ဇင်ယော်

11, see text

ဇင်ယော် (စင်ရော်)
Temporal range: en:Early OligocenePresent
ဇင်ယော်
Adult en:ring-billed gull
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Charadriiformes
မျိုးရင်း: Laridae
မျိုးရင်းသေး: Larinae
Genera

'မြစ်တွေး၊ မြစ်တွေး၊ ဇင်ယော်၊ ကျူးတည့်ကျူးသံကျော်' ဆိုသည့်သီချင်းကို ကြားဘူးသူများပေမည်။ ဇင်ယော်ကို ကမ္ဘာပေါ်တွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း အများအပြားတွေ့ရသဖြင့် ဇင်ယော်ကို မမြင်ဘူးသူနည်းသည်။

ဇင်ယော်သည် 'ကာရက်ဒြီအိဖောမီး' မျိုးစဉ်တွင်၎င်း၊ 'လယ်ရီဒီ' မျိုးရင်းတွင်၎င်း ပါဝင်သည်။ ဇင်ယော်ငှက် အမျိုးမျိုးရှိရာတွင် တစ်မျိုးနှင့်တစ်မျိုးသည် လွန်စွာဆင်တူသဖြင့် ခွဲခြားနိုင်ရန် ခဲယဉ်းသည်။ ငှက်အဖိုနှင့် အမသည် ရုပ်ဆင်းသဏ္ဌာန်ချင်း အတူတူပင်ဖြစ်သည်။ ဇင်ယော်တို့အနက် ဇင်ယော်ခေါင်းမဲကို လူသိများသည်။ ဇင်ယော်ခေါင်းမဲ၏ အလျားသည် ၁၆ လက်မရှိ၏။ ဦးခေါင်းရှိအညိုရောင်သည် ဆောင်းရာသီ၌ ပျောက်သွားပြီးလျှင်၊ မျက်လုံးနားရှိ အမွှေးများသာ ညိုနေသည်။ ငှက်ငယ်များ၏ အပေါ်ပိုင်းသည် ညို၍၊ အတောင်စွန်းများ၏ အရောင်သည် မွဲခြောက်ခြောက်ဖြစ်လျက် အစက်အပြောက်များပေါ်နေ၏။ အမြီးမှာ ဖြူ၍၊ အဖျားတွင် အညိုရောင်ပြန့်နေသည်။

ဇင်ယော်ခေါင်းမဲသည် 'ဂစ်' 'ဂစ်'ဟုလည်းကောင်း၊ 'ကျစ်' 'ကျစ်' ဟုလည်းကောင်း စူးရှသောအသံနှစ်မျိုးဖြင့် အော်တတ်သည်။ အခြားစူးရှသော အသံမျိုးကိုလည်း ပြုလုပ်တတ်သေးသည်။ ဇင်ယော်ခေါင်းမဲကို ရန်ကုန်မြစ်ထဲတွင် အများဆုံးတွေ့နိုင်သည်။ ပင်လယ်ဝမှ မြစ်ထဲသို့သင်္ဘောဝင်လာလျှင် ဇင်ယော်များသည် သင်္ဘောဘေးမှ လိုက်ပါလာတတ်သည်။ သင်္ဘောပေါ်မှ ပစ်ချလိုက်သော ပေါင်မုံ့အစအနကလေးများကို ရေသို့မကျမီ ကျွမ်းကျင်စွာ ထိုးသုတ်ယူနိုင်သည်။ ဇင်ယော်သည် ရေကူးနိုင်သော်လည်း ရေမငုပ်နိုင်ချေ။ အစာမစားသည့်အချိန်တွင် ပင်လယ်ပေါ်တွင်ဖြစ်စေ၊ သဲပြင်နှင့် လေဟာပြင်ပေါ်တွင်ဖြစ်စေ နားနေလေ့ရှိသည်။ မန္တလေးမြို့အနီးရှိ ရေအိုင်ကြီးများတွင် ဇင်ယော်တို့ ပိုးမွှားများဖမ်းဆီးစားသောက်နေကြသည်ကို မကြာခဏတွေ့ရလေသည်။ ဇင်ယော်ငှက်မျိုးသည် အာရှတိုက်အလယ်ပိုင်း၊ တာကီစတန်နယ်နှင့် တိဗက်နိုင်ငံအကြား၌ရှိသော ရေအိုင်ကြီးများတွင် သားပေါက်ကြသည်။ မြန်မာနိုင်ငံသို့ ဆောင်းရာသီတွင် လာရောက်သည်။ အများအားဖြင့် စက်တင်ဘာလတွင် ရောက်လာကြပြီးလျှင် ဧပြီလ၊ မေလလောက်တွင် ထွက်ခွာသွား ကြသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ပညတ်တော်ဆယ်ပါးကိုကိုးကျွန်းကြိတ်မှန်ပင်ဘန်ကောက်မြို့ဗီယက်နမ်နိုင်ငံလူသားတစ်ဦး၏လိင်တံအရွယ်အစားဗဒုံမင်းငပလီကမ်းခြေနတ်သျှင်နောင်ထမနဲပွဲဝေလနိုင်ငံမဂ္ဂင် ၈ ပါးကင်းလိပ်ချောအင်္ဂလိပ်ဘာသာစကားကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ယူကျူ့ဘ်မြန်မာပိတောက်သာယာဝတီမင်းအပင်လောကသဇင်ပန်းကျုံးတနင်္သာရီတိုင်းဒေသကြီးပဲခူးမြို့၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းစိုးထွဋ်ကုန်းဘောင်ခေတ် နာမည်တွက်နည်းအောင်ခြင်း ၈ ပါးအသည်းရောင် အသားဝါ ရောဂါ ဘီပိုးစွမ်းအင် ဝန်ကြီးဌာနသိပ္ပံပညာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအင်းဆက်မိန်းမ မျိုးပွားအင်္ဂါဧဝရတ်တောင်အလောင်းမင်းတရားလောက်ကိုင်မြို့ခုနစ်နေ့ဘုရားရှိခိုးကိုယ်ဝန်ဆောင်ခြင်းဘာသာစကားကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)မြန်မာ့ အစားအစာကွမ်းခြံကုန်းမြို့ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးပုညအဆိပ်တွံတေးသိန်းတန်သတိပဋ္ဌာန်အာဇာနည် ခေါင်းဆောင်ကြီးများအိန္ဒြာကျော်ဇင်အင်းဝမင်းဆက်ဓမ္မရံကြီးဘုရားမှန်နန်း ရာဇဝင်ပုသိမ်မြို့စစ်ကိုင်းမြို့ပွေး(ရောဂါ)ဝန်ပျူမြို့ပြနိုင်ငံများဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုကရေးတီးထူးအိမ်သင်စကြဝဠာတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲငသိုင်းချောင်းမြို့မိုးကုတ်မြို့မြန်မာနိုင်ငံရှိ မြို့နယ်များမြန်မာနိုင်ငံရှိ ပွဲတော်များအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တတိယ အင်္ဂလိပ် - မြန်မာစစ်မြန်မာနိုင်ငံ၏ စီးပွားရေးထန်းပင်ဥရောပ သမဂ္ဂကာလသားရောဂါမြန်မာစာစတင်ဖြစ်ပေါ်လာပုံအာရှ🡆 More