ခရက်ဒစ် ကဒ်

ခရက်ဒစ် ကဒ် သို့မဟုတ် အကြွေးဝယ်ကဒ် သည် ငွေကြေးပေးဆောင်ရသည့် ကဒ်အမျိုးအစားဖြစ်ပြီး ဘဏ်များမှ ထုတ်ပေးလေ့ရှိကာ အသုံးပြုသူများအား ပစ္စည်းများ ဝယ်ယူရန် သို့မဟုတ် ငွေကြေးထုတ်ယူရန် ခွင့်ပြုပေးထားသည်။ ကဒ်ဖြင့် အသုံးပြုသည့် ငွေကြေးပမာဏအား အကြွေးအဖြစ် သတ်မှတ်ကာ နောက်ပိုင်းတွင် ပြန်လည် ပေးဆပ်ရန် လိုအပ်သည်။ ခရက်ဒစ်ကဒ်များသည် ကမ္ဘာတစ်ဝန်း အသုံးပြုမှုများပြားသော ငွေကြေးပေးဆောင်မှုပုံစံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ခရက်ဒစ် ကဒ်
ပုံမှန် ခရက်ဒစ်ကဒ်တစ်ခု၏ ရှေ့ခြမ်းနမူနာပုံ
  1. ထုတ်ပေးသော ဘဏ်၏ လိုဂို
  2. EMV ချစ်ပြား ("စမတ်ကဒ်များ" တွင်သာ)
  3. ဟော်လိုဂရမ်
  4. ကဒ်နံပါတ်
  5. ကဒ်ကွန်ယက် လိုဂို
  6. ကုန်ဆုံးရက်
  7. ကဒ်ကိုင်ဆောင်သူ အမည်
  8. ထိတွေ့မှုမလိုသော ချစ်ပ်
ခရက်ဒစ် ကဒ်
ပုံမှန် ခရက်ဒစ်ကဒ်တစ်ခု၏ နောက်ဘက်ခြမ်း နမူနာ
  1. သံလိုက်ပြား
  2. လက်မှတ်
  3. ကဒ်လုံခြုံရေးကုဒ်

ပုံမှန် အကြွေးဝယ်ကဒ်တစ်ခုသည် လစဉ်လတိုင်း သို့မဟုတ် ငွေစာရင်းရှင်းတမ်းတစ်ကြိမ်စီတွင် ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။ အကြွေးဝယ်ကဒ်သည် အသုံးပြုသူအား သုံးစွဲထားသော ငွေကြေးပမာဏအပေါ် အတိုးနှုန်းထပ်ပေါင်းကာ အကြွေးပမာဏကို စဉ်ဆက်မပြတ် ပေးဆပ်ရန် လိုအပ်သည်။

၂၀၁၈ ခုနှစ် ဇွန်လအရ ကမ္ဘာတစ်ဝန်းတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၇.၇၅၃ ဘီလီယံ ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၁.၀၉ ဘီလီယံ ရှိကာ နိုင်ငံရှိ အရွယ်ရောက်သူ ၇၂.၅% တွင် အကြွေးဝယ်ကဒ် အနည်းဆုံးတစ်ကဒ် ပိုင်ဆိုင်ထားသည်။


ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မြကျန်းမာရေးတောင်ပိုင်းတိုင်းစစ်ဌာနချုပ်Vivendiဂျိန်ဖော့လူမျိုးမြင့်မြတ်သော ရောမအင်ပါယာမင်းအောင်လှိုင်ရွှေတိဂုံစေတီတော်ဆိုရိုးစကားရုရှားနိုင်ငံဩကာသ ဘုရားရှိခိုးသင်းခွေချပ်ဘရောက်ဆာ စစ်ပွဲများမိုးဟေကိုထန်းရည်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းဇာတ်ကြီးဆယ်ဘွဲ့တာဂျစ်ကစ္စတန်နိုင်ငံပရိက္ခရာ ၈-ပါးရန်ကုန်တိုင်းစစ်ဌာနချုပ်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဗမာနိုင်ငံတော်ရေသည်ပြဇာတ်အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဖိလစ်ပိုင်နိုင်ငံလစ်ဘာတီ ရုပ်တုဂျီမေးလ်ပြည်မြို့မူးယစ်ဆေးဝါးထွန်းမြတ်နိုင်ဝေဿန္တရာဇာတ်တော်နှလုံးသွေးကြောကျဉ်းရောဂါလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)သင်္ကြန်ခုနစ်နေ့ဘုရားရှိခိုးပရိတ်ကြီး ၁၁ သုတ်ရှင်သီဝလိဂါထာမင်းသိင်္ခသရက်ပင်အက်တမ်အိန္ဒိယနိုင်ငံကွန်ဂိုမြစ်မေတ္တေယျဘုရားလက်တင်ဘာသာစကားဂျပန်သမိုင်းပထဝီဝင်ချောင်းသာကမ်းခြေမြန်မာနိုင်ငံမြေပုံမဟာဘုတ်ရူပဗေဒဖက်ဒရယ်ပြည်ထောင်စုစနစ်ကြူကြူလှတတိယ အင်္ဂလိပ် - မြန်မာစစ်ဆေးခြောက်မြန်မာ အမျိုးသား ဘောလုံးအသင်းမဲဇာတောင်ခြေ ရတုစကော့တလန်နိုင်ငံရဟန်းခံခြင်းတရုတ်သမ္မတနိုင်ငံနွားဓဇဂ္ဂသုတ်မြန်မာဝီကီပီးဒီးယားထိုင်းနိုင်ငံ၏ ပြည်နယ်များသမိုင်းအချိန်တရုတ်သတိပဋ္ဌာန်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြွက်တက်ခြင်းကာလသားရောဂါအာနန္ဒာဘုရားဝါးဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း🡆 More