အစ္စေကစီဝရသိက္ခာပုဒ်

အစ္စေကစီဝရသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူချိန် ဖြစ်၏။ အရပ်တစ်ပါးသို့ သွားလာရန်ရှိသည့် အမတ်ကြီးတစ်ဦးသည် ရဟန်းတို့အား ‘ဝါဆိုသင်္ကန်း’ ကို လှူရန် တမန်ဖြင့် စေခိုင်း၏။ ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရားသည် ဝါမှ ထကုန်သော ရဟန်းတို့ကို ဝါဆိုသင်္ကန်း ခွင့်ပြုတော်မမူသေး” ဟု တွေးကာ မသွားဘဲ နေကြ၏။

ထိုအခါ အမတ်ကြီးသည် ရဟန်းတို့ကို “အဘယ်ကြောင့် အသျှင်မြတ်တို့သည် တမန်စေလွှတ်ပါလျက် မလာကြကုန်သနည်း၊ ငါသည် စစ်တိုက်ရန် သွားရမည်ဖြစ်၏။ ငါ၏ အသက်ရှင်ခြင်းသည် သိနိုင်ခဲ၏၊ သေခြင်းကိုလဲ သိနိုင်ခဲ၏” ဟု ကဲ့ရဲ့၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြားကြ၏။ ရဟန်းတို့သည် မြတ်စွာဘုရားထံ ထိုအကြောင်းကို လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားသည် “အဆောင်တလျင်လှူအပ်သော သင်္ကန်းကို ခံယူရန် ခွင့်ပြုသည်” ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားသည် ထိုသို့ ခွင့်ပြုလိုက်သည့်အခါ ရဟန်းတို့သည် အဆောတလျင်လှူသော သင်္ကန်းတို့ကို ခံယူ၍ သင်္ကန်းအချိန်အခါကို လွန်စေ၏။ ထိုသင်္ကန်းတို့ကို တန်းတို့၌ ထုပ်ဆွဲထား၏။ အသျှင်အာနန္ဒာသည် ကျောင်းစဉ်လှည့်လည်သော် ထိုသင်္ကန်းထုပ်တို့ ဆွဲထားသည်ကို မြင်၏။ “မည်သူ၏ သင်္ကန်းနည်း” ဟု မေးရာ “ငါတို့၏ အဆောတလျင် လှူအပ်သော သင်္ကန်းတို့ ဖြစ်ကြသည်” ဟု ဆို၏။ ထိုအခါ အသျှင်အာနန္ဒာက “ငါ့သျှင်တို့ သင်္ကန်းကို ထားသည်မှာ မည်မျှကြာပြီနည်း” ဟု မေး၏။ ရဟန်းတို့လည်း “ထားသည့်အချိန်” ကို ပြော၏။ ထိုအခါ အသျှင်အာနန္ဒာသည် “အဘယ်ကြောင့် ရဟန်းတို့သည် အဆောတလျင်လှူသော သင်္ကန်းကို ခံယူ၍ သင်္ကန်းအချိန်အခါကို လွန်စေကုန်ဘိသနည်း” ဟု ကဲ့ရဲ့၏။

အသျှင်အာနန္ဒာသည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ဟုတ်မှန်သလော” ဟု မေး၏။ ထိုရဟန်းတို့လည်း “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

သိက္ခာပုဒ်

ဆယ်ရက်လိုသေးသော သီတင်းကျွတ်လပြည့်နေ့၌ ရဟန်းအားသာလျှင် အဆောတလျင်လှူအပ်သော သင်္ကန်းသည် ဖြစ်ပေါ်ငြားအံ့၊ အဆောတလျင်ဟု သိသော ရဟန်းသည် ခံယူရမည်၊ ခံယူပြီးနောက် သင်္ကန်းအချိန်အခါ ကာလတိုင်အောင် ထားရမည်၊ အကယ်၍ ထို့ထက် အလွန်ထားငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ကီလိုမီတာဘိုးမင်းခေါင်ကိန်းလိင်မှတဆင့် ကူးစက်တတ်သော ရောဂါဟိုက်ဒရိုဂျင်သစ္စာလေးပါးအောင်ချိမ့်မြန်မာနိုင်ငံရှိ မြို့များကွန်မြူနစ်ဝါဒနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ထန်းရည်မြန်မာတိုင်းရင်းသားမျိုးနွယ်များမဟာဗန္ဓုလစကားပုံလိင်စိတ်ဆွခြင်းသယ်ယူပို့ဆောင်ရေးစင်ကာပူနိုင်ငံသောတာပန်ပြည်ထဲရေး ဝန်ကြီးဌာနခင်ပွန်းကြီးဆယ်ပါးခွေးတောက်ပင်ထန်းလျက်မြန်မာပန်းချီရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လိင်ဆက်ဆံခြင်းကိုးပါးသီလပုလွေမှုတ်ခြင်းပန်းချီရဲရင့်အောင်မြန်မာနိုင်ငံ၏ ပထဝီဝင်နှစ်ကျိပ်ရှစ်ဆူဘကြီးတော်(စစ်ကိုင်းမင်း)ဝေလနိုင်ငံပထမ ကမ္ဘာစစ်တပ်မတော် (လေ)ရွှေဘိုမြို့ရေသည်ပြဇာတ်ဗောဇ္ဈင်ခုနစ်ပါးစစ်ပွဲမြန်မာနိုင်ငံ၏ ရွာများဟင်္သာတမြို့ဆိုရှယ်လစ်ဝါဒမောရသုတ်အာဇာနည် ခေါင်းဆောင်ကြီးများMinecraftဝန်ပထဝီဝင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနထွေးလေးငါးမျိုးစိတ်များ စာရင်းငါးပါးသီလမောင်သာချိုခန္ဓသုတ်ဂျူးဘာသာဆားပုလင်းနှင်းမောင်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြွက်နို့မိုင်းခရပ်ဖ်အသည်းရောင် အသားဝါ ရောဂါ စီပိုးကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်စီးပွားရေးလုပ်ငန်း အမျိုးအစားများဩကာသ ဘုရားရှိခိုးကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကောသလမင်း အိပ်မက် (၁၆)ချက်အရှေ့တောင်အာရှကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)ကိုယ်ဝန်ဆောင်ခြင်းကြည့်မြင်တိုင်မြို့နယ်ပုဂံမြဝတီမြို့ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲcxaieစိန်ပြောင်းရိုဟင်ဂျာ🡆 More