နိုင်အာဂရာ ရေတံခွန်သည် နိုင်အာဂရာမြစ်ပေါ်တွင် တည်ရှိသော ထုထည်ကြီးမားသည့် ရေတံခွန်ကြီး တစ်ခု ဖြစ်သည်။ ကနေဒါနိုင်ငံ အွန်တေရီအို ဒေသနှင့် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တို့အကြားတွင် နိုင်ငံတကာ နယ်နိမိတ် အဖြစ် တည်ရှိသည်။ ရေတံခွန်သည် နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့၏ အနောက်မြောက်ဘက် ၁၇မိုင် (၂၇ ကီလိုမီတာ) အကွာနှင့် ကနေဒါနိုင်ငံ အွန်တေရီအိုမြို့၏ အရှေ့တောင်ဘက် ၇၅ မိုင် (၁၂၁ ကီလိုမီတာ အကွာတွင် တည်ရှိပြီး အမြွှာမြို့နှစ်မြို့ဖြစ်သော နိုင်အာဂရာဖောလ်မြို့ အွန်တေရီအို နှင့် နိုင်အာဂရာဖောလ်မြို့ နယူးယောက် တို့၏ကြားတွင် တည်ရှိသည်။
Niagara Falls | |
---|---|
တည်နေရာ | နိုင်အာဂရာမြစ် into the Niagara Gorge; border of New York, United States, and Ontario, Canada |
ကိုဩဒိနိတ် | 43°04′48″N 79°04′29″W / 43.0799°N 79.0747°W 79°04′29″W / 43.0799°N 79.0747°W |
အမျိုးအစား | Cataract |
စုစုပေါင်း အမြင့် | ၁၆၇ ft (၅၁ m) |
ရေဆင်းလမ်းများ | ၃ |
ရေလမ်း | Niagara River |
ပျမ်းမျှ ရေစီးနှုန်း | ၈၅,၀၀၀ cu ft/s (၂,၄၀၀ m3/s) |
နိုင်အာဂရာ ရေတံခွန် တွင် ဂုတ်ကျွန်းဖြင့် ခွဲခြားထားသော အဓိက အစိတ်အပိုင်း နှစ်ခုရှိသည်။ ပထမတစ်ခုမှာ ဟော့စ်ရှူး (မြင်းခွာ) ရေတံခွန် ဖြစ်ပြီး ယနေ့တွင် ကနေဒါ နိုင်ငံဘက်တွင် တည်ရှိကာ အမေရိကန် ဘက်တွင် အမေရိကန်ဖောလ် ဟူ၍ ရှိသည်။ အသေးစား ရေတံခွန် ဖြစ်သော ဘရိုက်ဒယ်ဘေးလ်ဖောလ် (သတို့သမီး မျက်နှာဖုံး ရေတံခွန်) သည်လည်း အမေရိကန်ဘက် အခြမ်းတွင် တည်ရှိပြီး ပင်မရေတံခွန်မှ လူနာကျွန်းဖြင့် ခွဲခြားထားသည်။
နိုင်အာဂရာ ရေတံခွန်သည် အလွန်အမင်း မြင့်မားခြင်းမရှိသော်လည်း အလွန်ကျယ်ဝန်းသည်။ ရေတံခွန်အစပ်မှ မိနစ်တိုင်းတွင် ရေထုထည် ၆သန်း စတုရန်းပေ (၁၆၈,၀၀၀ စတုရန်းမီတာ) ခန့် စီးကျလျက် ရှိပြီး ပျမ်းမျှအားဖြင့် စတုရန်းပေ ၄ သန်း (၁၁၀,၀၀၀ စတုရန်းမီတာ) ခန့် ရှိသည်။ မြောက်အမေရိကတွင် အင်အားအကြီးဆုံးသော ရေတံခွန်ပင် ဖြစ်သည်။
နိုင်အာဂရာ ရေတံခွန်သည် ၎င်း၏ အလှအပ နှင့် ရေအားလျှပ်စစ်အတွက် အရေးပါသော ရင်းမြစ်ဖြစ်သောကြောင့် ထင်ရှားကျော်ကြားသည်။ ရေတံခွန်ကို ထိန်းသိမ်းစောင့်ရှောက်သူများ အနေနှင့် အပန်းဖြေရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ အကြား ဘက်မျှအောင် ကြိုးပမ်းရခြင်းသည် စိန်ခေါ်မှု တရပ်အဖြစ် တည်ရှိခဲ့သည် မှာ ၁၉ ရာစု ကတည်းကပင် ဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article နိုင်အာဂရာ ရေတံခွန်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.