လူဝံ: မျောက်

Pongo pygmaeus Pongo abelii Pongo tapanuliensis Pongo hooijeri† Pongo weidenreichi†

လူဝံ
Orangutans (အိုရန်ဂူတန်)
Temporal range: Early Pleistocene – Recent
PreЄ
Є
O
S
D
C
P
T
K
Pg
N
လူဝံ: မျောက်
Bornean orangutan
(Pongo pygmaeus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Primates
မျိုးစဉ်သေး: Haplorhini
Infraorder: Simiiformes
Superfamily: Hominoidea
မျိုးရင်း: Hominidae
မျိုးရင်းသေး: Ponginae
မျိုးစု: Pongo
Lacépède, 1799
အမျိုးအစား မျိုးစိတ်
Pongo pygmaeus
Lacépède, 1799 (Simia satyrus လင်းနီးယပ်၊ ၁၇၆၀)
မျိုးစိတ်

လူဝံ: မျောက်
ရှင်သန်ဆဲ မျိုးစိတ် သုံးခုအား တွေ့ရှိရသော ဒေသများ
Synonyms

Faunus Oken, 1816
Lophotus Fischer, 1813
Macrobates Billberg, 1828
Satyrus Lesson, 1840

လူဝံသည် မျောက်ဝံလေးမျိုးတွင် ဒုတိယအကြီးဆုံးဖြစ်သည်။ အကြီးဆုံးနှင့်ကြမ်းကြုတ်ခတ်ထန်ပြီး အသန်စွမ်းဆုံး မျောက်ဝံမျိုးမှာ ဂေါ်ရီလာမျောက်ဝံဖြစ်၍ အခြားမျောက်ဝံမျိုးမှာ ချင်ပန်ဇီမျောက်ဝံနှင့် မျောက်လွှဲကျော်တို့ဖြစ်ကြသည်။

လူဝံသည် ဂေါ်ရီလာမျောက်ဝံနှင့် ချင်ပန်ဇီမျောက်ဝံတို့ကဲ့သို့ လူနှင့်အလွန်တူသည်။ လူဝံအထီးကြီးသည် တစ်ခါတစ်ရံ လေးပေခွဲမှ ငါးပေအထိမြင့်သည်။ ကိုယ်လုံးကိုယ်ထည်တုတ်ခိုင်၍ တစ်ကိုယ်လုံးတွင် နီညို ညိုအမွှေးရှည်များ ဖုံးအုပ်လျက်ရှိသည်။ ခြေထောက်များမှာတို၍ လက်တံများက ခြေထောက်ထက်ပိုရှည်ရာ လက်နှစ်ဖက်ကို ဆန့်လိုက်သည့်အခါ ခုနစ်ပေထိပင်ရှည်သည်။ လူဝံသည် မတ်မတ်ရပ်လိုက်သည့်အခါ လက်တံ များသည် ခြေမျက်စိထိမှီကြသည်။ မြေကြီးပေါ်တွင် လမ်းလျှောက်သည့်အခါ လက်ခေါက်ဆစ်များကို အသာအသာဖိ၍ လျှောက်တတ်ကြသည်။ လူဝံတို့၏ ဇာတိနေရပ်မှာ အရှေ့အိန္ဒိယကျွန်းစုရှိ ဗော်နီယိုကျွန်း နှင့် ဆူမတြားကျွန်း စိမ့်တောများဖြစ်ကြသည်။ လူဝံများသည် မြေကြီးပေါ် တွင် မတ်မတ်ရပ်၍ လမ်းလျှောက်ရာ၌ ကိုးရိုးကားယား နိုင်လှသော်လည်း သစ်ပင်များပေါ်၌ကား အလွန်ကျင်လျှင်၏။ တောထဲရှိ သစ်ပင်တစ်ပင်မှတစ်ပင်သို့၊ သစ်ကိုင်းတစ်ကိုင်းမှတစ်ကိုင်းသို့ လွှဲ၍လွှဲ၍ ခုန်သွားလေ့ရှိကြသည်။ သစ်သီးဝလံများနှင့် အရည်ရွှမ်းသောသစ်ဥသစ်ဖုများကို စားသောက်ကြသည်။ လူဝံများသည် အထီး အမ နှစ်ကောင်တွဲသော်လည်းကောင်း၊ သားငယ် သမီးငယ် နှစ်ကောင် သုံးကောင်ပါသော မိသားစုကလေးဖြင့်သာသော်လည်းကောင်း နေထိုင်လေ့ရှိကြသည်။ အုပ်စုဖွဲ့၍ သွားလာနေထိုင်လေ့မရှိချေ။

လူဝံများသည် အမြီးမရှိ။ မျောက်ကဲ့သို့ ပါးစောင်အိတ်လည်းမရှိချေ။ လူဝံများသည် အေးချမ်းစွာနေထိုင်ကြသည်။ သို့သော် ရန်စခံရ သောအခါမျိုးတွင် ပြင်းထန်စွာ ပြန်လည်ရန်မူတတ်သည်။ နေဝင်ချိန်တွင် သစ်ပင်များပေါ်၌ ပြုလုပ်ထားသော အသိုက်များထဲ၌ အိပ်စက်ကြသည်။ ဖမ်းဆီးရမိထားသော လူဝံများကို အလွယ်တကူနှင့် သင်ကြားယူနိုင်သည်။ လူတို့ပြုလုပ်သမျှကို အတုခိုး၍ ပြုလုပ်လေ့ရှိသည်။ ချင်ပန်ဇီမျောက်ဝံ တို့လောက် အသိဉာဏ်မကောင်းသော်လည်း ယင်းတို့၏ မျက်နှာအမူအရာ အနေအထားကို ပြောင်းလဲတတ်သောကြေင့် စိတ်ဝင်စားဖွယ်ကောင်းပေ သည်။ လူဝံသည် ပါဏဗေဒအလိုအရ ပရိုင်းမိတ်မျိုးစဉ်တွင် ဆီမိုင်အီဒီး မျိုးရင်း၌ပါဝင်သည်။ ဂေါ်ရီလား မျောက်ဝံမျိုးလောက် ကြမ်းကြုတ်ခက်ထန် ခြင်းမရှိချေ။

ကိုးကား

Tags:

en:Bornean orangutanen:Pongo hooijerien:Sumatran orangutanen:Tapanuli orangutan

🔥 Trending searches on Wiki မြန်မာဘာသာ:

အော်ကာအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟံသာဝတီယောလူမျိုးဘုရားသုံးဆူမြို့နပိုလီယန်မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကမ္ဘာ့လေထုအာဆီယံထိပ်သီးအစည်းအဝေးဝ လူမျိုးဓဇဂ္ဂသုတ်ထူးအိမ်သင်ဆင်ဦးသန့်သင်္ချာပုပ္ပါးတောင်ကလပ်လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံရေရက္ခိုင့်တပ်တော်ယဉ်ကျေးမှုဒဏ္ဍာရီလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များသက်ရှိရွှေသိမ်တော်ဘုရား (ကျောက်ဆည်)နဝရတ် ကိုးပါးယောက်ျား အင်္ဂါတံစစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးပြဇာတ်ရာသီခွင်အင်္ဂါဂြိုဟ်မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့မြန်မာနိုင်ငံရှိ ခရိုင်များကျန်စစ်သားလောကနီတိနေအဖွဲ့အစည်းအီမီ ဖူကာဒါမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များကြောင် (တိရစ္ဆာန်)အောင်သူ (ဘောလုံးသမား)မြန်မာနိုင်ငံ၏ ပညာရေးရှမ်းဘာသာစကားဝီကီပီးဒီးယားမိမိကိုယ်ကို သတ်သေခြင်းဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းအဘိညာဉ်နန်းမတော်မယ်နုမိုင်တဲလ် မြန်မာကာဇက်စတန်နိုင်ငံအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်အာဆင်နယ်မြန်မာနိုင်ငံရှိ ပွဲတော်များလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဧရာဝတီတံတား (ပခုက္ကူ)နွားမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မြန်မာနိုင်ငံရှိ တံတားများမြန်မာ့ပြည်တွင်းပဋိပက္ခများခွန်ဆာအမြောက်ဆင်ဖြူရှင်မင်းဥဩသဲအင်းဂူဆရာတော်ဩစတြေးလျတိုက်မြန်မာနိုင်ငံ၏ အလံများ စာရင်းရှမ်းပြည်တပ်မတော်-တောင်ပိုင်းဥရောပ သမဂ္ဂအင်္ဂလိပ်ဘာသာစကားသမ္ဗုဒ္ဓေခင်ညွန့် (ဗိုလ်ချုပ်ကြီး)ကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)နိကာယ် ငါးရပ်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအင်း🡆 More