အတက်ရောဂါ

ဝက်ရူးပြန်ရောဂါ ဖြစ်ရသည့် အကြောင်းရင်းကို ယခုတိုင် မသိကြသေးချေ။ သို့သော် ဆရာဝန်များသည် ထိုရောဂါဖြစ်နေသူ၏ ဦးနှောက်မှ ဖြစ်ပေါ်စေသော လျှပ်စစ်လှိုင်းများကို ဦးနှောက်၏ လျှပ်စစ်လှိုင်းမှတ်သည့် ကိရိယာတွင် တွေ့မြင်နိုင်ကြလေသည်။ ထိုရောဂါအတွက် ထိုကိရိယာကို သီးခြားတီထွင်ထားခြင်းဖြစ်ရာ ရောဂါကျရောက်နေစဉ်၌ ဖြစ်ပေါ်လာသော လျှပ်စစ်လှိုင်းများ၏ ပုံသဏ္ဌာန်များ ထူးခြားစွာပြောင်းလာ သည်ကိုတွေ့ရသည်။ မေ့သွားပြီးလျှင် လဲကျသွားနိုင်လေသည်။ သူ၏ ကြွက်သားများသည် လှုပ်ရှားလာပြီးလျှင် တက်တက်လေသည်။ ထိုသို့ ဖြစ်ခြင်းသည် နှစ်မိနစ်မှ ငါးမိနစ်အထိ ကြာတတ်ပြီးနောက် တွေဝေနေတတ်သည်။ ဝက်ရူးပြန်ရောဂါသည် မပြင်းထန်လျှင် သတိလစ်သည့်အချိန်သည် အလွန်တိုတောင်းလေသည်။ သို့မဟုတ်လျှင် ထူးခြားသည့်ခံစားချက်များ ရှိတတ်သည်။ သို့မဟုတ်လျှင်လည်း စိတ်အနှောင့်အရှက်များ ရှိတတ်သည်။ ထိုအခြေအနေမျိုးသည် ကလေးများတွင် ဖြစ်ပေါ်လေ့ရှိသည်။

Epilepsy
SynonymsSeizure disorder
The electroencephalogram recording of a person with childhood absence epilepsy showing a seizure. The waves are black on a white background.
Generalized 3 Hz spike-and-wave discharges on an electroencephalogram
အထူးပြုNeurology
လက္ခဏာများPeriods of vigorous shaking, nearly undetectable spells
ကာလLong term
အကြောင်းရင်းUnknown, brain injury, stroke, brain tumors, infections of the brain, birth defects
စမ်းသပ်နည်းElectroencephalogram, ruling out other possible causes
ကွဲပြားသောစမ်းသပ်နည်းFainting, alcohol withdrawal, electrolyte problems
ကုသခြင်းMedication, surgery, neurostimulation, dietary changes
ရောဂါလက္ခဏာControllable in 69%
ကြိမ်ရေ39 million / 0.5% (2015)
သေဆုံး125,000 (2015)

အထက်တွင်ဖော်ပြပါ အခြေအနေနှစ်မျိုးမဖြစ်ဘဲ ထူးခြားသည့် အခြေအနေ တစ်မျိုးလည်း ဖြစ်တတ်သေးသည်။ ထိုတတိယအမျိုးအစား အခြေအနေမျိုး ဖြစ်သောအခါတွင် ဝေဒနာရှင်သည် သာမန်အခါကဲ့သို့ လုပ် ရိုးလုပ်စဉ်အတိုင်း လုပ်၍နေလေသည်။ သို့သော် ထိုဝေဒနာရှင်သည် သူပြုလုပ်နေသည်ကို သူသိလေ့မရှိချေ။ တစ်ခါတစ်ရံတွင် ဝေဒနာရှင်သည် အထက်ဖော်ပြပါ အခြေအနေ သုံးမျိုးအနက် တစ်မျိုးမက ဖြစ်ပေါ်တက် လေသည်။

ဦးနှောက်၏ အရေးကြီးသောအမှု ဆောင်ရွက်ချက်မှာ သွေးအတွင်းမှရရှိသော သကြားနှင့် အောက်ဆီဂျင်စွမ်းအင်ကို နာဗ်ကြောစွမ်း အင်အဖြစ်သို့ ပြောင်းလဲပေးရန်ဖြစ်သည်။ ဦးနှောက်နာဗ်ကြော စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးရာ၌ အချိန်နှင့် စွမ်းအင်ထုတ်လွှတ်ပေးသည့် နေရာကို မကန့်သတ်နိုင်၊ မအုပ်ထိန်းနိုင်လျှင် ဝက်ရူးပြန်ရောဂါ ဖြစ်လာလေတော့သည်။ ဝက်ရူးပြန်ရောဂါ ဖြစ်လာပြီးနောက် အချိန်အတော်ကြာ တွေဝေ၍နေခြင်းသည် ဦးနှောက်မှစွမ်းအင်ကို မရနိုင်တော့ခြင်းကြောင့်ဖြစ်သည်။

တစ်ခါတစ်ရံ ဝေဒနာရှင်၏ ဦးနှောက်တစ်ခုလုံး၌ အနှောင့်အရှက်မဖြစ်ဘဲ အစိတ်အပိုင်း တစ်ခုခုတွင်သာ ဖြစ်ပေါ်တတ်သေးသည်။ သာဓကအဖြစ် ဖော်ပြရလျှင် တစ်ခါတစ်ရံတွင် ဝေဒနာရှင်၏ ခြေတစ်ဖက် တည်းသာ ဆတ်တောက်ဆတ်တောက် ဖြစ်သွားတတ်စေသည်။ ထိုသို့ဖြစ်ရသည်မှာ ဦးနှောက်တွင် ခြေထောက်နှင့်သက်ဆိုင်သော အစိတ်အပိုင်း၌သာ အနှောင့်အရှက်ဖြစ်ခြင်းကြောင့်ဖြစ်သည်။

ဝက်ရူးပြန်ရောဂါဖြစ်လာစဉ် လူနာအား သူ့ကိုယ်သူ ထိခိုက်အောင် မပြုလုပ်နိုင်စေရန် ပြုပြင်ထားသင့်သည်။ ဝေဒနာရှင်အား ထွေးထွေးနွေးနွေး ထားပေးသင့်ပြီးလျှင် လည်ပင်းဘက်ရှိ အဝတ်များကို ချောင်ချောင်ထားပေး သင့်သည်။ ပါးစပ်အတွင်း အပေါ်နှင့် အောက်သွားများအကြား၌လည်း အဝတ်ကိုလိမ်၍ ခံထားပေးသင့်သည်။ သို့မှသာရောဂါ အတက်တွင် လျှာကို ကိုက်ဖြတ်မိခြင်းဘေးမှ လွတ်ကင်းနိုင်ပေမည်။

ဝက်ရူးပြန်ရောဂါ ဖြစ်လာသည့်တိုင်အောင် ဘေးမဖြစ်စေနိုင်သည့် လုပ်ငန်းကိုသာ ဝက်ရူးပြန်ရောဂါရှိသူအား လုပ်စေသင့်သည်။ ဝေဒနာရှင်အား စိတ်အနှောင့်အရှက်မဖြစ်စေဘဲ အေးဆေးစွာနေစေသင့်သည်။ ထို့ပြင် အရက် သေစာများကိုလည်း ရှောင်ရှားစေသင့်ပေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

လေဖြတ်ခြင်းဝေလနိုင်ငံလူသားတစ်ဦး၏လိင်တံအရွယ်အစားကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများကျောက်ပန်းတောင်းမြို့ကိန်းစစ်မြန်မာစာရေးဆရာများ စာရင်းမြအောင်ဆန်းစုကြည်ခွေးရူးပြန်ရောဂါရုရှားနိုင်ငံတယ်လီဖုန်း ကုတ်နံပါတ်မြန်မာ့သနပ်ခါးမြန်မာ့ မီးရထားထန်းလျက်ချမ်းမြေ့မောင်ချိုရခိုင်ရိုးမအဲလ်ဘတ် အိုင်းစတိုင်းလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ဓာရဏပရိတ်အနတ္တလက္ခဏသုတ်ပြင်သစ်နိုင်ငံဓာတ်ပုံဗမာနိုင်ငံတော်မြန်မာ့ အစားအစာဧရာဝတီတိုင်းဒေသကြီးမန္တလေး နန်းတော်ထူးအိမ်သင်မွန်ဘာသာစကားသံတွဲမြို့မဟတ္တမ ဂန္ဒီလိင်ဖြင့်မျိုးပွားခြင်းမီးတောင်တစ်ကိုယ်ရည်အာသာဖြေခြင်းသင်ဖြူးဖျာကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံရှင်သီဝလိဂါထာကနေဒါနိုင်ငံတာချီလိတ်မြို့လွတ်လပ်ရေးကြေညာစာတမ်းသင်္ကြန်ည (ရုပ်ရှင်)နဝရတ် ကိုးပါးရေးမြို့နယ်စစ်တွေမြို့ဗိဿနိုးမြို့ဟောင်းကယန်းလူမျိုးမင်္ဂလာတရား ၃၈-ပါးအနတ္တမြန်မာနိုင်ငံရှိ ပွဲတော်များငပလီကမ်းခြေပထမ ကမ္ဘာစစ်နေဝင်း (ဗိုလ်ချုပ်ကြီး)ကားလိုး ကော်လိုဒီအဏုမြူ လက်နက်ဗန်းစကားမြန်မာနိုင်ငံ၏ အလံတော်ဘရူနိုင်းနိုင်ငံသုဂတော သုဂတဓာနံဂါထာခြောက်ဆယ်ပျို့မောင်တောမြို့မေသန်းနုပခုက္ကူမြို့မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)သရခရမ်းပင်ကယားလူမျိုးမြန်မာသရုပ်ဆောင်များစာရင်းနာဂစ်မုန်တိုင်းကိုဩဒိနိတ်တီဘီရောဂါအိုမန်နိုင်ငံဆူခွိုင်း ၃၀မန္တလေးမြို့🡆 More