အောင်လောင်ငှက်

Buceros homraiDichoceros bicornisBuceros cavatusHomraius bicornisDichoceros cavatusBuceros cristatus

Buceros bicornis
အောင်လောင်ငှက်
Male in Maharashtra
အောင်လောင်ငှက်
Female in Maharashtra
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Bucerotiformes
မျိုးရင်း: Bucerotidae
မျိုးစု: Buceros
မျိုးစိတ်:
B. bicornis
ဒွိနာမ
Buceros bicornis
အောင်လောင်ငှက်
Synonyms

အောင်လောင်ငှက်(သို့) ယောင်ယင်ငှက် ဟုလည်း ခေါ်သည်။ ယောင်ယင်ငှက်ကို အောင်လောင်ငှက် ဟုလည်း ခေါ်တတ်ကြသေးသည်။ ပါဏဗေဒအလိုအရ ဗူကာရော့စဗိုင်ကောနစ် ဟု ခေါ်၍ ဗူကာရိုတီဒီး မျိုးရင်းတွင် ပါဝင်သည်။

ယောင်ယင်ငှက်သည် ငှက်ကြီးမျိုး ဖြစ်သဖြင့် အလျား ၄၃ လက်မမှ ၅၂ လက်မထိ ရှိတတ်သည်။ နှုတ်သီးနှင့် မူလ အမွှေးရောင်များသည် တင်ပါး၏ ဂလင်းမှ ထွက်သော အမှုန့်စေးတစ်မျိုးကြောင့် အဝါရောင် ဖြစ်နေတတ်သည်။ ငှက်ဖို၏ မျက်နက်ဝန်းသည် အနီရောင် ဖြစ်သော်လည်း ငှက်မ၏ မျက်နက်ဝန်းမှာမူ အဖြူရောင် ဖြစ်သည်။ ယောင်ယင်ငှက်သည် ဆူညံစွာနေတတ်သော ငှက်ဖြစ်သည့်အပြင် ထူးခြားသော အသံများကိုလည်း ပြုလုပ်တတ်သေးသည်။

တောင်ခြေရှိ တောများတွင် ယောင်ယင်ငှက်ကို တွေ့နိုင်ပေသည်။ ယောင်ယင်ငှက်ဖိုနှင့် ငှက်မများသည် ရာသက်ပန် တွဲဖက်၍ နေတတ်ကြသည်ဟု ဆိုသော်လည်း သားပေါက်ချိန် မဟုတ်သောအခါများတွင် ယောင်ယင်ငှက်များသည် ခြောက် ကောင်မှ တစ်ဆဲ့ရှစ်ကောင်အထိ အုပ်ဖွဲ့၍ နေတတ်ကြသည်။ ပျံသန်းရာတွင် တောင်ပံကို ရိုက်ခတ်ကြသော်လည်း ထိုသို့ ရိုက်ခတ်သည့်ကြားတွင် လေဟုန်လည်း စီးတတ်ကြသည်။ ယောင်ယင်ငှက်၏ တောင်ပံရိုက်ခတ်သံသည် အခြားငှက်၏ တောင်ပံရိုက်ခတ်သံထက် ပို၍ ကျယ်လောင်သည်။ သို့သော် အခြားငှက်များကဲ့သို့လည်း နိမ့်ချေမြင့်ချေ မဖြစ်ချေ။ ယောင်ယင်ငှက်၏ တောင်ပံရိုက်ခတ်သံကို အတော်ဝေးဝေးမှပင် ကြားနိုင်လေသည်။ အချို့တောင်ပေါ်သားများ အထူးသဖြင့် နာဂလူမျိုးနှင့် ကချင်လူမျိုးတို့သည် သူတို့၏ ဦးခေါင်းတန်ဆာများတွင် တပ်ဆင်ရန်အတွက် ယောင်ယင်ငှက်များ၏ အမြီးမွှေးများကို အတော်လိုလိုချင်ချင် ရှာဖွေကြသည်။ ယောင်ယင်ငှက် သည် အထူးသဖြင့် သစ်သီးများကို စားလေ့ရှိသည်။ အစာကို စားရာတွင် ပထမအစာကို မြှောက်လိုက်၍ ကျအလာတွင်မှ လည်ကုပ်ကို ဖမ်း၍ ကိုက်စား လေ့ ရှိသည်။ သစ်သီးဖြင့် ယောင်ယင်ကို ပစ်လိုက်လျှင် အပစ်ခံရသော ယောင်ယင်ငှက်သည် ပစ်လိုက်သည့် သစ်သီးကို ဖမ်းယူလေ့ရှိသည်။

ဇန်နဝါရီလမှ ဧပြီလအထိ ယောင်ယင်ငှက်ကလေးများ ပေါက်သည်။ ယောင်ယင်ငှက်သည် အသိုက်တစ်သိုက်တည်းကိုပင် တစ်နှစ်ပြီးတစ်နှစ် ဆက်၍ သုံးလေ့ရှိသည်။ အိန္ဒိယမြန်မာထိုင်း၊ အင်ဒိုချိုင်းနား၊ မလေးရှားကျွန်းဆွယ်နှင့် ဆူမတြားကျွန်းများတွင် ယောင်ယင်ငှက်များကို တွေ့နိုင်သည်။ မြန်မာနိုင်ငံရှိ တောင်ခြေတောများတွင် ယောင်ယင်ငှက်များကို တွေ့နိုင်လေသည်။ ပေ ၄ဝဝဝ ထိ မြင့်သော နေရာများ၌ပင် ယောင်ယင်ငှက်များကို တွေ့နိုင်လေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ခြူးလေးပရိမိတ္တဇာလသုတ်မင်းတုန်းမင်းလောက (ဗုဒ္ဓဘာသာ)မြန်မာအက္ခရာဖောင်တော်ဦးဘုရား (အင်းလေး)မြန်မာနိုင်ငံရှိ မြို့နယ်များအောင်လအန်ဆန်းဗောဇ္ဈင်္ဂသုတ်မြန်မာနိုင်ငံနှင့် ဒုတိယကမ္ဘာစစ်ကျိုက်ထီးရိုးဘုရားမိဖုရားစောရွှေအိမ်သည်ငါးပါးသီလအင်္ဂုလိမာလသုတ်မြေဆီလွှာထားဝယ်မြို့မထိုးသွင်းသော လိင်ဆက်ဆံခြင်းလေးချိုး၃၁-ဘုံ၂၀ ရာစုနှစ်ပဲခူးတိုင်းဒေသကြီးအဲလ်ဘတ် အိုင်းစတိုင်းသက္ကရာဇ်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနခင်ပွန်းကြီးဆယ်ပါးဂျပန်ယန်းငွေမြစ်အောင်ရဲလင်းမြန်မာအဘိဓာန်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမြသလွန်ဘုရားသက်ရှိလားရှိုးမြို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဩစတြေးလျနိုင်ငံမြန်မာအက္ခရာသမိုင်းပြင်ဦးလွင်မြို့နယ်အင်းတော်ကြီးသမိုင်းငရဲသံလွင်မြစ်ကြာနီကန်ဆရာတော်နှစ်ကျိပ်ရှစ်ဆူအိမ်စောင့်အစိုးရ (၂၀၂၁)သိကြားမင်းကင်ပွန်းချဉ်ပင်မြန်မာတို့၏ကျင့်ဝတ်များလာအိုနိုင်ငံလွမ်းချင်းသိပ္ပံပညာလောက်ကိုင်မြို့မြဝတီမြို့အလောင်းမင်းတရားအသည်းရောင် အသားဝါ ရောဂါ စီပိုးအင်္ဂလိပ်-မြန်မာ စစ်ပွဲများကျားမိုးဟေကိုတာလပေါဟင်းနေပြည်တော်မြို့တောက်တဲ့ငပလီကမ်းခြေသဇင်ပန်းမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဦးဆောင်းစကားပုံမြန်မာ အမျိုးသား ဘောလုံးအသင်းဘီယာစစ်ကိုင်းတိုင်းဒေသကြီးအချစ်မယ်ခွေပထဝီဝင်ဘောလုံးကစားခြင်းစုဖုရားလတ်ပန်းဆယ်မျိုးသာသနာ သက္ကရာဇ်🡆 More