အီတိုင်ပူ ရေကာတာကြီး

အီတိုင်ပူ ရေကာတာကြီး သည် တောင်အမေရိကတိုက်ရှိ ပါရာဂွေးနှင့် ဘရာဇီးနိုင်ငံအကြားတွင် တည်ဆောက်ထားသော ရေအားလျှပ်စစ်ထုတ် ရေကာတာကြီးတစ်ခု ဖြစ်သည်။ ပါရာဂွေးနိုင်ငံ သမ္မတ အာလ်ဖရက်ဒို စထရို အက်ဆနာနှင့် ဘရာဇီးနိုင်ငံ သမ္မတ ဘက်တစ်စတာ ဖီဂွီရီဒို တို့သည် ၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ပေးခဲ့သည်။

Itaipu Dam
Presa Itaipu
Barragem de Itaipu
အီတိုင်ပူ ရေကာတာကြီး
နိုင်ငံဘရာဇီးနိုင်ငံ
ပါရာဂွေးနိုင်ငံ
တည်နေရာFoz do Iguaçu
Hernandarias
အခြေအနေOperational
စတင် ဆောက်လုပ်ခြင်းဇန်နဝါရီ ၁၉၇၅
ဖွင့်လှစ်သည့်နေ့၅ မေ ၁၉၈၄
ကုန်ကျငွေUS$ ၁၉.၆ ဘီလီယံ
ပိုင်ဆိုင်သူများItaipu Binacional
တမံနှင့်ရေပိုလွှဲများ
အမြင့်၁၉၆ m (၆၄၃ ft)
ရေပိုလွှဲသိုလှောင်နိုင်မှု၆၂,၂၀၀ m3/s (၂,၂၀၀,၀၀၀ cu ft/s)
မြစ်/ချောင်းပါရာနာမြစ်
ရေအားလျှပ်စစ်ထုတ်လုပ်မှုအမျိုးအစားConventional
တာဘိုင်များ20 × ၇၀၀ MW (၉၄၀,၀၀၀ hp) Francis-type
တပ်ဆင်အင်အား၁၄ GW (၁၉,၀၀၀,၀၀၀ hp)
နှစ်စဉ် ထုတ်လုပ်နိုင်မှု၈၉.၅ TWh (၃၂၂ PJ) (2015)
ဝဘ်ဆိုဒ်
www.itaipu.gov.br
www.itaipu.gov.py

အီတိုင်ပူဟူသော ဝေါဟာရသည် ထိုဒေသရှိ တိုင်းရင်းသား တူပီဂွာရာနီ အင်ဒီယန်းလူမျိုးတို့၏ ဘာသာစကားဖြစ်၍ တေးဆိုသော ကျောက်ခဲ ("the sounding stone") ဟု အဓိပ္ပာယ်ရသည်။ ဘရာဇီးနိုင်ငံနှင့် ပါရာဂွေးနိုင်ငံ နှစ်နိုင်ငံအကြား နယ်နိမိတ် ဖြစ်သော ပါရာနာမြစ်ပေါ်တွင် အီတိုင်ပူ ရေကာတာ တည်ရှိ၍ အလျားငါးမိုင်၊ အမြင့်ပေ ၆၄ဝ ရှိသည်။ အမြင့်ဆုံးနေရာ၌ ၆၇၅ ပေကျော် (၂၂၅ မီတာ) ရှိသည်။ ကွန်ကရိဖြင့် တည်ဆောက်ထားသော ပင်မဗဟို ရေကာတာသည် ၄ဝ၆၉ ပေ (၁၂၃၄ မီတာ) ရှည်လျားသည်။

အီတိုင်ပူရေကာတာ၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်မှု ပမာဏသည် အီဂျစ်သမ္မတနိုင်ငံရှိ အဆွမ် ရေကာတာမှ ရရှိ သော စွမ်းအင်ပမာဏ၏ ခြောက်ဆမျှ ဖြစ်၍ ကမ္ဘာပေါ်တွင် အကြီးဆုံးရေကာတာ ဖြစ်သည်။

၁၉၇၃ ခုနှစ်တွင် ချုပ်ဆိုသော နှစ်နိုင်ငံ သဘောတူညီချက်အရ အီတိုင်ပူရေကာတာကို ၁၉၇၄ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ရာ ရှစ်နှစ်ခန့်ကြာသောအခါ တာဘိုင်စက်ကြီး ၁ဝ ခု ပါရှိသော ရေအားမောင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ယန္တရားများကို အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့သည်။ ဆီတိုင်ပူရေကာတာကို အလုပ်သမား ၄ဝဝဝဝ ဖြင့် တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉.၆ ဘီလီယံ ကုန်ကျခဲ့သည်။

ထိုရေကာတာကြောင့် ပါရာဂွေးနိုင်ငံ၏ စတုရန်း ကီလိုမီတာ ၆ဝဝ ကျယ်ဝန်းသော နယ်မြေနှင့် ဘရာဇီးနိုင်ငံ၏ စတုရန်းကီလိုမီတာ ၈ဝဝ ကျယ်ဝန်းသော မြေပြင်တို့ကို ရေဖုံးသွားမည် ဖြစ်သောကြောင့် ထိုဒေသရှိ လူဦးရေ ၄၂ဝဝဝ ခန့် ကို ရေလွတ်ရာဒေသများသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ ကုန်ကျစရိတ်ကို နှစ်နိုင်ငံ ညီတူညီမျှခံရမည်ဖြစ်၍ အစုရှယ်ယာကို ၅ဝ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ကြသည်။ သို့ရာတွင် ပါရာဂွေးနိုင်ငံသည် မိမိတို့၏ အစုရှယ်ယာများကို ဘရာဇီး နိုင်ငံသို့ ရောင်းချထားရာ ၂၅ ရာခိုင်နှုန်းခန့်ကို လွှဲပြောင်းပြီဖြစ်လေသည်။

အီတိုင်ပူရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်စွမ်းအားကို ရေကာတာနှင့် မိုင် ၆၆ဝ ဝေးသော ဝေါပေါ်လို စက်မှု လုပ်ငန်းမြို့သို့ ပေးပို့အသုံးပြုသကဲ့သို့ စထရိုအက်ဆနာမြို့နှင့် ဗီလာဟေးယက်မြို့ရှိ သံမဏိစက်ရုံများသို့လည်း ပေးပို့အသုံးပြုသည်။

အီတိုင်ပူ ရေကာတာ၏ မြင်ကွင်းကျယ်ဓာတ်ပုံ
အီတိုင်ပူ ရေကာတာ၏ မြင်ကွင်းကျယ်ဓာတ်ပုံ

ကိုးကား

Tags:

တောင်အမေရိကတိုက်ပါရာဂွေးနိုင်ငံဘရာဇီးနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

လင်းသိုက်ညွန့် (မြန်မာ့မြေ)အာရုံခြောက်ပါးလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များအမျိုးသားနေ့ရန်ကုန်တက္ကသိုလ်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဝဲလောက (ဗုဒ္ဓဘာသာ)ကျိုက်ထိုမြို့ကရင်လူမျိုးနိုင်ငံတကာ စာတတ်မြောက်ရေးနေ့ရွှေအိမ်သည်တျာချင်းဓဇဂ္ဂသုတ်မြန်မာနိုင်ငံ၏ ပညာရေးကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ရခိုင်ပြည်နယ်ပဋ္ဌာန်းကပ်ရှစ်လေးလုံးအရေးအခင်းတိုင်းစစ်ဌာနချုပ်ချေဂွေဗားရားစကားပုံဒြပ်စင်ကထိန်ဥရောပကျီးရွှေမန်းတင်မောင်ချင်းတွင်းမြစ်ဗေဒင်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချင်းလူမျိုးကိုယ်ကျင့်တရားစုန်းကဝေအတတ်နိုင်ငံခြားရေး ဝန်ကြီးဌာနအသည်းရောင် အသားဝါ ရောဂါ ဘီပိုးလိင်မှတဆင့် ကူးစက်တတ်သော ရောဂါနန္ဒမာလာဘိဝံသနေပြည်တော် ပြည်ထောင်စုနယ်မြေအမြောက်နိဝရဏတရားငါးပါးဘဒ္ဒကမ္ဘာလယုန်အောင်ရဲလင်းပင်လောင်းမြို့ရှင်စောပုဒီမိုကရေစီသီရိလင်္ကာနိုင်ငံမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ပြင်ဦးလွင်မြို့နယ်ဇာတကဝါရမိတ္တုရက်ကြီးအနတ္တလက္ခဏသုတ်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မြန်မာနိုင်ငံစီးပွားရေးခွေးရူးပြန်ရောဂါတိုကျိုမြို့အချိန်၊ မြန်မာ့ရိုးရာကန်စွန်းထားဝယ်မြို့ကျိုင်းတုံမြို့အသုံးလုံးခွေးတောက်ပင်ကမ္ဘာ့အထိမ်းအမှတ်နေ့ချောက်မြို့ကြေးမုံ သတင်းစာအင်းဝခေတ်ကာလာမသုတ်အရှေ့တောင်အာရှနိုင်ငံများအသင်းအဆိပ်ဝိနည်းသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်မြန်မာစာပေကြက်တူရွေး🡆 More