ကြားဖြတ်အစိုးရ

ကြားဖြတ်အစိုးရဆိုသည်မှာ ယာယီအစိုးရ၊ အရေးပေါ်အစိုးရ(သို့) အသွင်ကူးပြောင်းရေးအစိုးရ စသဖြင့် ခေါ်ဝေါ်သုံးစွဲပြီး၊ နိုင်ငံအသစ် ဖြစ်ပွားသော အခြေအနေများ(သို့) ယခင်အစိုးရအုပ်ချုပ်မှု ပြိုလဲသွားပြီး အခြေအနေများတွင် နိုင်ငံအရေးအကူးအပြောင်းကို စီမံခန့်ခွဲရန် ဖွဲ့စည်းထားသော အရေးပေါ်အစိုးရအာဏာပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကြားဖြတ်အစိုးရများသည် ယေဘုယျအားဖြင့် ပြည်တွင်း၊ ပြည်ပစစ်ပွဲများ ဖြစ်နေစဉ်အတွင်း(သို့) ဖြစ်ပြီး ဖွဲ့စည်းသည့် မကြာခဏပေါ်ပေါက်သော အစိုးရဖြစ်သည်။

ကြားဖြတ်အစိုးရများသည် ပုံမှန်နိုင်ငံရေးဖြစ်စဉ်အတိုင်း ရွေးကောက်ပွဲရလဒ်မှတစ်ဆင့် အစိုးရအသစ်အား ဖွဲ့စည်းနိုင်သည်အထိ အစိုးရအာဏာကို ထိန်းသိမ်းထားသည်။ ၎င်းတို့သည် နောက်ဆက်တွဲ အုပ်ချုပ်မှုများ၏ တရားဝင်ဖွဲ့စည်းပုံများ၊ လူ့အခွင့်ရေး၊ နိုင်ငံရေး လွတ်လပ်ခွင့်များနှင့်သက်ဆိုင်သော လမ်းညွှန်ချက်များ၊ စီးပွားရေး၊ အစိုးရအဖွဲ့အစည်းများနှင့် နိုင်ငံတကာနှင့်ပတ်သက်သော အဖွဲ့အစည်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံများကို တရားဝင်သတ်မှတ်ခြင်းများတွင် ပါဝင်လုပ်ဆောင်သည်။ ကြားဖြတ်အစိုးရများသည် အိမ်စောင့်အစိုးရများနှင့် ကွဲပြားပြီး၊ ဖွဲ့စည်းထားသောပါလီမန်စနစ်အတွင်း အုပ်ချုပ်ရန်နှင့်၊ အယုံအကြည်မရှိအဆို ပေါ်ပေါက်ခြင်း(သို့) အာဏာရညွှန့်ပေါင်းအစိုးရအဖွဲ့အား ဖျက်သိမ်းခြင်းနောက်တွင် အစိုးရနေရာအဖြစ် တာဝန်ယူရသည်။

Yossi Shain နှင့် Juan J. Linz တို့၏ အမြင်တွင် ကြားဖြတ်အစိုးရများကို အုပ်စုလေးစု ခွဲခြားနိုင်သည်။

  1. တော်လှန်ရေးကြားဖြတ်အစိုးရများ (ယခင်အစိုးရကို ဖြုတ်ချပြီး အာဏာကိုဖြုတ်ချသောသူများ ပိုင်ဆိုင်သောအခါ)
  2. အာဏာခွဲဝေမှုကြားဖြတ်အစိုးရများ (အာဏာကို ယခင်အစိုးရနှင့် ၎င်းအားပြောင်းလဲရန် ကြိုးစားနေသူများအကြား ခွဲဝေသောအခါ)
  3. တာဝန်ထမ်းဆောင်ဆဲကြားဖြတ်အစိုးရများ (အသွင်ကူးပြောင်းရေးကာလအတွင်း အာဏာသည် ယခင်အစိုးရက ပိုင်ဆိုင်သည့်အခါ)
  4. နိုင်ငံတကာကြားဖြတ်အစိုးရများ (အသွင်ကူးပြောင်းရေးကာလအတွင်း အာဏာသည် နိုင်ငံတကာအသိုင်းအဝိုင်းက ပိုင်ဆိုင်သည့်အခါ)

မြန်မာနိုင်ငံ၏ ကြားဖြတ်အစိုးရများ

  • ကြားဖြတ်အစိုးရ (၁၉၄၇)

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)နွားတိုကျိုမြို့ပုဂံမြို့ဟောင်းစွန်းဝူခုန်းမော်စကိုမြို့ဩကာသ ဘုရားရှိခိုးစစ်ရေးရတုအလောင်းစည်သူရေးမြို့ပအိုဝ်းလူမျိုးပညတ်တော်ဆယ်ပါးရေသည်ပြဇာတ်ကျင်ဒွေးရွာ၊ ကန်ပက်လက်မြို့နယ်ပိဋကတ် သုံးပုံသရဲမြင်းခြံမြို့နယ်တပ်မတော် (ရေ)ဥသျှစ်ပင်အာဟာရဓာတ်များစစ်ကိုင်းမြို့နီနီခင်ဇော်အရှေ့တောင်အာရှဇီးကွက်မြန်မာနိုင်ငံရှိ ပွဲတော်များအော်ကာအိမ်သစ္စာမန္တလေး နန်းတော်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဖက်ဒရယ်ပြည်ထောင်စုစနစ်အိပ်စက်ခြင်းကမ္ဘာ့အလုပ်သမားနေ့ကင်းထောက်ခြင်းမြန်မာစာပေသံဃာဒိသေသ်အာပတ်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များတောင်ကုတ်မြို့အောင်ဆန်းမြန်မာနိုင်ငံ၏ ပညာရေးဘုရား (ဗုဒ္ဓဘာသာ)ပစ္စည်း (သဒ္ဒါ)မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းရွှေဝါရောင် တော်လှန်ရေးသဇင်ပန်းဝနယ်အောင်ခြင်း ၈ ပါးသဘာဝပတ်ဝန်းကျင်ကီလိုဂရမ်မြန်မာနိုင်ငံ၏ အမည်များလများ (အချိန်အတိုင်းအတာ)ပြည်သူ့ခုခံတော်လှန်စစ်လိင်မှတဆင့် ကူးစက်တတ်သော ရောဂါဘွဲ့ဝတ်စုံမင်းအောင်ရေမွန်ကွန်မြူနစ်ဝါဒယေရှု ခရစ်တော်၂၄ ပစ္စည်းမိုင်ဝန်ဆောင်မှုမြန်မာတိုင်းရင်းသားမျိုးနွယ်များငှက်သိုက်အောင်ဆန်းစုကြည်ကိုယ်ဝန်ဖျက်ချခြင်းသွားပိုးစားရောဂါဒေသကွပ်ကဲမှုစစ်ဌာနချုပ်စိုက်ပျိုးရေးဟနွိုင်းမြို့ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်ပွေး(ရောဂါ)တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရခိုင်ဘာသာစကားအိတ်ချ်အိုင်ဗွီ ရောဂါပိုးဒွေးပြည်သူ့ကာကွယ်ရေးတပ်မတော်🡆 More