နည်းပညာတက္ကသိုလ်လွိုင်ကော်

နည်းပညာတက္ကသိုလ်(လွိုင်ကော်) သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တည်ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ISO 9001/2008 ကိုရရှိခဲ့သည်။

နည်းပညာတက္ကသိုလ်(လွိုင်ကော်)
နည်းပညာတက္ကသိုလ်လွိုင်ကော်
ဆောင်ပုဒ်Technology for the nation, innovation for the future
တိုင်းပြည်အတွက်နည်းပညာ၊ အနာဂတ်အတွက်တီထွင်ဆန်းသစ်မှု
အမျိုးအစားအများဆိုင်
တည်ထောင်၂၀၀၇ (၂၀၀၇)
နှီးနွယ်အဖွဲ့အစည်းအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
ပါမောက္ခချုပ်ဒေါက်တာ ခိုင်​ဇော်နိုင်
တည်နေရာလွိုင်ကော်မြို့, ကယားပြည်နယ်, မြန်မာနိုင်ငံ
ဝဘ်ဆိုဒ်tuloikaw.edu.mm
နည်းပညာတက္ကသိုလ်လွိုင်ကော်
နည်းပညာတက္ကသိုလ်လွိုင်ကော်
ပင်မဆောင်

သမိုင်းကြောင်း

နည်းပညာတက္ကသိုလ်(လွိုင်ကော်)ကို ၁၉၈၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် အစိုးရစက်မှုလက်မှုအထက်တန်း ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စက်မှုလက်မှုသိပ္ပံအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် အဆင့်သို့လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။

နည်းပညာတက္ကသိုလ်လွိုင်ကော် 
ပင်မ​ဆောင်

တည်နေရာနှင့်အကျယ်အဝန်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ အုပ်စု ကွင်းအမှတ် (၂၆၀)၊ ရွာတန်းရှည်ကျေးရွာ အရှေ့ဘက် တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် (၈၇.၄၆)ဧက ရှိသည်။

ရည်ရွယ်ချက် နှင့်တာဝန်

ရည်ရွယ်ချက်မှာ နိုင်ငံတကာအဆင့်မှီ အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာပညာရှင် လူတော်လူကောင်းများကို ဒေသလိုအပ်ချက်နှင့်အညီ ပြုစုမွေးထုတ်ပေးရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်သည်။

တက္ကသိုလ်၏လုပ်ငန်းတာဝန်များမှာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်လိုအပ်ချက်နှင့် စိန်ခေါ်မှုများကို ဖြည့်ဆည်းပေးနိုင်‌သည့် အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊ ဒေသတွင်း အင်ဂျင်နီယာပညာရပ်များသင်ယူနိုင်ခွင့် အခွင့်အလမ်းများ တိုးတက်ရရှိလာခြင်းဖြင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမိုမြင့်မားလာပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန် ဖြစ်သည်။

သင်ကြားရေးဌာနများ

ဘာသာရပ်များ

သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဘွဲ့ B.E. (Civil) ၅ နှစ်
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဘွဲ့ B.E. (EC) ၅ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့ B.E. (EP) ၅ နှစ်
စက်မှုအင်ဂျင်နီယာဘွဲ့ B.E. (MP) ၅ နှစ်
သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (Civil) ၃ နှစ်
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (EC) ၃ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (EP) ၃ နှစ်
စက်မှုအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (MP) ၃ နှစ်
သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
နည်းပညာဘွဲ့ (မြို့ပြ) B-tech (Civil) ၅ နှစ်
နည်းပညာဘွဲ့ (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးနည်းပညာ) B-tech (EC) ၅ နှစ်
နည်းပညာဘွဲ့ (လျှပ်စစ်စွမ်းအား) B-tech (EP) ၅ နှစ်
နည်းပညာဘွဲ့ (စက်မှုစွမ်းအား) B-tech (MP) ၅ နှစ်

ကိုးကား

ပြင်ပလင့်ခ်များ


Tags:

နည်းပညာတက္ကသိုလ်လွိုင်ကော် သမိုင်းကြောင်းနည်းပညာတက္ကသိုလ်လွိုင်ကော် တည်နေရာနှင့်အကျယ်အဝန်းနည်းပညာတက္ကသိုလ်လွိုင်ကော် ရည်ရွယ်ချက် နှင့်တာဝန်နည်းပညာတက္ကသိုလ်လွိုင်ကော် သင်ကြားရေးဌာနများနည်းပညာတက္ကသိုလ်လွိုင်ကော် ဘာသာရပ်များနည်းပညာတက္ကသိုလ်လွိုင်ကော် ကိုးကားနည်းပညာတက္ကသိုလ်လွိုင်ကော် ပြင်ပလင့်ခ်များနည်းပညာတက္ကသိုလ်လွိုင်ကော်ကယားပြည်နယ်မြန်မာနိုင်ငံလွိုင်ကော်မြို့ဝီကီပီးဒီးယား:Citation needed

🔥 Trending searches on Wiki မြန်မာဘာသာ:

လာအိုဘုရင့်နိုင်ငံစင်ကာပူနိုင်ငံမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များရဲရင့်အောင်သွား(လူ)နာဂစ်မုန်တိုင်းမြန်မာသရုပ်ဆောင်များစာရင်းပွေး(တိရစ္ဆာန်)အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနရသီဟပတေ့ရွှေဝါရောင် တော်လှန်ရေးခန္ဓာဗေဒအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်သီရိလင်္ကာနိုင်ငံဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရှမ်းဘာသာစကားမြန်မာလများမြိတ်မြို့မြဝတီမြို့နယ်ဆလုံလူမျိုးဂြိုဟ်နေဝင်း (ဗိုလ်ချုပ်ကြီး)တာမွေမြို့နယ်သစ္စာသတိပဋ္ဌာန်အိမ်အိန္ဒြာကျော်ဇင်ဘားအံမြို့သက်ရှိတောင်ငူမြို့ဖားကန့်မြို့နယ်ပထမ ကမ္ဘာစစ်စစ်ပွဲဝီကီပီးဒီးယားဘူတန်နိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အင်္ဂါဂြိုဟ်ပင်းယခေတ်တပ်မတော် (ကြည်း)ပအိုဝ်းလူမျိုးပစ္စည်း (သဒ္ဒါ)ချောင်းချမ်းချမ်းရသသခွတ်ပင်မြန်မာနိုင်ငံရှိ မြို့နယ်များမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများငှက်ဝင်းမြင့် (နိုင်ငံတော်သမ္မတ)ဆောင်းရာသီခန့်စည်သူဗန်းစကားလူထုဦးလှခင်ခင်ထူးသီပေါမင်းပိတောက်ပန်း (ကဗျာ)မန္တလေးမြို့ပြင်ဦးလွင်မြို့ကျူးဘားဒုံးပျံအရေးအခင်းတက္ကသိုလ်ဘုန်းနိုင်ကွန်ဒုံးလောင်းကစားခြင်းမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)အာဟာရဓာတ်များခင်ပွန်းကြီးဆယ်ပါးဒုတိယ ကမ္ဘာစစ်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသောတာပန်လွှမ်းပိုင်ရာသီဥတုပြောင်းလဲမှုပျို့ကိုယ်ဝန်ဖျက်ချခြင်းလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များချောက်မြို့လွှမ်းမိုးမဉ္ဇူပန်းပင်🡆 More