တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျောက်မီးသွေးကိုအသုံးပြုကာလည်ပတ်သည့် ရေနွေးငွေ့သုံးဓာတ်အားပေးစက်ရုံဖြစ်သည်။

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ
တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ
၂၀၁၉ခုနှစ်ကတွေ့ရသော ဓာတ်အားပေးစက်ရုံ
နိုင်ငံတီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ မြန်မာ
ကိုဩဒိနိတ်20°25′55″N 96°42′12″E / 20.43194°N 96.70333°E / 20.43194; 96.70333 96°42′12″E / 20.43194°N 96.70333°E / 20.43194; 96.70333
အခြေနေလည်ပတ်
ကော်မရှင်နေ့စက်အမှတ် (၁) ၂၄.၁၂.၂၀၀၄
စက်အမှတ် (၂) ၃.၅.၂၀၀၅
ပိုင်ဆိုင်သူများလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
အော်ပရေတာများWuxi Huaguang Electric Power Engineering
အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ
တာဘိုင်နည်းပညာရေနွေးငွေ့ တာဘိုင်
အပူအင်အား၅၃၅˙C
ပါဝါ ထုတ်လုပ်မှု
လည်ပတ်ဆဲ ယူနစ်များ
တပ်ဆင်အင်အား၁၂၀ MW
နှစ်စဉ်ပျမ်းမျှထုတ်လုပ်မှု၆၀၀ GW·h
ပြင်ပလင့်ခ်များ
ကွန်မွန်းစ်ကွန်မွန်းစ်ပေါ်ရှိ ဆက်နွယ်သောမီဒီယာ

တည်နေရာ

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ်အတွင်း၊ လွိုင်ကော်-အောင်ပန်းကားလမ်းမအနီးရှိ ပြင်သာရွာအနီးတွင်တည်ရှိသည်။

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ 
အောင်ပန်း-လွိုင်ကော် ကားလမ်းမှမြင်ရသော စက်ရုံနှင့်မိုင်းတွင်း

သမိုင်းကြောင်း

စတင်လည်ပတ်ခြင်း

နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်ကိုဖြည့်ရန်အတွက် ပြင်သာရွာအနီးတွင် ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ စက်ရုံအတွက်လိုအပ်သော ကျောက်မီးသွေးကို တီကျစ်ရွာ(မြို့)ရှိ ကျောက်မီးသွေးမိုင်းတွင်းမှ ရယူသည်။၆၀မဂ္ဂါဝပ် စက်၂လုံးမှ စုစုပေါင်း ၁၂၀မဂ္ဂါဝပ် ရရှိမည်ဖြစ်သည်။

အမှတ်(၁)စက်
အမှတ်(၂)စက်

သို့သော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ယူ၍ လည်ပတ်စဉ်က နည်းပညာအခက်အခဲ၊ အတတ်ပညာရှင်အခက်အခဲ၊ ငွေကြေးအခက်အခဲများကြောင့် စက်ရုံကို အပြည့်အဝ စနစ်တကျ အကျိုးရှိစွာ အသုံးမချနိုင်ခဲ့ဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်လာခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လ ၁၉ရက်နေ့တွင် အမှတ်(၁)စက်၊ အောက်တိုဘာလ၅ရက်နေ့တွင် အမှတ်(၂)စက်များကို ချို့ယွင်းမှုများကြောင့် ရပ်နားခဲ့ရသည်။ ရေနွေးငွေ့တာဘိုင်စက်ကြီးများ ကြီးမားစွာ ပျက်စီးခဲ့ပြီးချိန်တွင် စက်ရုံကို ပိတ်သိမ်းမည့်အစား တည်ရှိပြီးသော စက်ရုံကို အလကားမဖြစ်စေရန်လည်းကောင်း၊ နိုင်ငံတော်၏ ကြီးမားစွာလိုအပ်နေသော လျှပ်စစ်ဓာတ်အားကိုလည်းကောင်း ဖြည့်ဆည်းနိုင်ရန်အတွက် တင်ဒါစနစ်ကိုသုံးကာ စက်ရုံကို ဆက်လက်လည်ပတ်ရန် ဆောင်ရွက်ခဲ့သည်။

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ 
ဘွိုင်လာထားရှိရာအဆောက်အဦး

တင်ဒါခေါ်ယူ၍ စာချုပ်ချုပ်ဆိုခြင်း

တင်ဒါခေါ်ယူရာတွင် တရုတ်နိုင်ငံ ရှန့်ဟိုင်းမြို့အနီးရှိ Wuxiမြို့အခြေစိုက် Wuxi Hua Guang ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့သဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၂ရက်နေ့တွင် (၂၂)နှစ်ကြာ နှစ်ရှည်ငှားရမ်းမှုသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။ စာချုပ်တွင် စက်ရုံမှထွက်ရှိလာသော အခိုးအငွေ့များ၊ ဖုန်မှုန့်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်အတွက် ထိုစဉ်က သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ International Finance Coporation (IFC) Standardအတွင်း၌ မောင်းနှင်ရန် အလေးထားထည့်သွင်းချုပ်ဆိုခဲ့သည်။ ဓာတ်အားရောင်းချငွေ၏ အမြတ်၂%ကိုလည်း လူထုအကျိုးစီးပွားတာဝန်ယူမှုအဖြစ်ပေးရမည်ကိုလည်း ထည့်သွင်းထားသည်။

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ 
စက်ရုံ၏ ပင်မထိန်းချုပ်ခန်း

စမ်းသပ် လည်ပတ်ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှမ်းပြည်နယ်အစိုးရအဖွဲ့ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံများ၊ NGO၊ INGOနှင့် CSOများအကြား အကြိမ်ကြိမ်ဆန်းစစ်ပြီးနောက် ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရန်လိုအပ်သည့်နည်းစနစ်များ၊ စက်ပစ္စည်းများ တပ်ဆင်ကာ စက်များကိုပြုပြင်ခဲ့သည်။ ၂၀၁၆ ခုနစ် ဒီဇင်ဘာလတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် သတ်မှတ်စံချိန်များအတိုင်း မောင်းနှင်နိုင်ခြင်းရှိ၊ မရှိကို စမ်းသပ်မောင်းနှင်ခဲ့သည်။ ထိုမောင်းနှင်မှုအချက်အလက်များအရ သတ်မှတ်စံချိန်စံညွှန်းများအတိုင်းမောင်းနှင်နိုင်ခဲ့သည်။

ပထမ(၁)နှစ် စမ်းသပ်မောင်းနှင်ခြင်း

၂၁.၄.၂၀၁၇ ခုနှစ်တွင် စက်ရုံရှင်းလင်းဆောင်တွင် အားလုံးပါဝင်သော ဆွေးနွေးပွဲကျင်းပခဲ့ပြီး စက်ရုံအား (၁)နှစ် စမ်းသပ်မောင်းနှင်သွားရန်နှင့် ဒေသခံများမှရွေးချယ်ထားသော စက်ရုံကြီးကြပ်မှုကော်မတီ၏အောက်တွင် မောင်းနှင်သွားရန် နိုင်ငံတော်သမ္မတရုံးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ခွင့်ပြုခဲ့သည်။ စက်တစ်လုံးလျှင် (၄၀)မဂ္ဂါဝပ်နှင့် စုစုပေါင်း (၈၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့သည်။

ဒုတိယ(၁)နှစ် စမ်းသပ်မောင်းနှင်ခြင်း

စမ်းသပ်လည်ပတ်မှု ၁နှစ်ပြည့်ပြီးနောက် ဆက်လက်လည်ပတ်နိုင်ရန် ၁၉.၅.၂၀၁၈ ခုနှစ်တွင် စက်ရုံရှင်းလင်းခန်းမတွင် ပြည်သူ့လွှတ်တော် ကော်မတီများ၊အမျိုးသားလွှတ်တော် ကော်မတီများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စက်ရုံစောင့်ကြည့်ရေးကော်မတီဝင်များပါဝင်သော ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင်ဆုံးဖြတ်ချက်အရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များများကို ပြီးပြတ်အောင်ဆောင်ရွက်ရန်နှင့် စက်ရုံအား တစ်နှစ်ထပ်မံလည်ပတ်ရန် ၂၄.၇.၂၀၁၈ တွင် နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုခဲ့သည်။

လက်ရှိအခြေအနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံးမှ ၉.၈.၂၀၁၉ရက်စွဲပါ ခွင့်ပြုချက်ဖြင့် (၃)နှစ် လည်ပတ်မောင်းနှင်ရန် ခွင့်ပြုထားလျက်ရှိသည်။ စက်တစ်လုံးလျှင် (50)MW၊ စက်နှစ်လုံးပေါင်း (100)MWထုတ်လုပ်​ပေးနိုင်သည်။

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ 
၂၀၁၉ခုနှစ် အောက်တိုဘာလကတွေ့ရသော စက်ရုံ

ပြခန်း

ကိုးကား

Tags:

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ တည်နေရာတီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ သမိုင်းကြောင်းတီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ ပြခန်းတီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ ကိုးကားတီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံရှမ်းပြည်နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကနောင်မင်းသားကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဂီတာထွန်းမြတ်နိုင်ကျောက်ကပ်ရောင်ရောဂါအပျိုမြှေးcxaieဖွတ်ဘုရားသုံးဆူမြို့တာချီလိတ်မြို့ကျောက်ကပ်ဒူးရင်းသီးဖိလစ်ပိုင်နိုင်ငံသာလွန်မင်းဂုဏ်တော်ကွန်ချာကျော်ဟိန်းနတ်မောက်မြို့အိန္ဒြာကျော်ဇင်မြဝတီမြို့နယ်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ပထဝီဝင်သန်လျင်မြို့စကားပုံဝက်ခြံကိုယ်ဝန်ဖျက်ချခြင်းအာရက္ခတပ်တော်ဓာရဏပရိတ်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထားဝယ်မြို့ကျောက်စိမ်းနေပြည်တော်တိုင်းစစ်ဌာနချုပ်အီမီ ဖူကာဒါစိတ်ပညာနွေရာသီကုလသမဂ္ဂငပလီကမ်းခြေဘရူနိုင်းနိုင်ငံသင်္ဂါယနာအရက်တက္ကသိုလ်ဘုန်းနိုင်မြန်မာစာရေးဆရာများ စာရင်းထူးအိမ်သင်ရန်ကုန်တက္ကသိုလ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ပလေးတိုးဆိုကရေးတီးနတ်မဟာဗန္ဓုလအပူအရှေ့တောင်အာရှနိုင်ငံများအသင်းဗိုလ်ချုပ်မှူးကြီးတီဘီရောဂါဖွေးဖွေးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိန်းနေဝင်း (ဗိုလ်ချုပ်ကြီး)၃၈ ဖြာ မင်္ဂလာယေရှု ခရစ်တော်ကျန်းမာရေးရတနသုတ်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်သခင်ကိုယ်တော်မှိုင်းဆူးပုပ်ကြီးဦးပုညဝါကျမြန်မာစာပေရှမ်းပြည်နယ်မြင်းခွာပင်မင်္ဂလသုတ်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးတင်အောင်စန်းပြည်သူ့ခုခံတော်လှန်စစ်ငါးပါးသီလကွန်မြူနစ်ဝါဒမြန်မာနိုင်ငံ၏ လူဦးရေစစ်ကိုင်းမြို့🡆 More