗျားနိုင်ငံရှိ နေရာတစ်နေရာတွင် ထား၍ ရေးဖွဲ့ပြီး ယင်း၌ ဟီရော့ဒတပ်စ်က မြောက်အာဖရိကအပိုင်းမှ ဘားဘာအနွယ်ဝင်များက ၎င်းတို့၏ ဘာသာရေးအစိတ်အပိုင်းအဖြစ် မက်ဒူဆာ၏ ဒဏ္ဍာရီကို စတင်ဖြစ်ပေါ်စေသည်ဟု ဆိုသည်။ မက်ဒူဆာသေဆုံးပြီးနောက် အသီးနာနတ်ဘုရားမအတွက် နတ်ဆရာအဖြစ် ဆောင်ရွက်ခဲ့၍ တဖန် ဆံပင်အသစ်များဖြစ် ဖြစ်ပေါ်လာခဲ့သည်။

မက်ဒူဆာ
မက်ဒူဆာ: ဂရိဒဏ္ဍာရီလာမိစ္ဆာနတ်ဘုရား
ဘီစီ (၄)ရာစုမှ ဂန္ထဝင်ခေတ်ဂရိ ရေးဆွဲချက် မက်ဒူဆာ
ကိုယ်ရေး အချက်အလက်
မိဘများဖောဆစ် နှင့် ဆီးတို
မွေးချင်းဟဲစပါရစ်ဒီးဇ် (ညနေခင်း နတ်သမီးများ)၊ စသီးနို၊ ယူအာရိုင်းယာလီ၊ ဂရွိုင်းယီ (ညီမသုံးဖော်)၊ သို့အိုဆာ၊ ဆစ်လာ နှင့် လေးဒန်
ကလေးပက်ဂါဆပ်စ်၊ ခရစ်ဆာအို
မက်ဒူဆာ: ဂရိဒဏ္ဍာရီလာမိစ္ဆာနတ်ဘုရား
မက်ဒူဆာခေါင်းနှင့် ပါးဆီးယပ်စ်

မက်ဒူဆာကို ပိုဆိုက်ဒန်က အဓမ္မပြုကျင့်ပြီးနောက် ပါးဆီးယပ်စ်က ခေါင်းဖြတ်ခဲ့၍ သူမ၏ ဦးခေါင်းကို အသုံးချခဲ့သည်။ ခေါင်းပြတ်သွားသော်လည်း အကြည့်ခံရသူများ ကျောက်တုံးဖြစ်သွားစေသည့် စွမ်းရည်ကျန်ရစ်ခဲ့သည်မှာ ပါးဆီးယပ်စ်က ထိုဦးခေါင်းကို အသီးနာထံ ပေးအပ်သည်ပထိပင်ဖြစ်၍ အသီးနာက သူမ၏ ဒိုင်းတွင် တပ်ဆင်ခဲ့သည်။ ဂရိဂန္ထဝင်ခေတ်တွင် မက်ဒူဆာဦးခေါင်းပုံကို မကောင်းမှုကံကြမ္မာ တန်ပြန်ခုခံ၊ ဖယ်ရှားသည့် အဆောင်အယောင် (Gorgoneion) အဖြစ် အသုံးချခဲ့ကြသည်။

ကိုးကား

Tags:

ဂရိဒဏ္ဍာရီဂရိဘာသာစကားပိုဆိုက်ဒန်လစ်ဗျားနိုင်ငံဝီကီပီးဒီးယား:Citation neededဟီရော့ဒိုးတပ်ဟီးဆီးယဒ်အင်္ဂလိပ်ဘာသာစကားအသီးနာအီးစကီးလပ်စ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ပြင်ဦးလွင်မြို့နယ်စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဆော်ဒီအာရေဗျနိုင်ငံပြည်ထောင်စုအစိုးရအဖွဲ့ကျင့်ဝတ်ဆိုကရေးတီးစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)လိင်စိတ်ဆွခြင်းဗိုလ်တစ်ထောင်ဘုရားအနိစ္စအင်္ဂါဂြိုဟ်၃၈ ဖြာ မင်္ဂလာသူငယ်နာမြစ်ကြီးနားမြို့အလောင်းစည်သူအရက်မင်းထီးလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း-၂ရခိုင်ပြည်နယ်ရခိုင်လူမျိုးဦးပိန်တံတားမြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ စာရင်းဗုဒ္ဓဘာသာအကြောင်းအကျဉ်းချုပ်သင်္ချာခင်ဝင့်ဝါမင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းသောမတ် အက်ဒီဆင်တောင်ငူခေတ်သည်အမျိုးသမီး (ရုပ်ရှင်)အနေကဇာတင်ခြင်းဒိုင်းခင်ခင်သစ်ခွဩစတြေးလျနိုင်ငံအိတ်ချ်အိုင်ဗွီ ရောဂါပိုးဗျည်းချဉ်ပေါင်မန္တလေး နန်းတော်ကျောက်စိမ်းမြန်မာနိုင်ငံ၏ လူဦးရေသမ္ဘူလမြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများပုဂံမင်းနိုင်ငံတော် သံဃမဟာနာယကအဖွဲ့မြန်မာ့ယဉ်ကျေးမှုမြန်မာနိုင်ငံသမိုင်းရွှေဝါရောင် တော်လှန်ရေးယာဘကချင်လွတ်မြောက်ရေးတပ်မတော်သံဃာဒိသိသ်အာပတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ဘုရင့်နောင်ဗမာပြည် ကွန်မြူနစ်ပါတီလိင်စိတ် နိုးထခြင်းငါး (တိရစ္ဆာန်)ချင်းပြည်နယ်ပြည်မြို့မြမြိတ်ကျွန်းစုအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ဘိန်းပူတာအိုမြို့ချောင်းဆိုးခြင်းဖိလစ်ပိုင်နိုင်ငံနိဗ္ဗာန်တနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်ရှောလူးသင်္ကြန်မိုးတိမ်ဘရူနိုင်းနိုင်ငံကျောက်ခေတ်တို့ဗမာအစည်းအရုံး🡆 More