လီဝမ်လျန်

လီဝမ်လျန် (တရုတ်: 李文亮 ၁၉၈၆ အောက်တိုဘာ ၁၂ - ၂၀၂၀ ဖေဖော်ဝါရီ ၇) သည် တရုပ်နိုင်ငံသား မျက်စိဆရာဝန်ဖြစ်ပြီး ဝူဟန်မြို့ရှိ ကိုဗစ်-၁၉ ကူးစက်မှုကို လူသတိပြုမိအောင် လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခု၊ ဒီဇင်ဘာလ ၃၀ ရက်တွင် ကူးစက်ရောဂါထိန်းချုပ်ရေး(ဝူဟန်)က ဒေသခံဆေးရုံများကို အမည်မသိအဆုတ်ရောင်ရောဂါအကြောင်း သတိပေးစာထုတ်သည်။ ၎င်းနေ့တွင်ပင် အခြားဆရာဝန်တဦးပြသော ဆေးရုံတွင်းဆေးစစ်မှတ်တမ်းတစောင်၌ ပြင်းထန်သောအသက်ရှူမဝရောဂါ (ဆားရောဂါ) တမျိုးရှိနေသော လူနာအကြောင်းကို ဝူဟန်ဗဟိုဆေးရုံကြီး၌ အလုပ်လုပ်နေသော လီက သိလိုက်သည်။ လီက ထိုအကြောင်းကို ဝေဘိုပေါ်ရှိ ဝူဟန်တက္ကသိုလ်ကျောင်းသားဟောင်းများဂရု၌ ပြောသည်။ ၎င်းသတင်းမှာ အလွန်ပျံ့နှံ့သွားပြီး ဝူဟန်၌ ဆားရောဂါပျံ့နေပြီဟု ကောလာဟလဖြစ်လာသည်။ ဇန်နဝါရီလ ၃ ရက်တွင် လီအား ရဲစခန်းသို့ခေါ်ကာ သတင်းမှားဖြန့်၍ လူထုအားထိတ်လန့်စေမှုဖြင့် ခံဝန်ချက်ထိုးခိုင်းရသည်။

နောက်ပိုင်း၌ အဆိုပါကပ်ရောဂါမှာ ဆားရောဂါမဟုတ်ဘဲ မျိုးစိတ်သစ် ပြင်းထန်သောအသက်ရှူမဝရောဂါ-အမောက်ပါဗိုင်းရပ်-၂ (ဆား-ကော့-၂) ဖြစ်ကြောင်း သိလာသည်။

ဇန်နဝါရီလ ၈ ရက်၌ ရောဂါပျံ့နေသော သားငါးဈေးမှ အသက် ၈၂ နှစ်အရွယ်လူနာ ရောက်လာသည်။ ၎င်းကိုကုပေးသော လီက မျက်နှာအုပ်မတပ်မိ။ ဇန်နဝါရီလ ၁၀ ရက်တွင် ချောင်းစဆိုးလာ၍ မိသားစုအား စိုးရိမ်ကာ ယောက်ဖဖြစ်သူထံ လွှတ်ရသည်။

ဖေဖော်ဝါရီလ ၁ ရက်၌ ဆေးစစ်ကြည့်ရာ ရောဂါရှိနေကြောင်း သိလာသည်။ ထိုအချိန်၌ ကန့်သတ်ကုသဆောင်၌ နေနေရပြီဖြစ်သည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ဆုံးသည်။ တရုပ်ကွန်မြူနစ်ပါတီက သူ့မိသားစုထံ တရားဝင်တောင်းပန်စာ ပေးခဲ့သည်။

၂၀၂၀ ခု၊ ဇွန်လအထိ ရောဂါစဖြစ်သော ဝူဟန်ဗဟိုဆေးရုံကြီးမှ လီအပြင် အခြားဆရာဝန် ၅ ဦး ကိုဗစ်ဖြင့် တိမ်းပါးသည်။

Tags:

ကိုဗစ် ၁၉တရုတ်ဘာသာစကားဝူဟန်မြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

ထိုင်းနိုင်ငံ၏ ခရိုင်များကျုံဒိုးမြို့ဥဩဘူရိဒတ်ဇာတ်တော်ကဖားကန့်မြို့ကျွန်းနက်မြန်မာ သက္ကရာဇ်ရေသည်ပြဇာတ်ပဉ္စဝဂ္ဂီငါးဦးမြန်မာသဒ္ဒါမုန့်လုံးရေပေါ်လာအိုနိုင်ငံဘဉာဏ် (ပန်းချီဆရာ)သမ္မာကျမ်းစာအေသင်မြို့နမ့်စန်မြို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြန်မာတို့၏ကျင့်ဝတ်များကားဟိန္ဒူဘာသာဘရူနိုင်းနိုင်ငံပါလီမန် ဒီမိုကရေစီ စနစ်ပုဂံပါရာဇိကဘာသာတရားဝိဘတ်အိချောပိုမြသန်းတင့်ကျောက်တော်မြို့နယ်ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းနှစ်ပတ်လည်ဆိုကရေးတီးမြောင်းမြမြို့အနေကဇာတင်ခြင်းမြန်မာ လက်ထပ် ထိမ်းမြားခြင်းကွန်မြူနစ်ဝါဒနန်းဆုရတီစိုးဂျပန်နိုင်ငံ၏ ဒေသများအရေပြားလေးဘက်နာရောဂါခန္ဓသုတ်သုက်ပန်းခြင်းမြန်မာ့တော်လှန်ရေးမြထွန်းဦးလောက်သေပင်ဝတ်မှုန်ရွှေရည်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များအင်ဒိုနီးရှားနိုင်ငံတစ်ကိုယ်ရည်အာသာဖြေခြင်းလှိုင်ထိပ်ခေါင်တင်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မွန်ဘာသာစကားကလီယို ပတ်ထရာရောဘတ် ကွက်မလေးရှားနိုင်ငံမြန်မာနိုင်ငံနှင့် ဒုတိယကမ္ဘာစစ်မြန်မာနိုင်ငံသမိုင်းပိုင်ဖြိုးသုကုန်းဘောင်ခေတ်ကံ့ကော်ပင်ရှစ်လေးလုံးအရေးအခင်းတြိဂံကော့သောင်းမြို့သိန်း၊ ဆရာ (မော်ပီ)သာသနာတော်အာဠာဝကဘီလူးသိပ္ပံပညာသင်္ဘောကမ္ဘာမကျေထူးအိမ်သင်မြန်မာကဗျာ ကာရန်ယူနည်းများအနော်ရထာအရက်မြန်မာသင်ပုန်းကြီး🡆 More