အက္ခရာ အယ်လ်

L သည် လက်တင်ဘာသာ၊ အင်္ဂလိပ်အက္ခရာစဉ်တွင် ၁၂လုံးမြောက် အက္ခရာဖြစ်၍ (/ˈɛl/; named el, rarely ell)ဟု အသံထွက်ပါသည်။

L
L
အခြေခံ လက်တင်အက္ခရာ
Aa Bb Cc Dd    
Ee Ff Gg Hh
Ii Jj Kk Ll Mm Nn
Oo Pp Qq Rr Ss Tt
Uu Vv Ww Xx Yy Zz

သမိုင်း

အောက်ပါ ဇယားသည် ဤသင်္ကေတ ဆင်းသက်လာပုံဖြစ်သည်။

အီဂျစ်အရုပ်စာသင်္ကေတ
Proto-Semitic
lamd
Phoenician
lamedhh
ဩပ်ရုစကမ်
L
ဂရိ
lambda
S39
အက္ခရာ အယ်လ်  အက္ခရာ အယ်လ်  အက္ခရာ အယ်လ်  အက္ခရာ အယ်လ် 

အသံထွက်ကိစ္စ

L တွင် အကြောင်းအချို့ရှိပြီး ၎င်းတို့မှာ သရအက္ခရာပြီးမှ သို့မဟုတ် သရအက္ခရာ မတိုင်ခင် ၎င်းတို့ ဖြစ်ပွားမှု ပေါ်မူတည်သည်။ သင့်တင့်ဘေးတိုက်သွားရင်းဗျည်း(ထိုအသံကို အိုင်ပီအေ က အသုံးပြုပြီး [l]အက္ခရာအသေးကို ကိုယ်စားပြုဖော်ပြသည်။) သည် lip(နှုတ်ခမ်း)၊ နှင့် please(ကျေးဇူးပြုပါ)ကဲ့သို့သော စကားလုံးများတွင် သရက္ခရာတစ်ခုမတိုင်ခင် ဖြစ်ပွားပြီး အာခေါင်ပျော့ သင့်တင့်ဘေးတိုက်သွားရင်းဗျည်းသည် bell နှင့် milk ကဲ့သို့သောစကားလုံးများတွင် မူကား သရအက္ခရာပြီးမှ ဖြစ်ပေါ်သည်။ ထို့ပြင် ဂျပန်လူမျိုးများနှင့် အချို့သော တောင်ပိုင်းသား ဒေသိယစကားပြောသော တရုတ်လူမျိုးများအတွက် L သည် ကြီးမားသော ဘာသာစကား အရေအသွေးကွဲပြားမှု သို့မဟုတ် ကင်းမဲ့မှု တို့ကြောင့် L သည် ခက်ခဲ့သော အသံထွက်မှုကို ပြုလုပ်သည့်အကြောင်းအရင်းတစ်ခုလည်းဖြစ်သော်လည်း အာခေါင်ပျော့ဒုတိယသံ ပြုလုပ်ခြင်းသည် L အသုံးပြုသော ဥရောပ ဘာသာစကားများတွင် မဖြစ်ပွားချေ။

အင်္ဂလိပ်ဘာသာရှိ မည်သည့် ရုန်းပွင်သံ၊ ပွတ်တိုက်ဗျည်းသံ၊ နှင့် ၎င်းတို့နှစ်ခုပေါင်းထားသော ရုန်းပွင့်ပွတ်တိုက်ဗျည်း မတိုင်မီတွင် L ဖြစ်ပွားနိုင်သည်။ အင်္ဂလိပ်ဘာသာတွင် သာမန်တစ်သံတည်းထွက်အောင် တွဲထားသော အက္ခရာတစ်ခုတွင် LL ပါဝင်သည်။ ထိုအက္ခရာသည် L ၏အသံတန်ဖိုး ပါဝင်သည်ကိုတွေ့ရသည်။ သို့သော် ထို Lသည် အသံမဲ့ သင့်တင် ဘေးတိုက်သွားရင်ဗျည်းသံအဖြစ် ဝေးလ်ချ်ဘာသာတွင် ခွဲခြားထားပြီး အစအနေအထား နေရာတွင် ပြသနိုင်သည်ကို တွေ့ရသည်။

သင့်တင့်ဘေးတိုက်အာခေါင်းရင်းသံ သို့မဟုတ် ပလတယ်ကို ဘာသာစကား အတော်များများတွင် ဖြစ်ပေါ်သည် တွေ့ရပြီး အီတာလျံဘာသာတွင် GL၊ ပြင်သစ်ဘာသာနှင့် ကာတလန်ဘာသာတွင် LL အဖြစ်လည်းကောင်း၊ ပေါ်တူဂီနိုင်ငံတွင် LH အဖြစ်လည်းကောင်း၊ Ļ အဖြစ် လတ်ဗီယန်နိုင်ငံကလည်းကောင်း ကိုယ်စားပြု ဖော်ပြကြလေသည်။ အင်္ဂလိပ်ဘာသာတွင်၊ walk သို့မဟုတ် could ကဲ့သို့သော စကားစုများ(၎င်း၏မျက်မှောက်ကာလတွင် အခြားစာလုံးများ၏အသံများ ကိုလည်း ပြုပြင်မွမ်းမံသည်။ ဥပမာ-wakသည် back ကဲ့သို့ အသံထွက်ပိုမိုနီးစပ်စွာ အသံထွက်သည်။)တွင် L သံ ပျောက်နေတတ်သည် သို့မဟုတ် မထွက်ချေ။

အသုံးပြုမှုများ

ကွန်ပျူတာတွင် L သည် (1)နှင့် တစ်ခါတရံ မှားယွင်းတတ်သည်။ ၎င်း၏ ကွန်ပျူတာ ကုဒ်အမှတ်မှာ U+2113 ဖြစ်သည်။ တစ်ခါတရံတွင် L အား လက်ရေးဖြင့် ℓ အဖြစ် ရေးသား၍ သင်္ချာဘာသာရပ်တွင် အသုံးပြုသည်ကို တွေ့ရသည်။ ASCII ကုဒ်အတွက် အက္ခရာအကြီးအား ၇၆ အဖြစ်ထား၍ အက္ခရာအငယ်အား ၁၀၈ အဖြစ်ထားရှိသည်။

အယ်လ် (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
NATO phonetic မောရ်စ်၏ သင်္ကေတ
Lima ·–··
အက္ခရာ အယ်လ်  အက္ခရာ အယ်လ်  အက္ခရာ အယ်လ် 
အချက်ပြအလံ Flag semaphore မျက်မမြင် သင်္ကေတ

ကိုးကား

Tags:

အက္ခရာ အယ်လ် သမိုင်းအက္ခရာ အယ်လ် အသံထွက်ကိစ္စအက္ခရာ အယ်လ် အသုံးပြုမှုများအက္ခရာ အယ်လ် ကိုးကားအက္ခရာ အယ်လ်

🔥 Trending searches on Wiki မြန်မာဘာသာ:

စစ်တွေမြို့သစ်ခွတရုတ်ဘာသာစကားဟိုချီမင်းကျော်ဟိန်းမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)လီယိုနာဒိုဒါဗင်ချီအင်းဝခေတ်သင်္ချာသံဃာဂုဏ်တော်သမုဒ္ဒရာသရေခေတ္တရာဝေဿန္တရာဇာတ်တော်အင်းတော်ကြီးသမိုင်းတင်မိုးပြင်ဦးလွင်မြို့နယ်ညောင်ကုန်း (တောင်)ရွာ၊ ပျော်ဘွယ်မြို့နယ်ဦးနုကသိုဏ်းမြန်မာနိုင်ငံ၏ အမည်များဒုလ္လဘတရားငါးပါးနမ့်စန်မြို့ပခုက္ကူမြို့ရှစ်လေးလုံးအရေးအခင်းအ.ထ.က(၁၆)မန္တလေးဗျသနတရားငါးပါးဝတ်စားဆင်ယင်မှုစက်တော်ရာနှလုံးသွေးကြောကျဉ်းရောဂါဝ လူမျိုးရာဝဏနိဗ္ဗာန်သမ္ဗုဒ္ဓေသက်မွန်မြင့်အင်္ဂုလိမာလသုတ်သောမတ် အက်ဒီဆင်အိန္ဒိယနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနော်ရထာဟံသာဝတီမြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများမေတ္တသုတ်တားရော့ပညာထိုင်းဘာသာစကားချေးပင်၂၄ ပစ္စည်းဓာရဏပရိတ်မြန်မာ့တော်လှန်ရေးဗီယက်နမ်နိုင်ငံအောက်ဆီဂျင်ခြင်းလုံး ကစားခြင်းစေတသိက်မန်ကျည်းသနပ်ခါးကံမွန်ပြည်နယ်စုန်းကဝေအတတ်ရခိုင်သမက်တက်ဘင်္ဂလားဒေ့ရှ်နိုင်ငံပထမ ကမ္ဘာစစ်တရုတ် - မြန်မာ စစ်ပွဲများဆားလ (ကမ္ဘာရံဂြိုဟ်)ဦးပုညမိုးကုတ်တရားဝေလငါးတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဓူဝံကြယ်ပြည်ထောင်စုအစိုးရအဖွဲ့ဗိုလ်တစ်ထောင်ဘုရားသင်္ကြန်မိုးတောက်တဲ့မြန်မာပြည် စာတိုက် သင်္ကေတများပဲခူးမြို့မဟာသမယသုတ်ဒိုင်းခင်ခင်ဂျူး (စာရေးဆရာမ)🡆 More