၂၀၁၇ ရုပ်ရှင် Wonder Woman

အံ့ဖွယ်အမျိုးသမီး (အင်္ဂလိပ်: Wonder Woman) သည် အမေရိကန် လူစွမ်းကောင်း ဇာတ်လမ်းဖြစ်ပြီး DC ကာတွန်းများမှ Wonder Woman (အမည်တူ) ဇာတ်ကောင်ကို အခြေခံထားပြီး Warner Bros.

Pricture မှ ဖြန့်ချိသည်။ ဒါရိုက်တာ Patty Jenkins က ရိုက်ထားပြီး ဇာတ်ညွှန်း Allan Heinberg နှင့် ဇာတ်လမ်း Heinberg, Zak Snyder နှင့် Jason Fuchs တို့ဖြစ်သည်။ Gal Galdo မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ပြီး Chris Pine, Robin Wright, Danny Huston, David Thewlis, Connie Nielsen, and Elena Anaya တို့က ပါဝင်သရုပ်ဆောင်ထားသည်။ Wonder Woman ဇာတ်ကားမှာ ဒုတိယကားဖြစ်ပြီး Batman vs Superman: Dawn of Justice တွင် မိတ်ဆက်ပါဝင်ထားပြီး ဖြစ်သည်။ Jenkins သည်လဲ လူစွမ်းကောင်း ရုပ်ရှင်ရိုက်ကူးသော ပထမဦးဆုံး အမျိုးသမီး ဒါရိုက်တာဖြစ်လာသည်။

အံ့ဖွယ်အမျိူးသမီး
၂၀၁၇ ရုပ်ရှင် Wonder Woman
ရုံတင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာPatty Jenkins
ထုတ်လုပ်သူ
  • Charles Roven* Deborah Snyder * Zack Snyder * Richard Suckle
စာရေးသူAllan Heinberg[*]
ဇာတ်ညွှန်းAllan Heinberg
ဇာတ်လမ်း
  • Zack Snyder * Allan Heinberg * Jason Fuchs
အခြေခံထားသည်မှာWilliam Moulton Marston ၏
Wonder Woman
သရုပ်ဆောင်
  • Gal Gadot * Chris Pine * Robin Wright * Danny Huston * David Thewlis * Connie Nielsen * Elena Anaya
ဂီတမှူးRupert Gregson-Williams
ဓာတ်ပုံMatthew Jensen
တည်းဖြတ်Martin Walsh (film editor)
ထုတ်လုပ်ရေး
ကုမ္ပဏီ
  • DC Films * Atlas Entertainment* Cruel and Unusual Films * Tencent Pictures * Wanda Media
ကြာမြင့်ချိန်
၁၄၁ မိနစ်
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • မေ ၁၅၊ ၂၀၁၇ (၂၀၁၇-၀၅-၁၅) (ရှန်ဟိုင်း)
  • ဇွန် ၂၊ ၂၀၁၇ (၂၀၁၇-၀၆-၀၂) (အမေရိကန်)
ထုတ်ဝေသူWarner Bros. Pictures
ကုန်ကျငွေ$149 သန်း
ရောင်းရငွေ$436.5 သန်း
နောင်တော်များနှင့် နောက်ဆက်တွဲများ
နောက်ထွက်ဇာတ်လမ်းWonder Woman 1984[*]

ဇာတ်လမ်းမှာ ၁၉၁၈ ခုနှစ်ဝန်းကျင်၊ မင်းသမီး ဒိုင်ယာနာ အကြောင်းဖြစ်ပြီး သူမသည် Themyscira အမေဇုန်ကျွန်းမှ မင်းသမီးဖြစ်သည်။ အမေရိကန် လေယာဉ်မှူး Steve Trevor မှ ကျွန်းအနီး လေယာဉ်ပျက်ကျပြီး ဒိုင်ယာနာမှ ကယ်တင်ထားလိုက်သည်။ ထို့နောက်သူမသည် ကမ္ဘာစစ်အကြောင်း ကြားသိသည်။ သူမသည် အငြင်းပွားမှုများကို ဖြေရှင်းပေးရန်နှင့် စစ်ကြီးမဖြစ်ပွားစေရန်အတွက် အိမ်မှထွက်လာပြီး Wonder Woman စတင်ဖြစ်လာခဲ့သည်။ ရုပ်ရှင်ရိုက်ကူးဖို့ကို ၁၉၉၆ ကတည်းက စတင်ခဲ့ပြီး Jankins မှ ဒါရိုက်တာအဖြစ်ရိုက်ကူးပေးရန် ၂၀၁၅ တွင်လက်မှတ်ထိုးခဲ့သည်။ ရုပ်ရှင်ရိုက်ကူးမှုကို နိုဝင်ဘာ ၂၁၊ ၂၀၁၅ (၂၀၁၅-၁၁-၂၁) တွင် စတင်ခဲ့ပြီး ယူနိုက်တက် ကင်းဒမ်းပြင်သစ် နှင့် အီတလီတို့တွင် ရိုက်ကူးခဲ့ပြီး မေ ၉၊ ၂၀၁၆ (၂၀၁၆-၀၅-၀၉) တွင်ပြီးစီးခဲ့သည်။ လိုအပ်သည်များကို ထပ်မံရိုက်ကူးခဲ့ခြင်းများလဲ ရှိခဲ့ရာ နိုဝင်ဘာ ၂၀၁၆ (၂၀၁၆-၁၁) တွင် အားလုံးပြီးစီးခဲ့သည်။

Wonder Woman ရုပ်ရှင်ကို ရှန်ဟိုင်းတွင် မေ ၁၅၊ ၂၀၁၇ (၂၀၁၇-၀၅-၁၅) တွင် ပွဲဦးထွက် ပြသခဲ့ပြီး အမေရိကန်တွင် ဇွန် ၂၊ ၂၀၁၇ (၂၀၁၇-၀၆-၀၂) တွင် ရုံစတင်ခဲ့ပြီး 2D, 3D နှင့် IMAX 3D တို့ဖြင့် ပြသခဲ့သည်။ ၎င်းရုပ်ရှင်သည် အကောင်းဘက်မြင်သော အပြုသဘောဆောင်သော သုံးသပ်ချက်များ ဝေဖန်မူများ ရရှိခဲ့ပြီး အထူးသဖြင့် Gadot နှင့် Pine တို့၏ သရုပ်ဆောင်မှုများကို ချီးကျူးကြသည်။ ထို့ပြင် အမျိုးသမီး ဒါရိုက်တာရိုက်ကူးသော ဇာတ်ကားများတွင် ပြည်တွင်း ဝင်ငွေအများဆုံးအဖြစ် (ဒေါ်လာ သန်း၁၀၃.၃) မှတ်တမ်းတင်ခံရပြီး နိုင်ငံတကာတွင်လဲ အမျိုးသမီး လူစွမ်းကောင်းဇာတ်ကားတစ်ခုအနေဖြင့် ဝင်ငွေအများဆုံးရရှိထားသည်(ဒေါ်လာ သန်း၄၃၆ ကျော်)။ 

ကိုးကား

Tags:

ကာတွန်းအင်္ဂလိပ်ဘာသာစကားအမေရိကန်

🔥 Trending searches on Wiki မြန်မာဘာသာ:

ပုလွေမှုတ်ခြင်းစအိုဖြင့် လိင်ဆက်ဆံခြင်းဗောဇ္ဈင်္ဂသုတ်နေ့နံကြို့ထိုးခြင်းပုသိမ်မြို့ကျော်စွာလင်းရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးရေကွမ်းရွက်ပင်ပြည်ကြီးငါးငါးမျိုးစိတ်များ စာရင်းကန်စွန်းဂျူးဘာသာအဆိပ်ရွှေစည်းခုံ စေတီတော် (ပုဂံ)နေပြည်တော်တိုင်းစစ်ဌာနချုပ်သောမတ် အက်ဒီဆင်အင်းဝခေတ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ချားလ်စ် ဒါဝင်နန်းမွေစံချမ်းမြေ့မောင်ချိုဆိုရှယ်လစ်ဝါဒကမ္ဘာဂြိုဟ်အင်းလေးကန်လေယာဉ်ပျံမြန်မာနိုင်ငံ၏ ရပ်ကွက်များကံပေါက်ကျိုင်းမြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ)လူ့အခွင့်အရေးမင်းသိင်္ခဝီကီထူးအိမ်သင်နို့အနေကဇာတင်ခြင်းကျားဂီတဒိုင်နိုဆောငလျင်လှုပ်ခြင်းမိုင်းခရပ်ဖ်မြန်မာ့သနပ်ခါးတရုတ်သမိုင်းသံတွဲမြို့မန္တလေးမြို့ကမ္ဘာ့အလုပ်သမားနေ့ရှင်ပြုခြင်းပင်းယခေတ်သာသနာတော်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုလိမ်လည်မှုဦးသန့်မြောက်ဦးမြို့ထက်ထက်မိုးဦးမြစ်ကြီးနားမြို့ဆူခွိုင်း ၃၀မင်းအောင်လှိုင်ပြည်ထောင်စုနေ့ပညာရေးဝန်ကြီးဌာနနန်းလုံးကြိုင်ဆယ်ပါးသီလအသည်းရောင် အသားဝါ ရောဂါ အေပိုးငှက်ဖျားရောဂါဇော်ဂျီ (စာရေးဆရာ)အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အလောင်းမင်းတရားကြီးအရေးတော်ပုံဗိုလ်ချုပ်မှူးကြီးသရက်သီးမိန်းမ မျိုးပွားအင်္ဂါမြန်မာ သက္ကရာဇ်မနောပွဲအပူချိန်ကိလေသာမြန်မာသဒ္ဒါ🡆 More