မာရီ ကျူးရီး

မာရီ ကျူးရီး (အင်္ဂလိပ်: Marie Skłodowska Curie; /ˈkjʊəri/; ပြင်သစ်: ; ပိုလန်:  ၇ နိုဝင်ဘာ ၁၈၆၇ – ၄ ဇူလိုင် ၁၉၃၄) သည် ပိုလန် ရူပဗေဒနှင့် ဓာတုဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး ရေဒီယိုသတ္တိကြွခြင်းကို ရှေးဦးစွာ သုတေသနပြုခဲ့သူဖြစ်သည်။ သူမသည် နိုဘဲလ်ဆုကို ရရှိခဲ့သော ပထမဆုံး အမျိုးသမီးတစ်ဦး ဖြစ်သလို နိုဘဲလ်ဆု နှစ်ကြိမ်ရရှိသော ပထမဆုံးပုဂ္ဂိုလ်၊ တစ်ဦးတည်းသော အမျိုးသမီးဖြစ်ပြီး မတူညီသော သိပ္ပံပညာရပ်နှစ်မျိုးအတွက် နိုဘဲလ်ဆုရသော တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။

Marie Curie
မာရီ ကျူးရီး
၁၉၂၀ ခုနှစ်ခန့်က မာရီကျူးရီး
မွေးဖွားMaria Salomea Skłodowska
(1867-11-07)၇ နိုဝင်ဘာ၊ ၁၈၆၇
ဝါဆောမြို့၊ ပိုလန်၊ ရုရှားအင်ပိုင်ယာ
ဆုံးပါး၄ ဇူလိုင်၊ ၁၉၃၄(1934-07-04) (အသက် ၆၆)
Passy, Haute-Savoie, Third French Republic
ရေဒီယိုဓာတ်သတ္တိကြွမှုကြောင့် သွေးအားနည်းရောဂါဖြင့်
နေထိုင်ရာပိုလန်၊ ပြင်သစ်နိုင်ငံ
နိုင်ငံသား
  • ပိုလန် (မွေးဖွားဖြင့်)
  • ပြင်သစ် (လက်ထပ်ခြင်းဖြင့်)
နယ်ပယ်ရူပဗေဒဓာတုဗေဒ
အဖွဲ့အစည်းဌာန
မိခင်ကျောင်း
ဘွဲ့ယူစာတမ်းRecherches sur les substances radioactives (Research on Radioactive Substances)
ပါရဂူဘွဲ့ ကြီးကြပ်သူGabriel Lippmann
ပါရဂူဘွဲ့ယူ တပည့်များ
  • André-Louis Debierne
  • Óscar Moreno
  • Marguerite Perey
  • Émile Henriot
ကျော်ကြားမှုအရင်းခံ
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
အိမ်ထောင်ဘက်ပယ်ရီ ကျူရီ (၁၈၅၉–၁၉၀၆; ၁၈၉၅ လက်ထပ်)
ရင်သွေး(များ)
  • Irène Joliot-Curie (၁၈၉၇–၁၉၅၆)
  • Ève Curie (၁၉၀၄–၂၀၀၇)
လက်မှတ်
မာရီ ကျူးရီး
မှတ်စု
သူမသည် မတူညီသော သိပ္ပံပညာရပ်နှစ်မျိုးအတွက် နိုဘယ်ဆုရရှိသော တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။

မာရီ ကျူးရီးကို ၁၈၆၇ ခု နိုဝင်ဘာလ ၇ ရက်နေ့တွင် ပိုလန်နိုင်ငံ ဝါဆောမြို့၌ ဖွားမြင်သည်။ ပိုလန်လူမျိုးမိဖများမှ မွေးဖွားခဲ့သူဖြစ်၍၊ သူ၏ဖခင်မှာ ဝါဆောမြို့ကောလိပ်ကျောင်းမှ ရူပဗေဒပါမောက္ခ လာဒစ္စလော့စကလိုဒေါ့စကား ဆိုသူ ဖြစ်ပေသည်။ အသက်အရွယ်ငယ်စဉ်ကပင် မာရီသည် ဖခင်၏ လက်တွေ့စမ်းသပ်ခန်းထဲတွင်သာ အချိန်ဖြုန်းလေ့ ရှိသည်။ ဤသို့ဖြင့် ကြီးပြင်းလာသည့်အခါ ဖခင်၏အလုပ်တွင် စိတ်ဝင်စားလာပြီးလျှင် ဖခင်ထံတွင် အခြေခံ သိပ္ပံပညာရပ် များကို သင်ကြားခဲ့၏။ ဉာဏ်ပညာထက်မြက်သည့်အလျောက် ဆရာကြီး၏ တပည့်များက မာရီအား ပါမောက္ခကလေးဟူ၍ အမည်ပေးခဲ့ကြသည်။ မာရီသည် အသက် ၁၆ နှစ်အရွယ်တွင် သင်္ချာနှင့် သိပ္ပံပညာရပ်များ၌ ထူးချွန်သဖြင့် ရွှေတံဆိပ်ဆု ရခဲ့ဘူး၏။

ရုရှားနိုင်ငံတွင် ကလေးထိန်းဆရာမအလုပ်ကို ခေတ္တလုပ်ကိုင်ခဲ့ပြီးနောက် မာရီကျူးရီးသည် တော်လှန်ရေးကျောင်းသားအဖွဲ့တွင် ပါဝင်ခဲ့သဖြင့် ဝါဆောမြို့မှ ပါရီမြို့သို့ တိတ်တဆိတ် ထွက်ပြေးခဲ့ရသည်။ ထိုနောက် မာရီသည် ပညာဆက်လက်သင်ကြားခွင့် ရရှိသဖြင့် ကြိုးကြိုးပမ်းပမ်း သင်ယူခဲ့သည်တွင် သိပ္ပံဘွဲ့ကို ရရှိခဲ့လေသည်။ ထို့နောက် ပါမောက္ခ ပီယဲကျူးရီနှင့် မာရီတို့သည် တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင် ချစ်ခင်ခဲ့ကြရာ ၁၈၉၅-ခုနှစ်တွင် ထိမ်းမြားလက်ထပ်လိုက်ကြသည်။ ပီယဲကျူးရီမှာ ထိုစဉ်က ပါရီမြို့ရှိ ရူပဗေဒနှင့် ဓာတုဗေဒပညာရပ်များကို သင်ကြားပို့ချသော မျူနီစီပယ်ကျောင်း အထွေထွေ ရူပဗေဒ ပါမောက္ခဖြစ်သည်။ ဝါသနာတူညီလှသော ဇနီးမောင်နှံတို့သည် သိပ္ပံပညာပြဿနာများကို ဆွေးနွေးတိုင်ပင်လျက် သုသေတန လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ၁၉၀၆ ခုနှစ်တွင် အမ်ဗက္ကရယ်ဆိုသူသည် အလွန်အလေးချိန်စီးသော ယူရေနီယမ် သတ္တုတွင် ရေဒီယိုသတ္တု ရှိကြောင်း စုံစမ်းရှာဖွေ တွေ့ရှိခဲ့လေသည်။ မေရီနှင့် ပီယဲတို့သည် အမ်ဗက္ကရယ် ရှာဖွေတွေ့ရှိခဲ့သော ရေဒီယိုသတ္တုတွင် များစွာ စိတ်ဝင်စားလာကြ၍ အခြားဒြပ်စင် များတွင်လည်း ထိုရေဒီယိုသတ္တု ရှိမည်ဟု ယုံကြည်သဖြင့် စူးစမ်းရှာဖွေကြည့်ရာတွင် သိုရီယမ် သတ္တုတွင်လည်း ရေဒီယိုသတ္တုရှိကြောင်း တွေ့ရှိခဲ့သည်။ ၁၈၉၈ ခု ဇွန်လတွင် သူတို့သည် ပစ်ချဗလင်း ကတ္တရာမှ ရေဒီယိုသတ္တုရှိသော ဒြပ်စင်တစ်ခု တွေ့ရှိခဲ့လေသည်။ ယင်းကို မာရီသည် သူ၏ဇာတိချက်ကြွေ ပိုလန်ပြည်ကို ဂုဏ်ပြုသောအနေဖြင့် ပိုလိုနီယမ်ဟု မှည့်ခေါ်ခဲ့၏။ ထိုနှစ်တွင်ပင် ဂျီးဗီးမွန် ဆိုသူနှင့်အတူ ရေဒီယမ်ကို တွေ့ရှိပြန်သည်။ သူတို့သည် ပိုလိုနီယမ်နှင့် ရေဒီယမ်တို့ကို ပစ်ချဗလင်းကတ္တရာမှ ပင်ပန်းကြီးစွာ ထုတ်ယူရရှိခဲ့ကြသည်။ ရေဒီယမ်မှာ ယခုအခါ ကင်ဆာနှင့် အခြားရောဂါများကို ကုသရာတွင် အသုံးပြု ရသော ထူးဆန်းသည့်ဒြပ်စင်တစ်ခု ဖြစ်ပေသည်။ ၁၉ဝ၃ ခုနှစ်တွင် အင်္ဂလန်ပြည်တော်ဝင် အသင်းက ကျူးရီဇနီးမောင်နှံတို့အား အကြီးဆုံးသိပ္ပံဂုဏ်ထူး ဖြစ်သော ဒေဗီတံဆိပ်ဖြင့် ချီးမြှင့်ခဲ့သည်။ ထိုနှစ်၌ပင် ရူပဗေဒ ပညာရပ်အတွက် အမ်ဗက္ကရယ်နှင့် တွဲဖက်၍၊ နိုဘဲလ်ဆုကို ရရှိခဲ့၏။

၁၉ဝ၄ ခုနှစ်တွင် ပီယဲကျူးရီသည် ဆော်ဗွန်းတက္ကသိုလ်၌ ရူပဗေဒပါမောက္ခရာထူးကို ရလေသည်။ သို့ရာတွင် ၁၉ဝ၆ ခု ဧပြီလ ၁၉ ရက်နေ့တွင် ပါမောက္ခပီယဲကျူးရီသည် ပါရီမြို့တော်၌ ကုန်တင်ရထား မတော်တဆ ကြိတ်မိသဖြင့် အနိစ္စ ရောက်သွားလေသည်။ မာရီကျူးရီးလည်း ခင်ပွန်းသည်၏ ပါမောက္ခရာထူးကို ဆက်ခံရရှိခဲ့လေသည်။ သူသည် ရေဒီယမ်နှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ရာ ရေဒီယမ်ကို ပထမဆုံး သန့်သန့်ထုတ်ယူနိုင်ခဲ့၍၊ ရေဒီယမ်၏ အက်တမ်အလေးဆနှင့် ရုပ်ဂုဏ်များကို စူးစမ်းတွေ့ရှိလာပြန်၏။

ထိုကြောင့် ၁၉၁၁-ခုနှစ်တွင် ဓာတုဗေဒပညာရပ်အတွက် နိုဘဲလ်ဆုဖြင့် ဒုတိယအကြိမ် ချီးမြှင့်ခြင်း ခံရပြန်သည်။ နိုဘဲလ်ဆုကို နှစ်ကြိမ် ရခဲ့သူများတွင် ပထမဆုံးပုဂ္ဂိုလ်ထူး ဖြစ်ပေသည်။ သူတို့ ဇနီးမောင်နှံ တွေ့ရှိခဲ့သော ရေဒီယမ်ဒြပ်စင်နှင့် စပ်လျဉ်း၍၊ သုတေသနလုပ်ငန်းများ မကြာခဏ ဆောင်ရွက်ခဲ့ရာတွင် ယင်းဒြပ်စင်၏ ရေဒီယိုသတ္တုဒဏ်ကို ခံရဖန်များသဖြင့် သွေးအားနည်းသောရောဂါ ရရှိပြီး မဒမ်ကျူးရီးသည် ၁၉၃၄ ခု ဇူလိုင် ၄ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်သွားလေသည်။ သူ့တွင် သမီး နှစ်ယောက် ကျန်ခဲ့ရာ အကြီး အိုင်ရင်းကျူးရီးနှင့် သူ၏ခင်ပွန်းသည် ဖရက်ဒရစ်ဇောလျိုးတို့သည် မိဖများ၏ သုတေသနလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ရာ ၁၉၃၅ ခုနှစ်တွင် ဓာတုဗေဒပညာအတွက် နိုဘဲလ်ဆု ရရှိခဲ့လေသည်။

သမီးအငယ် အီဗာကျူးရီးသည် သူ့မိခင်အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းက လစ်ဗီးယား၊ ရုရှား၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ စစ်မျက်နှာ များသို့ စစ်သတင်းထောက်အဖြစ် ရောက်ခဲ့ဘူးလေသည်။


ကိုးကား

Tags:

နိုဘဲလ်ဆုရေဒီယိုသတ္တိကြွပြိုကွဲမှုဝီကီပီးဒီးယား:IPA for Englishဝီကီပီးဒီးယား:IPA for Frenchအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ရန်ကုန်တက္ကသိုလ်မင်းတုန်းမင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်တားရော့ပညာဝါရမိတ္တုရက်ကြီးပါလီမန် ဒီမိုကရေစီ စနစ်ဘဉာဏ် (ပန်းချီဆရာ)တွင်းနက်အလက်ဇန္ဒား ဂရေဟမ် ဘဲလ်မြန်မာနာမည်ဗုဒ္ဓသဗ္ဗညုဘုရား(ပုဂံ)လေမုန်တိုင်းငလျင်လှုပ်ခြင်း၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဗီယင်ကျန်းမြို့ဘရူနိုင်းနိုင်ငံသစ်တောကောသလမင်း အိပ်မက် (၁၆)ချက်Rဇာနည်မြန်မာစာစတင်ဖြစ်ပေါ်လာပုံအိန္ဒိယနိုင်ငံတိုကျိုမြို့ရွှေဘိုမြို့တိုက်ကြီးမြို့ရှားစောင်းလက်ပတ်ပင်ဟောင်ကောင်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုခေါင်းဆောင်မှုခရစ်တော်၊ ယေရှုလူ၏ အရိုးဖွဲ့စည်းပုံကြယ်နေသရဗုဒ္ဓဘာသာရန်ကုန်မြို့မြောက်ဦးမြို့မဟော်သဓာဇာတ်တော်နီပေါနိုင်ငံသိဒ္ဓတ္ထမင်းသားပြည်မြို့ချင်းလူမျိုးသံဃာဂုဏ်တော်အောက်ဆီဂျင်သိန်း၊ ဆရာ၊ မှော်ဘီသီတင်းကျွတ်လပြည့်နေ့ဂျပန်ဘာသာစကားအသည်းဓူဝံကြယ်ဦးပိန်တံတားပြည်ထောင်စု တိုင်းရင်းသား လူမျိုးများရဟန်းခံခြင်းမနုဿဗေဒစာစီစာကုံးဆယ်ပါးသီလမွန်ပြည်နယ်ဝေလငါးစိန်ပန်းပင်လောက (ဗုဒ္ဓဘာသာ)မြန်မာ လက်ထပ် ထိမ်းမြားခြင်းစာပေမြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအကြည်တော်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းအင်းလေးကန်ရွှေစည်းခုံ စေတီတော် (ပုဂံ)မြန်မာ့ပြည်တွင်းပဋိပက္ခများမိုးကုတ်မြို့လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံနက္ခတ် ၂၇ လုံးရခိုင်ဘာသာစကားမိတ္ထီလာမြို့ပတ္တမြား🡆 More