ချားဂျော့ဂေါ်ဒင်သည် ထင်ရှားသော ဗြိတိသျှဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ ဝူးလစ်မြို့၌ ၁၈၃၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ တွင် မွေးဖွားခဲ့ရာ မျိုးရိုးအားဖြင့် စစ်သားမျိုးရိုးပင် ဖြစ်သည်။ ထိုမြို့ရှိ ဘုရင့်တက္ကသိုလ်တွင် စစ်ပညာများကို သင်ကြား အောင်မြင်သည်။ ၁၈၅၂ ခုနှစ်တွင် ဘုရင့်အင်ဂျင်နီယာတပ်၌ ဗိုလ်အဖြစ် စတင်အမှုထမ်းခဲ့၍ ကရိုင်းမီးယားစစ်ပွဲတွင် ၁၈၅၅ ခုနှစ်၌ ပါဝင် တိုက်ခိုက်ခဲ့သည်။ ထိုနောက် အသက် ၃ဝ အရွယ်တွင် တရုတ်နိုင်ငံ တိုင်ပင်သူပုန်အရေး၌ တရုတ်အစိုးရ ဖက်မှ ကူညီ၍ သူပုန်တို့ကို နှိမ်နင်းပေးခဲ့သည်။
တိုင်ပင်သူပုန်အရေးမှာ ၁ဝ နှစ်မျှကြာသည့်တိုင်အောင် နှိမ်နင်းမရဖြစ်ခဲ့ရာ ဗြိတိသျှအစိုးရ၏ သဘောတူညီချက်အရ ဂေါ်ဒင်သည် ဥရောပတိုက်သားများနှင့် အမေရိကန်တို့က လေ့ကျင့်ပေးထားသော တရုတ်စစ်တပ်များကို ကွပ်ကဲအုပ်ချုပ် တိုက်ခိုက်ခဲ့သည်တွင် ၁၈ လအတွင်း သူပုန်အရေး ငြိမ်းအေး သွားလေသည်။ ထို့ကြောင့် တရုတ်အစိုးရက ကြီးကျယ်စွာ မြေ|ာက်စားချီးမြှင့်လိုသည်ဟု စကားကမ်းလှမ်းသည်။ သို့သော် ဂေါ်ဒင်က လက်မခံခဲ့ပေ။
အင်္ဂလန်သို့ ဗိုလ်မှူးကြီးအဆင့်အတန်းဖြင့် ပြန်လာပြီးနောက် အင်္ဂလန်ပြည် တင်းမြစ်တလျှောက်တွင် ခံတပ်များ ဆောက်လုပ် ရာ၌ အင်ဂျင်နီယာမှူးအဖြစ် ဆောင်ရွက်ခဲ့ရလေသည်။ အင်ဂျင် နီယာမှူးအဖြစ် ၆ နှစ်မျှ ဆောင်ရွက်နေစဉ်အတွင်း ဂေါ်ဒင်၏ အိမ်သည် အိုးအိမ်မရှိ လေလွင့်နေသူများအား ထိန်းသိမ်း စောင့်ရှောက်၍ ပြုစုပျိုးထောင်ပေးရာဌာန ဖြစ်နေလေသည်။ ထိုလေလွင့်နေသူများအား ဆေးဝါးများ ကုသပေး၍ ညနေ သင်တန်းများဖွင့်ကာ ပညာသင်ကြားပေးသောအားဖြင့် အသက် မွေးမှုအတွက် လုံလောက်အောင် ဆောင်ရွက်ပေး၏။ ယင်းသို့ ပြည်သူ့ဝန်ထမ်း လုပ်ငန်းများကို ဆောင်ရွက်ရာ၌ မည်သူ၏ အကူအညီ အထောက်အပံ့ကိုမျှ မယူဘဲ သူရသမျှသော လခနှင့် ပင် ဆောင်ရွက်ခဲ့ပေသည်။ ယင်းသို့ဖြင့် ဂေါ်ဒင်သည် လူကြမ်း စိတ်ကြမ်းနှင့် စစ်ပွဲဝင်ခဲ့သည့် စစ်သားကောင်းတစ်ယောက် ဖြစ်သော်လည်း သူ၏ ပင်ကိုစိတ်ဓာတ်မှာ နူးညံ့သိမ်မွေ့၍ ကြင်နာ စာနာတတ်ကြောင်းသိရသည့်ပြင် ဘာသာရေး၌လည်း လေးစား ကိုင်းရှိုင်းသူ ဖြစ်ပေသည်။
၁၈၇၃ ခုနှစ်တွင် အီဂျစ်ဘုရင်ခံချုပ်က ဂေါ်ဒင်အား အီဂျစ် ပိုင် အီကွေတာပိုင်းဒေသများ၏ ဘုရင်ခံအဖြစ် ခန့်ထားလေ သည်။ သို့သော် ငွေဝယ်ကျွန်စနစ် ပပျောက်အောင် ဆောင်ရွက် ခဲ့ရာ၌ ဆူဒန်နယ်ဘုရင်ခံက အနှောင့်အယှက်ပေးသဖြင့် စိတ်ပျက်ပြီးသော် အလုပ်မှ နုတ်ထွက်၍ အင်္ဂလန်ပြည်သို့ ပြန်သွားလေသည်။ ၁၈၇၇ ခုနှစ်တွင် ငွေဝယ်ကျွန်စနစ် ပပျောက်ရေး ဆောင်ရွက်ရန် အခွင့်ရမှသာ ရာထူးလက်ခံမည် ဟု ဆိုသည့်အတိုင်း အခွင့်ရရှိလာသဖြင့် ဆူဒန်နယ်၏ ဘုရင်ခံ အဖြစ် ဆောင်ရွက်ခဲ့သည့်အပြင် ငွေဝယ်ကျွန်စနစ် ပပျောက် အောင်လည်း ကြိုးပမ်းခဲ့လေသည်။ ထိုနောက်တွင် ဂေါ်ဒင်မှာ တရုတ်နိုင်ငံ မောရစ်ရှပ်ကျွန်းနှင့် အာဖရိကတိုက် တောင်ပိုင်း တို့တွင် အမှုထမ်းရွက်ခဲ့သေး၏။
ဤသို့ တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့တွင် စစ်ရေးနှင့် အုပ်ချုပ်ရေးတို့၌ အမှုထမ်းရွက်သည်ကို အစွဲပြု၍ ဂေါ်ဒင်သည် 'တရုတ်ဂေါ်ဒင်'ဟူ၍၎င်း၊ 'ဂေါ်ဒင်ပါရှား'ဟူ၍၎င်း အမည် နှစ်မျိုးရခဲဲ့သည်။
၁၈၈၄ ခုနှစ်တွင် ဆူဒန်နယ်၌ မာဒီခေါင်းဆောင်သည့် သူပုန်အရေးကြောင့် အခြေအနေမှာ အတော်ပင်ဆိုးရွားလာလေ သည်။ထိုကြောင့် ဆူဒန်နယ်မှ အီဂျစ်စစ်တပ်များကို ရွှေ့ပြောင်း ရာတွင် အီဂျစ်ဘုရင်ခံချုပ်အား ကူညီရန် ဗြိတိန်အစိုးရက ဂေါ်ဒင်အား စေလွှတ်လိုက်လေသည်။ ဂေါ်ဒင်သည် တစ်ခါက သူ ဩဇာကြီးမားခဲ့သည့်နယ်ဖြစ်၍ သူစီမံခန့်ခွဲလိုက်ပါက သူပုန် အရေးပင် ငြိမ်းအေးသွားမည်ဟု မျှော်လင့်ခဲ့၏။ သို့ဖြစ်၍ အချိန်ရခိုက် စစ်တပ်များ မပြောင်းသေးဘဲ အခြေအနေ ပြန် ကောင်းလာအောင် ဆောင်ရွက်ခဲ့လေသည်။ အခြေအနေကား ဂေါ်ဒင် မြေ|ာက်လင့်သလို ကောင်းမလာဘဲ သူနှင့်တကွ စစ်တပ်များပါ ခါတွမ်းမြို့ထဲ၌ ရန်သူဖြစ်သော မာဒီ၏ နောက် လိုက်များက ဝိုင်းဝန်းပိတ်ဆို့ခြင်း ခံရလေတော့သည်။
ဂေါ်ဒင်သည် မြို့ကို ရန်သူလက်သို့ အကျမခံဘဲ မြို့တွင်းမှ နေ၍ ၁ဝ လမျှ ခုခံခဲ့၏။ ထိုအတောအတွင်း အင်္ဂလိပ်အကူ စစ်တပ်သည်လည်း အပြင်းချီတက်လာရာ ၁၈၈၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခါတွမ်းမြို့အနီးသို့ ရောက်ရှိခဲ့ ၏။ သို့သော် အလာနှောင်းသောကြောင့် ဂေါ်ဒင်နှင့်တကွ နောက်လိုက်ရဲမက်အားလုံးတို့သည် ရန်သူမာဒီ၏တပ်သားများ သတ်ပစ်ခြင်းကို တစ်ပြုံလုံး ခံလိုက်ရလေသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ချားလ် ဂျော့ရှ် ဂေါ်ဒင်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.