မဟာစကြဝဠာ ပြက္ခဒိန်

မဟာစကြဝဠာ ပြက္ခဒိန် (အင်္ဂလိပ်: Cosmic Calendar) သည် သက်တမ်း နှစ်ပေါင်း ၁၃.၈ ဘီလီယံရှိသော စကြဝဠာ၏သက်တမ်းအား တစ်နှစ်တည်းအဖြစ် ပုံဖော်ရန် စီမံထားခြင်းဖြစ်သည်။ ဤသရုပ်ဖော်ပြချက်တွင် မဟာစကြဝဠာ ပေါက်ကွဲမှုကြီးသည် ဇန်နဝါရီလ (၁) ရက်နေ့ သန်ခေါင်ညံဖြစ်ပြီး ယခုလက်ရှိ အချိန်သည် ဒီဇင်ဘာလ (၃၁) ရက်နေ့ သံခေါင်ယံအချိန်သို့ ပြီးဆုံးမည်ဖြစ်သည်။ ဤစကေးတွင် တစ်စက္ကန့်လျင် ၄၃၈ နှစ်၊ တစ်နာရီလျင် ၁.၅၈ မီလီယံနှစ်၊ တစ်ရက်လျင် ၃၇.၈ မီလီယံနှစ်နှုန်း အသီးသီးရှိကုန်ကြသည်။ ဤအတွေးအခေါ်အား ကားလ် ဆေဂန် (Carl Sagan) မှ သူ၏စာအုပ်ဖြစ်သော The Dragons of Eden နှင့် တီဗွီဇာတ်လမ်းတွဲ Cosmos တွင် ဖော်ပြခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် Neil deGrasse Tyson ဆိုသူမှ Cosmos: A Spacetime Odyssey ဟုပြန်လည် ပြသခဲ့သည်။ ယင်းတီဗွီဇာတ်လမ်းတွင်လည်း မဟာစကြဝဠာ ပြက္ခဒိန်ဟု ရည်ညွန်းခဲ့လေသည်။ ဆေဂန်သည် မဟာစကြဝဠာ ပြက္ခဒိန်အား ဘောလုံးကွင်းတစ်ခုနှင့် နှိုင်းယှဉ်ပြကာ လူသားတို့၏သမိုင်းကိုမူ သူ့၏လက်ဖဝါးအရွယ်အစားဖြင့် နှိုင်းယှဉ်ပြခဲ့လေသည်။

မဟာစကြဝဠာ ပြက္ခဒိန်
နှစ်ပေါင်း ၁၃.၈ ဘီလီယံအား တစ်နှစ်တည်းအဖြစ် ကားလ် ဆေဂန်မှ သရုပ်ပြထားပုံ၊ မဟာစကြဝဠာ ပေါက်ကွဲမှုကြီးသည် ဇန်နဝါရီ (၁) သန်ခေါင်ယံတွင်ဖြစ်ပြီး လက်ရှိအချိန်သည် ဒီဇင်ဘာ (၃၁) သန်ခေါင်ယံတွင်တည်ရှိသည်။ လူသားတို့၏သမိုင်းသည် မျက်စိတမှိတ်လောက်သာကြာမြင့်သည်၊ တစ်စက္ကန့်၏ လေးပုံတစ်ပုံစာမျှလောက်သာ ရှိသည်။

မဟာစကြဝဠာ ပြက္ခဒိန်

မဟာ ပေါက်ကွဲမှု

ရက်စွဲ ဘီလီယံနှစ် ဖြစ်ရပ်
၁ ဇန်နဝါရီ ၁၃.၈ မဟာစကြဝဠာ ပေါက်ကွဲမှုကြီး ကော့စမစ် နောက်ခံရောင်ခြည်အား မြင်ရသည့်အတိုင်း
၁၆ မတ် ၁၁ နဂါးငွေ့တန်း ဂယ်လက်ဆီ ဖွဲ့တည်
၁၂ မေ ၈.၈ နဂါးငွေ့တန်း ဂယ်လက်ဆီ အချပ်ပြား ဖွဲ့တည်
၂ စက်တင်ဘာ ၄.၅၇ နေ ဖြစ်တည် (ဂြိုဟ်များ ကမ္ဘာနှင့်လများသည် ဆင့်ကဲ့ဖြစ်လာသည်)
၆ စက်တင်ဘာ ၄.၄ ကမ္ဘာပေါ်မှ သက်တမ်းအရင့်ဆုံးကျောက်ခဲအား သိရှိ

နှစ်မှ ရက်သို့ပြောင်းရာတွင် အောက်ပါဖော်မျူလာဖြင့် တွက်ချက်ထားသည်။ နေ့ရက် (T) = ၃၆၅.၂၅*(၁-T_bya/၁၃.၈)

ကမ္ဘာမြေပေါ် သက်ရှိတို့ဆင့်ကဲ့ပြောင်းလဲမှု

ရက်စွဲ ဘီလီယံနှစ် ဖြစ်ရပ်
၁၄ စက်တင်ဘာ ၄.၁ ဩစထရီလီယားအနောက်ဘက်ခြမ်းတွင် နှစ်ပေါင်း ၄.၁ ဘီလီယံ သက်တမ်းရှိသော ဇီဝသက်ရှိရုပ်ကြွင်းအား တွေ့ရှိ၊
၂၁ စက်တင်ဘာ ၃.၈ ပထမဆုံး သက်ရှိ (prokaryotes)
၂၂ အောက်တိုဘာ ၃.၄ ဖိုတိုစင်းသစ်စစ်
၂၉ အောက်တိုဘာ ၂.၄ လေထုတွင် အောက်ဆီဂျင် ဖြစ်တည်
၉ နိုဝင်ဘာ ရှုပ်ထွေးသော ဆဲလ်များ (eukaryotes)
၅ ဒီဇင်ဘာ ပထမဆုံး မာတီဆဲလ်လူလာ သက်ရှိ
၇ ဒီဇင်ဘာ ၀.၆၇ ရိုးရှင်းသည့် သတ္တဝါ
၁၄ ဒီဇင်ဘာ ၀.၅၅ အာထရိုပေါ့များ (အင်းဆက်တို့၏ ဘိုးဘေးများ)
၁၇ ဒီဇင်ဘာ ၀.၅ ငါးများနှင့် ရှေးပြေး ကုန်းနေရေနေသတ္တဝါများ
၂၀ ဒီဇင်ဘာ ၀.၄၅ ကုန်းနေအပင်များ၏ ဆင့်ကဲ့ပြောင်းလဲမှု
၂၁ ဒီဇင်ဘာ ၀.၄ အင်းဆက်များနှင့် အစေ့များ
၂၂ ဒီဇင်ဘာ ၀.၃၆ ကုန်းနေရေနေသတ္တဝါများ
၂၃ ဒီဇင်ဘာ ၀.၃ တွားသွားသတ္တဝါများ
၂၄ ဒီဇင်ဘာ ၀.၂၅

ပါမီယမ်-ထရိုင်ယန်ဆစ် မျိုးသုဉ်းမှု (မျိုးစိပ်ပေါင်း ၉ဝ ရာခိုင်နှုန်း သေဆုံး)

၂၅ ဒီဇင်ဘာ ၀.၂၃ ဒိုင်နိုဆောများ
၂၆ ဒီဇင်ဘာ ၀.၂ နို့တိုက်သတ္တဝါများ
၂၇ ဒီဇင်ဘာ ၀.၁၅ ငှက်
၂၈ ဒီဇင်ဘာ ၀.၁၃ ပန်း
၃၀ ဒီဇင်ဘာ ၀၆:၂၄ ၀.၀၆၅ ခရီတာစီယပ်-ပေလီယိုဂျင် မျိုးသုဉ်းမှု (ငှက်မျိုးနွယ်ဝင်မဟုတ်သော ဒိုင်နိုဆော့များ သေဆုံး)

လူသား ဆင့်ကဲ့ပြောင်းလဲမှု

ရက်စွဲ / အချိန် မီလီယံနှစ် ဖြစ်ရပ်
၃၀ ဒီဇင်ဘာ ၆၅ ပရိုင်းမစ်
၃၁ ဒီဇင်ဘာ ၀၆:၀၅ ၁၅ လူဝံ
၃၁ ဒီဇင်ဘာ, ၁၄:၂၄ ၁၂.၃ ဟိုမင်နစ်
၃၁ ဒီဇင်ဘာ ၂၂:၂၄ ၂.၅ ကျောက်ခေတ်
၃၁ ဒီဇင်ဘာ ၂၃:၄၄ ၀.၄ မီးအား အလိုရှိသလို ထိန်းချုပ်နိုင်ခြင်း
၃၁ ဒီဇင်ဘာ ၂၃:၅၂ ၀.၂ ခေတ်သစ် လူသားများ
၃၁ ဒီဇင်ဘာ ၂၃:၅၅ ၀.၂၂ ရေခဲခေတ်ကာလ စတင်
၃၁ ဒီဇင်ဘာ ၂၃:၅၈ ၀.၀၃၅ ပန်းပု ပန်းချီများ ရေးဆွဲခြင်း
၃၁ ဒီဇင်ဘာ ၂၃:၅၉:၃၂ ၀.၀၁၂ စိုက်ပျိုးရေး

သမိုင်း စတင်

ရက်စွဲ / အချိန် kya ဖြစ်ရပ်
၃၁ ဒီဇင်ဘာ ၂၃:၅၉:၄၆ ၆.၀ ပထမဆုံး မြို့ပြများ တည်ဆောက်ခြင်း
၃၁ ဒီဇင်ဘာ ၂၃:၅၉:၄၇ ၅.၅ ကြေးခေတ်
၃၁ ဒီဇင်ဘာ ၂၃:၅၉:၄၈ ၅.၀ အီဂျစ်တွင် ပထမဆုံး မိသားစုဝင်အား ထိန်းသိမ်းခြင်း၊ နက္ခတ္တဗေဒ
၃၁ ဒီဇင်ဘာ ၂၃:၅၉:၄၉ ၄.၅ အက္ခရာ၊ အာကေဒီယန်း အင်ပါယာ၊ လှည်းဘီး။
၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၁ ၄.၀ ဟာမူရာဘီ ရာဇသတ်ပုဒ်မ၊ အီဂျစ် တိုင်းပြည် ခေတ်လယ်။
၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၂ ၃.၅ အရှေ့ဘက်ခြမ်းတွင် သံခေတ်သို့ရောက်ရှိ။
၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၃ ၃.၀ အစ္စရေးတိုင်းပြည်၊ ရှေ့ဟောင်း အိုလံပစ် အားကစား။
၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၄ ၂.၅ ဗုဒ္ဓကွန်ဖြူးရှပ်၊ အာရှိကန် အင်ပါယာ၊ ယူကလစ် ဂျီအော်မေထရီ၊ အာခီးမိဒီး ရူပဗေဒ၊ ရိုမန် သမ္မတနိုင်ငံတော်။
၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၅ ၂.၀ ပတိုလိမစ် နက္ခတ္တဗေဒ၊ ရိုမန် အင်ပါယာ၊ ယေရှု၊ ဂဏန်း သုညအား တီထွင်။
၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၆ ၁.၅ မိုဟာမက်မာယာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဘိုင်ဇန်တိုင်း အင်ပါယာ
၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၈ ၁.၀ မွန်ဂို အင်ပါယာ၊ ခရစ္စတိုဖာ ကိုလံဘတ်မှ အမေရိကားသို့ ခရီးစတင်။

လက်ရှိအချိန်

ရက်စွဲ / အချိန် kya ဖြစ်ရပ်
၃၁ ဒီဇင်ဘာ ၂၃:၅၉:၅၉ ၀.၅ ခေတ်သစ်သိပ္ပံပညာနှင့် နည်းပညာ၊ အာမေရိကန် တော်လှန်ရေး၊ ပြင်သစ် တော်လှန်ရေး၊ နိုင်ငံအများစုတွင် ကျွန်ဘဝအား စွန့်လွှတ်၊ ပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်ကိုလိုနီ ကျဆုံးခြင်း၊ အပိုလိုမှ လကမ္ဘာသို့ ခြေချ။

ကျမ်းကိုး

ပြင်ပလင့်ခ်များ

Tags:

မဟာစကြဝဠာ ပြက္ခဒိန် မဟာစကြဝဠာ ပြက္ခဒိန် ကျမ်းကိုးမဟာစကြဝဠာ ပြက္ခဒိန် ပြင်ပလင့်ခ်များမဟာစကြဝဠာ ပြက္ခဒိန်Neil deGrasse Tysonကားလ် ဆေဂန်စကြဝဠာမဟာစကြဝဠာ ပေါက်ကွဲမှုကြီးမီလီယံအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ့ရိုးရာ ကစားနည်းနိုင်ငံရေးမြန်မာတိုင်းရင်းသားမျိုးနွယ်များကွန်မြူနစ်ဝါဒမိုးကုတ်တရားရွှေစာရံ စေတီတော် (မန္တလေး)ခရူးဆိတ် စစ်ပွဲများမြန်မာပိတောက်သီလထိုင်းလူမျိုးဘန်နီဖြိုးတက္ကသိုလ်ဘုန်းနိုင်ငွေကားလိုး ကော်လိုဒီမုတ်သုန်အယုဒ္ဓယဧရိယာဦးနုမြန်မာ-အင်္ဂလိပ် အဘိဓာန်လား (တိရစ္ဆာန်)တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ခန္ဓသုတ်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများသမ္ဗုဒ္ဓေတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရွေးပင်မူးယစ်ဆေးဝါးမြန်မာ့ဝတ်စားဆင်ယင်မှုခရစ္စတီယာနို ရော်နယ်လ်ဒိုဆင်ဖြူရှင်မင်းကယားပြည်နယ်နေဝင်း (ဗိုလ်ချုပ်ကြီး)လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ရက္ခိုင့်တပ်တော်နေဗောဇ္ဈင်္ဂသုတ်ဘားအံမြို့သံချပ်ကာယန္တရားတပ်ဖွဲ့မြန်မာဘာသာစကားမြစ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ပီရူးနိုင်ငံဂျပန်သမိုင်းမယ်နုအုတ်ကျောင်းအိမ်၃၁-ဘုံတစ်သောင်းကျပ်တန် ငွေစက္ကူစောမွန်လှဂျီမေးလ်ရှမ်းလူမျိုးလွှမ်းမိုးမြန်မာနိုင်ငံ၏ အလံများ စာရင်းသက်ရှိအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနချုပ်ထိုင်းဘတ်ငွေဖျားနာခြင်းလက်ပံတောင်းတောင်သပိတ် အရေးအခင်းဟာဝိုင်ယီကျွန်းစုဖေသိန်း (ကာတွန်း)အင်းဝမင်းဆက်ရေသည်ပြဇာတ်စိုင်းစိုင်းခမ်းလှိုင်သမိုင်းမြန်မာ့သမိုင်းစက်ဘီးကိုရီးယားစစ်ပွဲမော်လမြိုင်မြို့နယ်သင်္ကြန်စာရန်ကုန်မြို့သောတာပန်ကလောမြို့ကဆုန်လပြည့် ဗုဒ္ဓနေ့တရုတ်ပြည်သူ့သမ္မတနိုင်ငံကရင်အမျိုးသားအလံတော်🡆 More