ဒေးဗစ် လိုး

မျက်မှောက်ခေတ်တွင် ရုပ်ပြောင်ကာတွန်းများ ခေတ်စားလာသည့်အလျောက် နိုင်ငံရေး ရုပ်ပြောင် ကာတွန်းရေးဆွဲသူတို့တွင် ဒေးဗစ်လိုး (ခရစ် ၁၈၉၁ - ၁၉၆၃)သည် အလွန်ထင်ရှားပေသည်။ ဒေးဗစ် လိုးသည် နယူးဇီလန်နိုင်ငံ၊ ဒန်နီဒင်မြို့၌ ၁၈၉၁ ခုနှစ် ဧပြီလတွင် ဖွား မြင်သည်။ ဦးစွာ၌ နယူးဇီလန်နှင့် ဩစတြေးလီးယားနိုင်ငံများတွင် ရုပ်ပြောင်ကာတွန်းရေးဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် လန်ဒန်မြို့သို့ ရွှေ့ ပြောင်းလာခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် လန်ဒန်မြို့၌ ထုတ်ဝေသော စတားအမည်ရှိ သတင်းစာတွင် ရုပ်ပြောင်ကာတွန်းရေးဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ဒေးဗစ်လိုးရေးဆွဲသော ရုပ်ပြောင်ကာတွန်းများမှာ အလွန်သရုပ်ပေါ်သဖြင့် ထင်ရှားကျော်စောလေသည်။ ၁၉၂၇ ခုနှစ်တွင် လော့ဗီဗားဗရွတ်ပိုင် အီးဗနင်းစတင်းဒတ် သတင်းစာတိုက်၌ ရုပ်ပြောင်ကာတွန်းရေးဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ဒေးဗစ်လိုးသည် ထင်ရှားသော နိုင်ငံပြုသုခမိန် တို့၏ ထူးခြားပေါ်လွင်နေသော အချက်များကို သူရေးဆွဲသောရုပ်ပြောင်များ ဖြင့် သရုပ်ပေါ်စေ၏။ အထူးသဖြင့် ကာနယ်ဗလင့် အမည်တပ်သည့် ဗြိတိသျှ ကွန်ဆားဗတစ် နိုင်ငံရေးသမား၏ ရုပ်ပြောင်သည် ဒေးဗစ်လိုး၏ လက်စွမ်းကို အကဲခတ်နိုင်စေသော ရုပ်ပြောင်အဖြစ်ထင်ရှားသည်။ ဒေးဗစ် လိုးသည် ရုပ်ပြောင်ရေးဆွဲရုံမကဘဲ ခေတ်ပေါ်ရုပ်ပြောင်သမိုင်းစာအုပ်ကိုလည်း ရေးသားပြုစုခဲ့လေသည်။ဒေးဗစ်လိုးသည် ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကွယ်လွန်သည်။

ဒေးဗစ် လိုး

ကိုးကား

Tags:

နယူးဇီလန်နိုင်ငံလန်ဒန်မြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

စစ်ကိုင်းမြို့dj447မြန်မာနိုင်ငံရှိ ခရိုင်များတပ်မတော် (ကြည်း)ကာကွယ်ရေးဦးစီးချုပ်(ရေ)သွေးအုပ်စုကားဆီးချိုရောဂါလက္ခဏာများတရုတ်မန္တလေးမြို့ပုဗ္ဗဏှသုတ်သိန်းစိန် (နိုင်ငံတော်သမ္မတ)အာရုံခြောက်ပါးလူသားတစ်ဦး၏လိင်တံအရွယ်အစားအာဇာနည်နေ့မောရသုတ်ဧရာဝတီတံတား (ပခုက္ကူ)ကုန်းဘောင်ခေတ် နာမည်တွက်နည်းဗန်းစကားနိုင်ငံတော် သံဃမဟာနာယကအဖွဲ့နရသီဟပတေ့မအင်္ဂါ အစေ့မဟာဘူတပန်ထွာဘုရင်မမော်စကိုမြို့ဂုဏ်ဆယ်ပါးလေးဖြူအပျိုမြှေးဘကြီးတော်(စစ်ကိုင်းမင်း)ပြင်ဦးလွင်မြို့ယောက်ျား အင်္ဂါတံဖျားနာခြင်းနေပြည်တော် ပြည်ထောင်စုနယ်မြေလီဆာမြန်မာပြဇာတ်စက္ကူပန်းစမူဆာမြန်မာနိုင်ငံ၏ သမ္မတနီပေါနိုင်ငံမြန်မာနိုင်ငံရှိ တံတားများမြန်မာအက္ခရာရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးရခိုင်လူမျိုးကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံကောသလမင်း အိပ်မက် (၁၆)ချက်ဆီးချိုရောဂါရန်ကုန်ပြည်သူ့ဆေးရုံကြီးတပ်မတော်ဒုံးတပ်ဖွဲ့မြသန်းတင့်ဆောင်းရာသီပျူမြို့ပြနိုင်ငံများတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အချိန်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဂီတာမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပဋ္ဌာန်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကျောက်ကပ်ရောင်ရောဂါစစ်ပွဲဘားအံမြို့ပြစ်မှုဆိုင်ရာဥပဒေဇော်ဂျီ (စာရေးဆရာ)မျိုးကြီးဂုဏ်တော်ကွန်ချာလင်းနို့ကံ့ကော်ပင်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အရှေ့တောင်အာရှအီမီ ဖူကာဒါ🡆 More