ဆလဗလူမျိုး

ဆလဗလူမျိုး သည် အရှေ့ဥရောပနှင့် ဆိုက်ဗီးရီးယားတွင် နေထိုင်ကြသူများဖြစ်သည်။ ကမ္ဘာပေါ်တွင် ဆလဗပေါင်း သန်း ၂ဝဝ ခန့်ရှိ၏။ ယင်းတို့တွင် ရုရှလူမျိုး၊ ပိုးလူမျိုး၊ ဝင်းလူမျိုး၊ ရုသီနီးယန်၊ ချက်၊ ဆလိုဗက်၊ ကရိုး အက်၊ ဆားဗီးယန်း၊ ဗူလဂေးရီးယန်းနှင့် မွန်တီနီးဂရင်း လူမျိုးများ ပါဝင်၏။ ဆလဗလူမျိုးများ၏ မူလဇာစ်မြစ်မှာ အာရိယန်သို့မဟုတ် အင်ဒိုယူရိုပီယန်မျိုးရင်းမှ ဆင်းသက်လာ သူများဖြစ်၏။ ရှေးဦး ဆလဗတို့သည် ယူကရိန်းပြည်၏ အနောက်မြောက်ဘက်နှင့် ပိုလန်ပြည်၏ အရှေ့ တောင်ဘက်ဒေသများတွင် နေထိုင်ခဲ့ကြ သည်။ ထိုစဉ်က ဆလဗတို့သည် လယ်လုပ်၍ သိုးနွားတို့ကို မွေးမြူကာ အသက်မွေးခဲ့ကြသည်။ အေဒီ ၂ဝဝ မှ ၅ဝဝ အတွင်း၌ကား ဆလဗတို့သည် ရေကြည်ရာမြက်နုရာ ဥရောပ တိုက်ဒေသအနှံအပြားသို့ သွားရောက်နေထိုင်ကြလေသည်။ ယင်းသို့ဖြင့် ဆလဗတို့သည် ဂျာမနီ၊ မွန်တီနီးဂရိုး၊ အယ်လ ဗေးနီးယားနှင့် ရုရှပြည်များသို့ စတင်ရောက်ရှိလာကြလေ၏။ ထိုစဉ်က ဆလဗလူမျိုးများမှာ အရပ်မြင့်မား၍၊ ဦးခေါင်း ရှည်ပြီးလျှင် အသားလတ်ကြ၏။ ထို့နောက် နှစ်ပေါင်းများစွာ ကြာလာသောအခါ အခြားလူမျိုးများနှင့် ရောနှောနေထိုင်ကြ သဖြင့် ပုံပန်းသဏ္ဌာန် ပြောင်းလဲလာကြလေသည်။ ထို့ကြောင့် ဆလဗအဆက်အနွယ်ချင်းဖြစ်သော်လည်း မြေထဲပင်လယ်ဘက်မှ ဆလဗများနှင့် ရုရှဖက်မှ ဆလဗများသည် ရုပ်ရူပကာအားဖြင့် မတူကြချေ။ ထိုနည်းအတူ အခြားတိုင်းပြည်များမှ ဆလဗများ သည်လည်း ရုပ်ရည်အားဖြင့် ကွဲပြားခြားနားလေသည်။ ဆလဗနိုင်ငံများမှာ ဥရောပတိုက်တွင် မဖွံ့ဖြိုးသော နိုင်ငံ များဖြစ်ခဲ့သည်။ ဆလဗတို့မှာ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော်လည်း၊ စည်းလုံးညီညွှတ်မှုမရှိဘဲ၊ အချင်းချင်း တိုက်ခိုက်နေကြသော ကြောင့် အင်အားမရှိချေ။ ထို့ကြောင့် အတိုင်းတိုင်းအပြည်ပြည် မှ ဆလဗလူမျိုးမှန်သမျှတို့မှာ သူတစ်ပါး၏ ကျူးကျော်တိုက် ခိုက်ခြင်းကို ခံရသည်သာဖြစ်ခဲ့၏။ သူတို့နိုင်ငံများ၏ ပထဝီ အနေအထားမှာလည်း မကောင်းမွန်ချေ။ သူတို့သည် ဥရောပ တိုက် အရှေ့ဆုံးအပိုင်း၌ နေထိုင်ကြရသဖြင့် အာရှတိုက်မှ လူများ ဥရောပတိုက်ထဲသို့ ဝင်ရောက်လာသောအခါတိုင်း သူတို့၏ ပြည်များမှာ ပထမဆုံးအတိုက်အခိုက်ခံကြရသည်။ အခြားတိုင်းပြည်များမှ ဆလဗများနှင့်စာလျှင် ရုရှတို့မှာ ဖိနှိပ်တိုက်ခိုက်ခြင်းအခံရ နည်းခဲ့သည်။ သို့သော် ရုရှတောင် ပိုင်းပင်လျှင် ဂျင်ဂစ်ခန် ခေါင်းဆောင်သော ကြမ်းတမ်းရက်စက် သည့် လူမျိုးများ၏ တိုက်ခိုက်ခြင်းကို ခံရသေးသည်။


ဆားဗီးယန်းလူမျိုးတို့သည်လည်း ကော့ဆိုဗိုတိုက်ပွဲတွင် ကျူးကျော်မှုကိုခံရ၍ နာလှန်မထူနိုင်အောင် ဖြစ်ခဲ့ ရသည်။ ချက်လူမျိုးများကား ဝှိုက်မောင်းတိန်းတိုက်ပွဲတွင် ရက်စက်စွာ နှိမ်နင်း ခြင်းကိုခံရသည်။ သို့သော် ဆလဗအနွယ်တို့သည် သူတို့၏ လွတ်လပ်မှုကိုရရှိအောင် ကြိုးစားခဲ့ကြသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ကိုရီးယားနိုင်ငံအော်ကာသင်္ကြန်အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်ဆေးခြောက်သိပ္ပံမောင်ဝအောင်ဆန်းစုကြည်မုန့်လုံးရေပေါ်မီးသတ်ဦးစီးဌာနမိုးကုတ်တရားမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)နှစ်ကျိပ်ရှစ်ဆူရေနံမိုးကုတ်မြို့မူးယစ်ဆေးဝါးကြာဆံပုဗ္ဗဏှသုတ်ဥသျှစ်ပင်အာဆီယံထိပ်သီးအစည်းအဝေးနဂါးနီသီချင်းပညာရေးဝန်ကြီးဌာနတောင်ကုတ်မြို့မျိုးကြီးအင်္ဂလန်နိုင်ငံဆောင်းရာသီချဉ်ပေါင်မွန်ပြည်နယ်ပေပင်လိင်တူစုံမက်ခြင်းတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များအဆိပ်မိမိကိုယ်ကို သတ်သေခြင်းပုဂံကျန်းမာရေး ဝန်ကြီးဌာနအင်းလေးကန်ခင်ဝင့်ဝါကစားခုန်စားခြင်းခွေးရူးပြန်ရောဂါအာရက္ခတပ်တော်တပင်ရွှေထီးအင်းတော်ကြီးကန်တရုတ်စံကားအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်အမရပူရမြို့လ (ကမ္ဘာရံဂြိုဟ်)ဘဲ (မျိုးစု)အိန္ဒြာကျော်ဇင်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဘုရား (ဗုဒ္ဓဘာသာ)အောင်လအန်ဆန်းပရိတ်ကြီး ၁၁ သုတ်ဒိုးလုံးထိုင်းဘတ်ငွေမြန်မာနာမည်ပုလွေမှုတ်ခြင်းရိုဟင်ဂျာဒွေးခုနစ်နေ့ဘုရားရှိခိုးမြစ်ကြီးနားမြို့ပျားအင်္ဂါဂြိုဟ်သရဏဂုံတည်ခြင်းကာမေသုမိစ္ဆာစာရချောင်းရွှေစာရံ စေတီတော် (မန္တလေး)ကလေးမြို့မြန်မာစာပေသဇင်ပန်းရွှေမန်းတင်မောင်မြခေတ်စမ်းစာပေပလောင်လူမျိုးအင်တာနက်အက်တမ်မဟာဗန္ဓုလစွမ်းအင်🡆 More