ရေနံချောင်းတက္ကသိုလ်

ရေနံချောင်းတက္ကသိုလ် (အင်္ဂလိပ်: Yenangyaung University) သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် တည်ရှိသည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။ ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင် ပါဝင်သည်။

ရေနံချောင်းတက္ကသိုလ်
တည်ထောင်မေ ၂၃၊ ၁၉၇၇; ၄၆ နှစ် အကြာက (၁၉၇၇-၀၅-23)
နှီးနွယ်အဖွဲ့အစည်းပညာရေး ဝန်ကြီးဌာန
ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်
တည်နေရာရေနံချောင်းမြို့, မကွေးတိုင်းဒေသကြီး, မြန်မာနိုင်ငံ
ပရဝုဏ်(၅၂.၇၅) ဧက

သမိုင်းကြောင်း

၁၉၇၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ရေနံချောင်းဒေသကောလိပ်ကို BOC‌ဆေးရုံဟောင်း နေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ဒေသကောလိပ်များကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့ပြီး ရေနံချောင်းဒေသကောလိပ်ကို ရေနံချောင်းကောလိပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၀၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရေနံချောင်းကောလိပ်ကို ရေနံချောင်းဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၃၁)ရက်တွင် ရေနံချောင်းတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

တည်နေရာနှင့်အကျယ်အဝန်း

ရေနံချောင်းတက္ကသိုလ်သည် ရေနံချောင်းမြို့၏တောင်ဘက် ရန်ကုန်-မန္တလေးပြည်‌ထောင်စုလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ၅၂.၇၅ ဧက (၂၁.၃၅ ဟက်တာ) ကျယ်ဝန်းသည်။

သင်တန်းများ

​ရေနံ​ချောင်းတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ (BA)၊ သိပ္ပံဘွဲ့ (BSc) သင်တန်းများကို လေးနှစ်ကာလနှင့်၊ ဂုဏ်ထူးတန်းဘွဲ့များအတွက် ငါးနှစ်ကာလဖြင့် သင်တန်းများ ပို့ချပေးသည်။

သင်တန်း ဘွဲ့ မဟာဘွဲ့
မြန်မာစာ BA MA
အင်္ဂလိပ်စာ BA MA
ပထဝီဝင် BA MA
သမိုင်း BA MA
ဒဿနိကဗေဒ BA MA
ရုက္ခဗေဒ BSc MSc
ဓာတုဗေဒ BSc MSc
သင်္ချာ BSc MSc
ရူပဗေဒ BSc MSc
သတ္တဗေဒ BSc MSc
ဘူမိဗေဒ BSc MSc

ချီးမြှင့်အပ်နှင်းသည့်ဘွဲ့များ

ဝိဇ္ဇာအထူးပြုဘာသာတွဲများ

  • ဝိဇ္ဇာဘွဲ့ - BA
  • ဝိဇ္ဇာဂုဏ်ထူးဘွဲ့ - BA (Hons;)
  • မဟာဝိဇ္ဇာဘွဲ့ - MA

သိပွံအထူးပြုဘာသာတွဲများ

  • သိပ္ပံဘွဲ့ - BSc
  • သိပ္ပံဂုဏ်ထူးဘွဲ့ - BSc (Hons;)
  • မဟာသိပ္ပံဘွဲ့ - MSc

ပညာသင်နှစ်

ပညာသင်ကာလမှာ ၄ နှစ်ဖြစ်သည်။ နေ့ကျောင်းသားများအတွက် ပထမပညာသင်ကာလ သင်တန်းကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ပြီး ဒုတိယပညာသင်ကာလ သင်တန်းကို ဇွန်လတွင် စတင်ဖွင့်လှစ်သည်။

ကိုးကား



Tags:

ရေနံချောင်းတက္ကသိုလ် သမိုင်းကြောင်းရေနံချောင်းတက္ကသိုလ် တည်နေရာနှင့်အကျယ်အဝန်းရေနံချောင်းတက္ကသိုလ် သင်တန်းများရေနံချောင်းတက္ကသိုလ် ချီးမြှင့်အပ်နှင်းသည့်ဘွဲ့များရေနံချောင်းတက္ကသိုလ် ပညာသင်နှစ်ရေနံချောင်းတက္ကသိုလ် ကိုးကားရေနံချောင်းတက္ကသိုလ်ပညာရေး ဝန်ကြီးဌာနမကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံရေနံချောင်းမြို့အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဦးသန့်ထန်းပင်မစ်(ဂ်)-၂၉သွေးပင်လယ်သေမြန်မာနိုင်ငံရှိ မြို့နယ်များမြစေတီကျောက်စာချင်းတွင်းမြစ်အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသဖက်ဒရယ်ပြည်ထောင်စုစနစ်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများကျောက်ကပ်ရောင်ရောဂါမင်းအောင်လှိုင်ရုရှားနိုင်ငံနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မန်ဂျပ်ရှားသိဒ္ဓတ္ထမင်းသားစိန်ပြောင်းသေနတ်ဘားအံမြို့အပျိုမြှေးဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲညှင်းတရုတ်ပြည်မှ မဟာရံတံတိုင်းကြီးရွှေမော်ဓောဘုရား(ပဲခူး)ကဗျာလင်္ကာရွှေစည်းခုံ စေတီတော် (ပုဂံ)သက်ရင်းကြီးပင်အရေပြားလေးဘက်နာရောဂါတောင်သူလယ်သမားနေ့သီတင်းကျွတ်လပြည့်နေ့မင်္ဂလာတရား ၃၈-ပါးဗေဒင်ဓမ္မရံကြီးဘုရားဆယ်ပါးသီလဖျားနာခြင်းအောင်ဆန်းစုကြည်ကိုးပါးသီလချင်းပြည်နယ်မြစ်ကြီးနားမြို့ရခိုင်ဘာသာစကားစကောကရင်ဘာသာစကားဩကာသ ဘုရားရှိခိုးထားဝယ်လူမျိုးမြွေကင်ဆာရောဂါဧဝရတ်တောင်အရက်နတ်မင်းကြီးလေးပါးသန်လျင်မြို့သတိပဋ္ဌာန်စက္ကူပန်းကေ (အက္ခရာ)မြန်မာအမျိုးသား လေကြောင်းလိုင်းမကွေးတိုင်းဒေသကြီးနဝရတ် ကိုးပါးလင်းနို့ဒြပ်စင်တရုတ်ပြည်သူ့သမ္မတနိုင်ငံထိုင်းဘာသာစကားမင်းတုန်းမင်းညောင်ရေသွန်းပွဲပွေး(ရောဂါ)ပျူမြို့ပြနိုင်ငံများအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ငွေ (သတ္တု)ဖူးခက်သဘာဝပတ်ဝန်းကျင်ပိုပေါ့ကားမဏိစန္ဒာရိုဟင်ဂျာနန္ဒမာလာဘိဝံသနိုင်ငံတကာ စာတတ်မြောက်ရေးနေ့သွေးအုပ်စုမြန်မာပြည် စာတိုက် သင်္ကေတများနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး🡆 More