ကာတွန်း အောင်ရှိန်

ကာတွန်းအောင်ရှိန်သည် မြန်မာကာတွန်း ပညာရှင် တစ်ဦးဖြစ်သည်။ ပုသိမ်မြို့ တွင် အဖ ဦးမောင်ကွန့် နှင့် အမိဒေါ်သန်းရင်တို့မှ ၁၉၂၈ ဩဂုတ်လ ၂၃ရက် နေ့တွင် မွေးဖွားသည်။ ဒုတိယကမ္ဘာစစ် မတိုင်ခင် ပုသိမ်မြို့ အမျိုးသားကျောင်း တွင် ရှစ်တန်းအ ထိ ပညာ သင်ကြားခဲ့သည်။

ကာတွန်း အောင်ရှိန်
ကာတွန်း အောင်ရှိန်

၁၉၅၁-ခုနှစ်တွင် မြန်မာ့အလင်း သတင်းစာ ၌ ကာတွန်းစတင် ရေးဆွဲခဲ့သည်။ ထိုအချိန်က ရေးဆွဲလျက်ရှိသော ကာတွန်းဆရာ အားလုံးကို လေ့လာနည်းယူ ရေးဆွဲခဲ့သည်။

သတင်း နှင့်စာနယ်ဇင်း တွင် အကြံပေး အရာ ရှိအဖြစ် တာဝန် ထမ်းဆောင်ရင်း ကာတွန်းများရေး ဆွဲခဲ့သည်။ ပြည်သူ အကျိုးပြု စာပေနှင့် ဆောင်းပါး သရုပ်ဖော်ပုံ များကို ရေး ဆွဲခဲ့သည်။ မြန်မာ့အလင်း သတင်းစာ ၊မြဝတီမဂ္ဂဇင်း၊ ငွေတာရီ မဂ္ဂဇင်း၊ လုံမလေး မဂ္ဂဇင်း၊ ရှေ့သို့ စာစောင်၊ မျက်ရှုစာစောင်၊ မင်္ဂလာ မောင်မယ်၊ မြက်ခင်းသစ်၊ ရတနာ ပန်းခင်းရုပ်စုံ မဂ္ဂဇင်းတို့တွင် ကာတွန်းနှင့်လုံးချင်း များစွာရေးဆွဲခဲ့သည်။

၁၃-၁၀-၂၀ဝ၆ ခုနှစ်အထိ သတင်းနှင့် စာ နယ်ဇင်းတွင် အကြံပေး အရာရှိ လုပ်ကိုင်ခဲ့ သည်။ လက်ဦး ဆရာများမှာ ကာတွန်းဦးဘဂျမ်းနှင့် ကာတွန်းဦးဟိန်းစွန်းတို့ ဖြစ်သည်။

မြန်မာကာတွန်းရုပ်စုံ လောကကို ပေါ်ပြူလာကာတွန်းဖြင့် စတင်ဦးဆောင် ရေးဆွဲခဲ့သူ ဖြစ်သည်။ မြန်မာကာတွန်းလောကတွင် ကာတွန်းဇာတ်ကောင် အများဆုံး ဖန်တီးခဲ့သူဖြစ်သည်။ ကာတွန်းဦးအောင်ရှိန်၏ စုံထောက်ကြီးဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးကပ်စီး၊ ခင်မောင်သိန်းထွန်းဝင်း၊ တိုက်ဂါး၊ စံပ၊ မယ်ခ၊ ဦးစိတ်တို၊ မျောက်ညို၊ ကြာဇံ၊ ကြေးမုံခင်၊ ဦးလူပေါ၊ ဉာဏ်ကျယ်လေး၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ၊ ပျော်တော်ဆက်ကလေးမောင်ဉာဏ်ထက်၊ စသည့် ဇာတ်ကောင်များမှာ ထင်ရှားခဲ့သည်။

ကာတွန်းဦးအောင်ရှိန်ထံတွင် တပည့်တပန်းများစွာရှိခဲ့ရာ ယင်းအနက် ထင်ရှားသည့် ကာတွန်းဆရာ၊ ပန်းချီဆရာများမှာ ကာတွန်းသော်က၊ ကာတွန်းဝင်းအောင်၊ ကာတွန်းမြင့်ဆွေ၊ ပန်းချီမျိုးညွန့် (ခေါ်) မောင်ဒီ၊ ကာတွန်းရွှေမင်းသားကာတွန်းငွေကြည် တို့ ဖြစ်ကြသည်။

ဆရာကာတွန်းဦးအောင်ရှိန်သည် မြန်မာပြည်၏ ရုပ်ပြ ရုပ်စုံကာတွန်းလောကလမ်းကို စတင် ဖောက်ခဲ့သူတဦးလည်း ဖြစ်သည်။ လွန်ခဲ့သည့် ၁၉၅၀ ကျော် ကာလများအတွင်း ကာတွန်းဦးအောင်ရှိန်သည် လစဉ်ထုတ် ပေါ်ပြူလာကာတွန်း ရုပ်စုံ စာအုပ်နှင့် ရုပ်ပြ ကာတွန်းများကို မြန်မာပြည်နှင့် မိတ်ဆက်ပေးခဲ့သည်။ ယင်းတခေတ်တွင် ဆရာကြီး၏ အောင်မြင်မှု အရှိန်အဝါသည် ပရိသတ်များအပေါ်တင်သာမကဘဲ ကာတွန်း ဝါသနာရှင်များ အပေါ်မှာပါ များစွာ လွှမ်းမိုးခဲ့လေသည်။ ဦးအောင်ရှိန်သည် အိမ်မြှောင်ကြောက်တတ်သူ တဦးဖြစ်သောကြာင့် သူ၏ လက်မှတ်ရေးထိုးရာမှာ အမှတ်တရ အဖြစ် အိမ်မြှောင်ပုံကလေး ထည့်ဆွဲလေ့ရှိသည်။

ရုပ်ရှင်အဖြစ် အသက်သွင်းခံရသော ကာတွန်းဇာတ်ကောင်များ

မြန်မာပြည်မှာ ကာတွန်း ဇာတ်ကောင်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်းခံရသည့် ဇာတ်ကောင်များတွင် ကာတွန်းဦးအောင်ရှိန်၏ဇာတ်ကောင်များ ပါဝင်လေသည်။

မင်းသား သန်းနွဲ့နှင့် မြင့်ဖေတို့ ပါဝင်သရုပ်ဆောင်သည့် “မှားတဲ့အခါလည်း မှားပေမပေါ့” ဆိုသည့်ဇာတ်ကားကြီးသည် ဦးအောင်ရှိန်ရဲ့ ဦးရှံစားနှင့် ဦးဒိန်းဒေါင်တို့ကို အသက်သွင်းထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားသည် ထိုခေတ်က မြန်မာပြည်မှာ ဝင်ငွေ အကောင်းဆုံး ဇာတ်ကားကြီး ဖြစ်ခဲ့လေ သည်။

တောတွင်းသားလေး ကြာဇံကို အသက်သွင်းထားသည့် “အောင်ပင်လယ်” ဆိုသည့် ဇာတ်ကားတွင် ကြာဇံအဖြစ် သရုပ်ဆောင်သူ၊ ယခင်က တီးဝိုင်းမှာ ဗုံတီးသည့် ဦးအုန်းမောင်ကို ကြာဇံအုန်းမောင် ဖြစ်စေခဲ့သည်။ အဆိုပါဇာတ်ကားကို ကိုယ်တိုင်ရိုက်ကူး ထုတ်လုပ်သည့် ဦးကျော်စိုးဟာ နောင်တွင် ဘိတ်ကလာတဲ့ ငံပြာရည် ဇာတ်ကားနဲ့ တဟုန်ထိုး နာမည် ကြီးခဲ့သူ ဖြစ်လေသည်။

၂၁ရာစုခေတ်တွင် ဦးစိတ်တိုနှင့်မျောက်ညိုကိုပါ ကာတွန်းဗီဒီယိုဖန်တီးနိုင်ခဲ့သည်။

အသက် ၈၄ နှစ်ပြည့် မွေးနေ့ပွဲ

၂၀၁၃ ဩဂုတ်လ ၅ ရက်နေ့က ကျင်းပသည့် ဦးအောင်ရှိန်၏ အသက် ၈၄ နှစ်ပြည့် မွေးနေ့ပွဲကို ကာတွန်းဆရာ စုံစုံလင်လင် လာရောက် ချီးမြှင့်ခဲ့ပြီး ယင်းမွေးနေ့သည် ဆရာကြီး၏ နောက်ဆုံးမွေးနေ့ပွဲပင် ဖြစ်လေသည်။

ဘဝနိဂုံး

ဆရာ ဦးအောင်ရှိန်သည် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်၊ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်တွင် ရန်ကုန်ဆေး ရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီ အချိန်ထိ သားသမီးများနှင့် အတူ ဦးဝိစာရ ရပ်ကွက် တိုက် (၆)၊ အခန်း(၂၄) တွင် နေထိုင်ခဲ့သည်။

မကွယ်လွန်ခင်အထိ မြန်မာပြည် အသက်အကြီးဆုံး ကာတွန်းဆရာကြီး တဦးဖြစ်ခဲ့ပြီး သူ့ကို သူ၏ တပည့် ကာတွန်းဆရာများနှင့် လက်ရှိ လူငယ်ကာတွန်း ဆရာများက သက်ရှိကာတွန်း ပြတိုက်ကြီးအဖြစ် အလေးအမြတ် ထားခဲ့ကြလေသည်။

ကိုးကား

Tags:

ကာတွန်း အောင်ရှိန် ရုပ်ရှင်အဖြစ် အသက်သွင်းခံရသော ကာတွန်းဇာတ်ကောင်များကာတွန်း အောင်ရှိန် အသက် ၈၄ နှစ်ပြည့် မွေးနေ့ပွဲကာတွန်း အောင်ရှိန် ဘဝနိဂုံးကာတွန်း အောင်ရှိန် ကိုးကားကာတွန်း အောင်ရှိန်ပုသိမ်မြို့၁၉၂၈

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်္ဂလိပ်ဘာသာစကားဟင်္သာတထွန်းရင်မြန်မာတိုင်းရင်းသားမျိုးနွယ်များကာလီမယ်တော်ဖက်ဒရယ်ပြည်ထောင်စုစနစ်အာဇာနည်နေ့အရှေ့တောင်အာရှနိုင်ငံများအသင်းစစ်ကိုင်းမြို့တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများလများ (အချိန်အတိုင်းအတာ)ဘဲတပ်မဟာ၉၉၉ကားတန်ခူးလကမ္ဘာဂြိုဟ်ခန္ဓာဗေဒပခုက္ကူမြို့ကြူကြူလှမဟာရဋ္ဌသာရ၊ သျှင်အီသီယိုးပီးယားနိုင်ငံမင်းအောင်လှိုင်မှန်လုံအိမ်ဓာတ်ငွေ့ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးမြန်မာအက္ခရာဒုက္ခသစ္စာတပင်ရွှေထီးရိုဟင်ဂျာအောက်ချင်းငှက်သမ္ဗုဒ္ဓေကလောမြို့ငှက်သိုက်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များရေမွန်ပဋ္ဌာန်းစမူဆာသွေးတိုးရောဂါသွားဖုံးရောဂါနောင်ချိုမြို့နယ်ဂဠုန်တိုက်ရွှေဝါရောင် တော်လှန်ရေးစုန်းကဝေအတတ်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဗုဒ္ဓစစ်တွေမြို့နရသူ (ပုဂံ)အရှေ့တောင်တိုင်းစစ်ဌာနချုပ်ခန့်စည်သူသံဃာဒိသေသ်အာပတ်ပန်းစိတ်ပညာပလေးတိုးမြသလွန်ဘုရားအီဂျစ်နိုင်ငံလာအိုဘုရင့်နိုင်ငံဝဋ္ဋသုတ်မြန်မာနိုင်ငံ၏ လူဦးရေလား (တိရစ္ဆာန်)ကွန်ဖြူးရှပ်ထိုင်းနိုင်ငံ၏ ပြည်နယ်များနှစ်ကျိပ်ရှစ်ဆူရှင်သီဝလိဂါထာမန္တလေးတိုင်းဒေသကြီးမိုင်တဲလ် မြန်မာတက္ကသိုလ်ဘုန်းနိုင်၃၈ ဖြာ မင်္ဂလာဖွေးဖွေးတရုတ်ပြည်သူ့သမ္မတနိုင်ငံစွမ်းအင်မြန်မာနိုင်ငံ၏ စီးပွားရေးအဖြူဆင်းခြင်းလိင်စိတ် နိုးထခြင်းအက်တမ်ဟနွိုင်းမြို့ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်း🡆 More