အလက်ဇန္ဒား ဟာမီတန်

အလက်ဇန္ဒား ဟာမီတန်(၁၇၅၅ (သို့) ၁၇၅၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် – ၁၈၀၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်)သည် အမေရိကန် အထင်ကရ နိုင်ငံရေးသမားဖြစ်သည့်အပြင် အမေရိကန်ပြည်ထောင်စု၏ တည်ထောင်သူဖခင်များထဲတွင် ပါဝင်သူတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် နိုင်ငံတော် ဘဏ္ဍာရေးစနစ်၊ ဖက်ဒရယ်ပါတီ၊ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် နယူးယောက်ပို့စ်သတင်းစာတို့ကို တည်ထောင်သူလည်းဖြစ်သည်။ ပထမဆုံးသော ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဟာမီတန်သည် သမ္မတ ဂျော့ရှ် ဝါရှင်တန်၏ အုပ်ချုပ်မှုရေးအတွက် စီပွားရေးဆိုင်ရာမူဝါဒများကို အဓိကရေးဆွဲပေးသူတစ်ယောက်လည်း ဖြစ်သည်။ သူသည် အမေရိကန်တော်လှန်ရေးစစ်ပွဲကြွေးမြီများအတွက် ဖက်ဒရယ်အစိုးရ၏ ရန်ပုံငွေကို ဦးစီးဆောင်ရွက်ခဲ့ပြီး နိုင်ငံ၏ ပထမဆုံးသော ဒီဖက်တို ဗဟိုဘဏ်နှစ်ခု (မြောက်အမေရိကဘဏ်နှင့် ပထမအမေရိကန်ပြည်ထောင်စုဘဏ်)၊ သွင်းကုန်အခွန်စနစ်၊ ဗြိတိန်နှင့် ရင်နှီးသော ကုန်သွယ်မှုဆက်ဆံရေးတို့ကို ဆောင်ရွက်ခဲ့သည်။ သူ့အမြင်တွင် တက်ကြွသော အုပ်ချုပ်မှုမှဦးဆောင်သော အားကောင်းသည့် ဗဟိုအစိုးရ၊ ခိုင်မာသော ကုန်သွယ်မှုစီးပွားရေး၊ ကုန်ထုတ်လုပ်မှုအတွက် အထောက်အပံ့နှင့် တောင့်တင်းသော အမျိုးသားကာကွယ်ရေးတို့ ပါဝင်သည်။

အလက်ဇန္ဒား ဟာမီတန်
အလက်ဇန္ဒား ဟာမီတန်
ဂျွန် ထရမ်ဘူးလ်ရေးဆွဲသော ပုံတူ (၁၈၀၆ ခုနှစ်)
ပထမမြောက် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီး
တာဝန်သက်တမ်း
၁၇၈၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက် – ၁၇၉၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်
သမ္မတဂျော့ချ် ဝါရှင်တန်
ယခင်လူဌာနစတင်ဖွင့်လှစ်ခဲ့
ဆက်ခံသူအော်လီဗာ ဝါလ်ကတ် ဂျူနီယာ
အမေရိကန်ပြည်ထောင်စု တပ်မတော်ဦးစီးချုပ်
တာဝန်သက်တမ်း
၁၇၉၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် – ၁၈၀၀ ခုနှစ် ဇွန်လ ၁၅ ရက်
သမ္မတဂျွန် အာဒမ်းဇ်
ယခင်လူဂျော့ချ် ဝါရှင်တန်
ဆက်ခံသူဂျိမ်းစ် ဝီလ်ကင်ဆန်
နယူးယောက်မှ
ကွန်ဖက်ဒရေးရှင်းကွန်ဂရက်သို့
ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁၇၈၈ ခုနှစ် နိုဝင်ဘာလ ၃ ရက် – ၁၇၈၉ ခုနှစ် မတ်လ ၂ ရက်
ယခင်လူအက်ဂ်ဘတ် ဘင်ဆန်
ဆက်ခံသူဖျက်သိမ်းခဲ့
တာဝန်သက်တမ်း
၁၇၈၂ ခုနှစ် နိုဝင်ဘာလ ၄ ရက် – ၁၇၈၃ ခုနှစ် ဇွန်လ ၂၁ ရက်
ယခင်လူတည်ထောင်ခဲ့
ဆက်ခံသူဖျက်သိမ်းခဲ့
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1755-01-11)ဇန်နဝါရီ ၁၁၊ ၁၇၅၅ သို့မဟုတ် ၁၇၅၇ ခုနှစ်
ချားလ်စ်တောင်းမြို့၊ နီးဗစ်ကျွန်း၊ ဗြိတိသျှလီဝပ်ဒ်ကျွန်းများ
(ယခုအခါ စိန့်ကစ်နှင့် နီးဗစ်နိုင်ငံ)
ကွယ်လွန်ဇူလိုင် ၁၂၊ ၁၈၀၄(1804-07-12) (aged 47 or 49)
နယူးယောက်မြို့နယူးယောက်ပြည်နယ်၊ အမေရိကန်
ကွယ်လွန်ရသည့် အကြောင်းရင်းသေနတ်ဒဏ်ရာ
သင်္ဂြိုဟ်ရာနေရာထရီတနီဘုရားကျောင်းသင်္ချိုင်း
နိုင်ငံရေးပါတီဖက်ဒရယ်ပါတီ
ကြင်ဖော်(များ)အဲလီဇဘတ် စကိုင်းလာ (လက်ထပ် ၁၇၈၀)
သားသမီး
  • ဖီလစ် ဟာမီတန်
  • အန်ဂျလီကာ ဟာမီတန်
  • အလက်ဇန္ဒား ဟာမီတန် ဂျူနီယာ
  • ဂျိမ်းစ် အလက်ဇန္ဒား ဟာမီတန်
  • ဂျွန် ချာ့ချ် ဟာမီတန်
  • ဝီလီယံ ဟာမီတန်
  • အဲလီဇာ ဟာမီတန် ဟိုလီ
  • ဖီလစ် ဟာမီတန် (ဒုတိယ)
မိဘဂျိမ်းစ် ဟာမီတန်
ရေချယ် ဖူးဆတ်
ဆွေမျိုးသားချင်းဟာမီတန် မိသားစု
ပညာရေးဘုရင့်ကောလိပ် (ယခုအခါ ကိုလံဘီယာ တက္ကသိုလ်)
လက်မှတ်အလက်ဇန္ဒား ဟာမီတန်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံအလက်ဇန္ဒား ဟာမီတန် New York (၁၇၇၅-၁၇၇၇)
အလက်ဇန္ဒား ဟာမီတန် အမေရိကန် (၁၇၇၇–၁၈၀၀)
တပ်/တပ်ဖွဲ့ခွဲအလက်ဇန္ဒား ဟာမီတန် နယူးယောက်ပြည်နယ် အမြောက်တပ်ခွဲ
အလက်ဇန္ဒား ဟာမီတန် ကွန်တီနန်တယ်တပ်မတော်
အလက်ဇန္ဒား ဟာမီတန် ပြည်ထောင်စုတပ်မတော်
အမှုထမ်းကာလ၁၇၇၅–၁၇၇၆ (ပြည်သူ့စစ်)
၁၇၇၆–၁၇၈၂
၁၇၉၈–၁၈၀၀
ရာထူးအလက်ဇန္ဒား ဟာမီတန် ဗိုလ်မှူးချုပ်
Commandsအမေရိကန်ပြည်ထောင်စု တပ်မတော်ဦးစီးချုပ်
တိုက်ပွဲ/စစ်ပွဲများ
  • အမေရိကန် တော်လှန်ရေးစစ်ပွဲ
    • ဟာလမ်တောင်ကုန်းတိုက်ပွဲ
    • ဝှိုက်ပလိန်းစ်တိုက်ပွဲ
    • ထရန်တန်တိုက်ပွဲ
    • ပရင်စတန်တိုက်ပွဲ
    • ဘရန်ဒီဝိုင်တိုက်ပွဲ
    • ဂျာမန်တောင်းတိုက်ပွဲ
    • မန်မတ်သ်တိုက်ပွဲ
    • ယော့ခ်တောင်းမြို့အား သိမ်းပိုက်ခြင်း
  • ကွာဇိုင်စစ်ပွဲ

ဟာမီတန်ကို နီဗစ်ကျွန်းရှိ ချားလ်စ်တောင်းမြို့တွင် လက်မထပ်ရသေးသော မိဘများမှမွေးဖွားခဲ့ပြီး ငယ်စဉ်ကပင် မိဘမဲ့တစ်ဦးဖြစ်ခဲ့ကာ ချမ်းသာသော ကုန်သည်မိသားစုမှ မွေးစားခဲ့သည်။ အရွယ်ရောက်လာသောအခါတွင် နယူးယောက်မြို့သို့ ပညာသင်ကြားရန် စေလွှတ်ခဲ့သည်။ ကျောင်းသားဘဝတွင် ကွန်တီနန်တယ်ကွန်ဂရက်(Continental Congress)အား ထောက်ခံသောအမြင်များကို ကလောင်အမည်ဖြင့် ရေးသားခဲ့ပြီး လူထုဟောပြောပွဲများလည်း ပြုလုပ်ခဲ့သည်။ အမေရိကန်တော်လှန်ရေးစစ်ပွဲ စတင်သောအခါတွင် ပြည်သူ့စစ်တစ်ဦးအနေဖြင့် စတင်တာဝန်ထမ်းခဲ့သည်။ ကွန်တီနန်တယ်တပ်တွင် အမြောက်အရာရှိတစ်ဦးအဖြစ် နယူးယောက်နှင့် နယူးဂျာစီကန်ပိန်းတို့ကို ကြုံတွေခဲ့ရသည်။ ၁၇၇၇ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ် ဂျော့ရှ်ဝါရှင်တန်၏ အကြီးတန်းကိုယ်ရေးအရာရှိတစ်ဦး ဖြစ်လာခဲ့သော်လည်း ယော့ခ်တောင်းမြို့သိမ်းတိုက်ပွဲအောင်ပွဲတွင် စစ်မြေပြင်တပ်မှူးအဖြစ် အချိန်မီပြန်လာခဲ့ပြီး စစ်မက်ဖြစ်ပွားလိုမှုကို အဆုံးသတ်ပေးနိုင်ခဲ့သည်။

စစ်ကြီးပြီးဆုံးပြီးနောက် ကွန်ဖက်ဒရေးရှင်းကွန်ဂရက်အတွက် နယူးယောက်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရသည်။ သူသည် ဥပဒေလေ့လာခြင်းကို စွန့်လွတ်ခဲ့ပြီး နိုင်ငံရေးလောကထဲသို့ မဝင်ရောက်မီတွင် နယူးယောက်ဘဏ်ကို တည်ထောင်ခဲ့သည်။ ဟာမီတန်သည် ကွန်ဖက်ဒရေးရှင်းဥပဒေ (Articles of Confederation)အောက်ရှိ ကွန်ဖက်ဒရယ်အစိုးရ၏ အားနည်းချက်များကို အစားထိုးရန် ရှာဖွေသောအဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၁၇၈၆ ခုနှစ်တွင် အန်နာပိုလစ်ညီလာခဲ့ကို ဦးဆောင်ကျင်းပခဲ့ကာ ၎င်းသည် ဖီလာဒဲလ်ဖီးယားမြို့၌ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ညီလာခံအား ခေါ်ယူစေရန် ကွန်ဂရက်အား စေ့ဆော်မှုတစ်ခုဖြစ်လာခဲ့သည်။ သူသည် ဖက်ဒရယ်စာတမ်းများ၏ ၈၁ ခုအနက် ၅၁ ခုအား ရေးသားခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုနိုင်ရန်အတွက် ကူညီပေးခဲ့ပြီး ၎င်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်အတွက် အရေးကြီးဆုံးသော ကိုးကားမှုများထဲမှ တစ်ခုဖြစ်ခဲ့သည်။

ဟာမီတန်သည် သမ္မတဝါရှင်တန်၏ ပထမဆုံးသော အစိုးရအဖွဲ့တွင် ယုံကြည်ရ‌သော အဖွဲ့ဝင်အဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနကို ဦးဆောင်ခဲ့သည်။ ဟာမီတန်သည် ဖွဲ့စည်းပုံ၏ သွယ်ဝိုက်သောအခွင့်အာဏာများသည် နိုင်ငံတော်ကြွေးမြီးများကို ပြည်နယ်များ၏ ကြွေးမြီအဖြစ် ရန်ပုံငွေထားရှိရန် တရားဝင်အာဏာရှိကြောင်း စောဒကတက်နိုင်ခဲ့ပြီး အစိုးရကျောထောက်နောက်ခံပြု အမေရိကန်ပြည်‌ထောင်စုဘဏ်(ပထမအမေရိကန်ပြည်ထောင်စုဘဏ်)ကို တည်ထောင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။ ဤအစီအစဉ်တွင် သွင်းကုန်များပေါ်မှ အခွန်ကောက်ခံခြင်းတို့ အဓိကပါဝင်ပြီး နောက်တွင် အငြင်းပွားဖွယ် ဝီစကီအခွန်ဥပဒေများ ပါဝင်ခဲ့သည်။ သူသည် မတည်မငြိမ်ဖြစ်နေသော ပြင်သစ်တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်မှုယန္တရားအရှုပ်ထဲတွင် ပတ်သက်ခြင်းအား ဆန့်ကျင်ခဲ့သည်။ ဟာမီတန်၏ အမြင်များသည် သောမတ်စ် ဂျက်ဖာဆင်နှင့် ဂျိမ်းစ် မဒီဆင်တို့ ဦးဆောင်သော ဒီမိုကရက်တစ်-ရီပါပလီကန်ပါတီ၏ အတိုက်အခံဖြစ်လာမည့် ဖက်ဒရယ်ပါတီ၏ အုတ်မြစ်များ ဖြစ်လာခဲ့သည်။ ယနေ့ခတ်တိုင်အောင် နိုင်ငံထူထောင်ပြီးသည်မှစ၍ သူသည် ဝန်ကြီးဌာနတစ်ခုကို ဦးဆောင်ခဲ့သော အသက်အငယ်ဆုံးသော အမေရိကန်အစိုးအဖွဲ့ဝင် ဖြစ်နေဆဲပင် ဖြစ်သည်။

၁၇၉၅ ခုနှစ်သူ နယူယောက်မြို့သို့ ဥပဒေပညာလေ့လာရန် ပြန်သွားခဲ့သည်။ ၁၇၉၈-၉၉ တွင် ပထမပြင်သစ်သမ္မတနိုင်ငံ၏ စစ်မက်ဖြစ်ပွားလိုမှုကို ဆန့်ကျင်ရန် သမ္မတ ဂျွန် အာဒမ်းဇ်မှ တောင်းဆိုမှုကြောင့် အမေရိကန်တပ်မတော်၏ စစ်ဦးစီးချုပ်ဖြစ်လာပြီး စစ်ပွဲအတွက် ပြန်လည်ဖွဲ့စည်းခြင်း၊ ခေတ်မီအောင် ပြုပြင်ခြင်းဖြင့် စစ်အတွက် အသင့်ဖြစ်စေရန် ပြင်ဆင်ခဲ့သည်။ ကွာဇိုင်စစ်ပွဲတွင် မည်သည့်တိုက်ပွဲမှ တိုက်ခိုက်ရခြင်းမရှိသေးဘဲနှင့် ပြင်သစ်နှင့်အကြပ်အတည်းကို အဒမ်၏ သံတမန်နည်းလမ်းဖြင့် ချဉ်းကပ်ခဲ့ခြင်းကို ဟာမီတန်မှ ဒေါသထွက်ခဲ့သည်။ ထို့ကြောင့် သူနှင့်ဆန်ကျင့်ဘက်အနေအထားဖြင့် အဒမ်၏နောက်တစ်ကြိမ်ပြန်လည်ရွေးကောက်ခံရန် ယှဉ်ပြိုင်မှုမှာ ရှုံးနိမ့်စေခဲ့ပြီး ၁၈၀၀ ခုနှစ်သမ္မတရွေးကောက်ပွဲ၌ ဖက်ဒရယ်ပါတီ ရှုံးနိမ့်ခဲ့သည်။ ဂျက်ဖာဆင်နှင့် အာရွန်ဘားတို့မှလည်း သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဘား၏ သိက္ခာမဲ့မှုကို တွေ့ရသဖြင့် ဘားအား ရှုံးနိမ့်စေ၍ အမြင်မတူညီသော်လည်း ဂျက်ဖာဆင်ကို အနိုင်ရစေခဲ့သည်။

ဟာမီတန်သည် နယူးယောက်မြို့တွင် ဥပဒေနှင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာကျွန်ကုန်ကူးမှုကို တရားဝင်အဆုံးသတ်စေရန် ကြိုးပမ်းခဲ့သည်။ ဒုသမ္မတ ဘားသည်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးနေရာအတွက် ၁၈၀၄ ခုနှစ်တွင် ယှဉ်ပြိုင်ခဲ့ရာ ဟာမီတန်သည် သူအား မထိုက်တန်သောသူအဖြစ် မဲဆွယ်ခဲ့သည်။ ရန်လိုမှုများနှင့် ဘားသည် ဟာမီတန်အား ၁၈၀၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဒျူယယ် (တစ်ယောက်ချင်းသေနတ်ပစ်)ပြိုင်ရန် စိန်ခေါ်ခဲ့ပြီး ဘား၏ ပစ်ချက်သည် ဟာမီတန်အား သေစေနိုင်လောက်သော ဒဏ်ရာရစေပြီး နောက်တနေ့တွင် သေဆုံးခဲ့ရသည်။

ဟာမီတန်သည် စိတ်အားတန်သန်ပါက လိမ္မာပါးနပ်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်သော အုပ်ချုပ်သူ၊ နိုင်ငံရေးသမားနှင့် ငွေကြေးစီမံခန့်ခွဲသူအဖြစ် ယေဘုယျအားဖြင့် မှတ်ယူကြသည်။ သူ၏ အတွေးအမြင်များသည် အမေရိကန်အစိုးနှင့် ဘဏ္ဍာရေးကဏ္ဍအတွက် အုတ်မြစ်ချနိုင်ခဲ့သည်ဟု ရည်ညွှန်းဖော်ပြကြသည်။

ကာရစ်ဘီယံ‌ဒေသမှ ကလေးဘဝ

အလက်ဇန္ဒား ဟာမီတန် 
စကော့တလန်၊ အဲယာရှိုင်းယားရှိ မြေရှင်ဟာမီတန်မိသားစု၏ လက်ရုံးတံဆိပ်

အလက်ဇန္ဒား ဟာမီတန်ကို လီဝပ်ဒ်ကျွန်းများ(နောက်ပိုင်းတွင် ဗြိတိသျှ အနောက်အင်ဒီးတွင် ပါဝင်ခဲ့)တွင်ပါဝင်သော နီဗစ်ကျွန်း၏ မြို့တော် ချားလ်စ်တောင်းမြို့တွင် မွေးဖွားခဲ့ပြီး သူ၏ ကလေးဘဝမှာ ထိုမြို့၌ပင် ကုန်လွန်ခဲ့သည်။ ဟာမီတန်နှင့် သူ၏ အကို ဂျိမ်းစ် ဂျူနီယာ(၁၇၅၃–၁၇၈၆) တို့ကို ဗြိတိသျှတစ်ဝက်၊ ဟူဂွီနော့(Huguenot)ပြင်သစ်တစ်ဝက် လက်ထပ်ခဲ့သော အမျိုးသမီးဖြစ်သူ ရေချယ် ဖူးဆက်နှင့် အဲယာရှိုင်းယား(Ayrshire)မှ ရဲတိုက်ပါသော ခြံကျယ်ကြီးအား ပိုင်ဆိုင်သူ မြေရှင် အလက်ဇန္ဒား ဟာမီတန်၏ စတုတ္ထမြောက်သားဖြစ်သူ စကော့တလန်သား ဂျိမ်းစ် ဟာမီတန်တို့မှ လက်မထပ်ပဲ မွေးခဲ့ခြင်းဖြစ်သည်။ ဟာမီတန်၏ မိခင်သည် သွေးနှောလူမျိုးဖြစ်သည်ဟု ထင်မြင်ချက်ရှိနေသော်လည်း ခိုင်မာသော သက်သေပြနိုင်ခြင်းမရှိပေ။ ရေချက်ဖူးဆက်ကို အခွန်စာရင်းတွင် လူဖြူဟု စာရင်းသွင်းထားသည်။

ဟာမီတန်ကိုလည်း ၁၇၅၅ ခုနှစ်နှင့် ၁၇၅၇ ခုနှစ်တွင် မည်သည့်နှစ်၌ မွေးဖွားခဲ့ခြင်းကို ခိုင်မာစွာ ပြောနိုင်ခြင်းမရှိပေ။ ဟာမီတန်၏ ရေးသားချက်များအပါအဝင် ဟာမီတန်အနောက်အမေရိကကို ရောက်ရှိပြီးနောက် သမိုင်းအထောက်အထားအများစုသည် ၁၇၅၇ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟုသော အဆိုနှင့်ကိုက်ညီကြသည်။ ဟာမီတန်သည် ကိုလိုနီ ၁၃ နယ်(the Thirteen Colonies)ကို ပထမဆုံးအကြိမ် ရောက်ရှိစဉ်က သူ၏မွေးနှစ်ကို ၁၇၅၇ ခုနှစ်ဟု စာရင်းသွင်းခဲ့ပြီး သူ့မွေးနေကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ နောက်ပိုင်းတွင် သူသည် သူ၏အသက်ကို ခန့်မှန်းအနေနှင့်သာ ပေးခဲ့သည်။ သမိုင်းပညာရှင်များသည် ၁၉၃၀ ခုနှစ်ထိ သူ၏မွေးနေ့ကို ၁၇၅၇ ခုနှစ်ဟု လက်ခံခဲ့သည်မှာ ကာရစ်ဘီယံတွင် နေထိုင်ခဲ့သော အစောပိုင်းဘဝ၏ ကနဦးတွင် ဒိန်းမတ်ဘာသာစကားဖြင့် ရေးသားထားသော အထောက်အထားတချို့ ကို တွေ့ရှိရသည့်အချိန်ထိဖြစ်သည်။ ၁၇၆၈ ခုနှစ် စိန်ခရိုအစ်ကျွန်း (St. Croix)ရှိ ဟာမီတန်မိခင်သေဆုံးပြီး ရေးသားထားသော ကွယ်လွန်စာရင်း၌ သူ၏အသက်ကို ၁၃ နှစ်ဟု စာရင်းသွင်းထားသည့်အတွက်ကြောင့် ၁၉၃၀ ခုနှစ်များဆီမှစ၍ သမိုင်းပညာရှင်များအား ၁၇၅၅ ခုနှစ်သည် မွေးနှစ်ဖြစ်သည်ဟု လက်ခံရန် အခွင့်အရေးရရှိခဲ့သည်။

အလက်ဇန္ဒား ဟာမီတန် 
နီဗစ်ကျွန်း၊ ချားလ်စ်တောင်းမြို့ရှိ အလက်ဇန္ဒားဟာမီတန်နေအိမ်ပြတိုက်။ အလက်ဇန္ဒား ဟာမီတန် မွေးဖွားပြီး ကလေးဘဝက နေထိုင်ခဲ့သည်ဟု မှတ်ယူသော အိမ်ကို အပျက်အစီးများမှ လက်ရှိအနေအထားအတိုင်း ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။


သမိုင်းပညာရှင်များသည် သမိုင်းအထောက်အထားများထဲမှ ကွဲလွဲနေသည့် မွေးနှစ် နှစ်ခုဟု ကွဲပြားမှုအပေါ် ဖြစ်နိုင်ချေရှိသော အကြောင်းပြချက်များကို စူးစမ်းဖော်ထုတ်ခဲ့ကြသည်။ အကယ်၍ ၁၇၅၅ ခုနှစ်သာ အမှန်ဆိုပါက ဟာမီတန်သည် သူ၏ ကောလိပ်အတန်းဖော်များထက် အသက်ငယ်ပုံပေါက်ရန် ကြိုးစားခဲ့ခြင်း သို့မဟုတ် အသက်ကြီးနေခြင်းအား ရှောင်းရှားလို၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ အကယ်၍ ၁၇၅၇ ခုနှစ်သာ အမှန်ဆိုပါက ၁၇၅၅ ခုနှစ်ကို ညွှန်းဆိုနေသော သေတမ်းစာ အထောက်အထားတစ်ခုတည်းကသာ မှားယွင်းမှုဖြစ်နိုင်သည် သို့မဟုတ် ဟာမီတန်သည် သူ၏မိခင်သေဆုံးချိန်ပြီးနောက် သူ၏အသက်ကို ၁၃ နှစ်ဟု ထားရှိခြင်းဖြင့် အသက်ကြီးပြီး အလုပ်ပိုမိုရရှိနိုင်ရန် လွယ်ကူစေရန် ကြိုးပမ်းပုံပေါက်သည်။ သမိုင်းပညာရှင်များသည် ကွယ်လွန်စာရင်းအထောက်အထား၌ အခြားခိုင်လုံမှုမရှိသော အထောက်အထားများ ပါဝင်နေခြင်းကြောင့် လုံးလုံးလျားလျား ယုံကြည်ဖို့ရန် မဖြစ်နိုင်ကြောင်း ထောက်ပြကြသည်။ ရစ်ချက် ဘရွတ်ခိုင်ဇာ( Richard Brookhiser)သည် "လူတစ်ယောက်သည် သူ့မွေးနေကို ခုံတရားရုံးထက် ပိုသိနိုင်ချေရှိသည်"ဟု မှတ်ချက်ပြုခဲ့သည်။"

ဗားဂျင်းကျွန်းများကို ဒိန်းမတ်တို့ အုပ်စိုးစဉ်ကာလတွင် ဟာမီတန်မိခင်သည် ဒိန်းမတ် သို့မဟုတ် ဂျာမန်ကုန်သည်တစ်ဦးဖြစ်သူ ယိုဟန် မစ်ချယ် လာဗီယန်(Johann Michael Lavien)နှင့် စိန့်ခရိုအစ်ကျွန်းတွင်ပင် လက်ထပ်ခဲ့ဖူးသည်။ သူတို့တွင် ပီတာ လာဗီယန်ဆိုသော သားတစ်ဦးရှိသည်။ ၁၇၅၀ ခုနှစ်တွင် ဖူးဆက်သည် သူမ၏ ခင်ပွန်းနှင့် ပထမသားတို့ကို ထားခဲ့ပြီးနောက် စိန့်ကစ်ကျွန်းဘက်ကို သွားခဲ့ရာမှ ဂျိမ်းစ် ဟာမီတန်နှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ ဟာမီတန်နှင့် ဖူးဆက်တို့သည် သူမ၏ ဖခင်ထံမှ အမွေဆက်ခံခဲ့သော ပင်လယ်ကမ်းခြေမြေကွက်ရှိရာ သူမ၏ မွေးရာဇာတိဖြစ်သည့် နီးဗစ်ကျွန်းကို ပြောင်းခဲ့ကြသည်။

နောက်တွင် ဂျိမ်းစ် ဟာမီတန်သည် ရေချယ်ဖူးဆက်အား "ဒိန်းမတ်ဥပဒေအောက်တွင် အိမ်ထောင်ဖောက်ပြားမှုနှင့် စွန့်ပစ်မှုတို့အတွက် သူမအား ကွာရှင်းရန် သူမ၏ ပထမခင်ပွန်းမှ ကြိုးစားထားသည်ကို တွေ့ရှိပြီးနောက်" ရေချယ်နှင့် သူ့သားနှစ်ယောက်ဖြစ်သော ဂျိမ်းစ် ဂျူနီယာနှင့် အလက်ဇန္ဒားတို့ကို ထားပစ်ခဲ့သည်။ အဲဒီနောက် ရေချယ်သည် သူမသားနှစ်ယောက်နှင့်အတူ စိန့်ခရိုအစ်ကျွန်းသို့ ပြောင်းရွေ့ခဲ့ပြီး ခရစ်ယာန်စတက်မြို့တွင် ကုန်စုံဆိုင်အသေးလေးဖွင့်ခဲ့သည်။ သူမသည် အဝါရောင်အဖျား(Yellow fever)နှင့် ထိတွေ့ခဲ့ပြီး ၁၇၆၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် မနက်ခင်း ၁ နာရီ ၂ မိနစ်တွင် သေဆုံးခဲ့ပြီး ဟာမီတန်တို့မှာ မိဘမဲ့ဖြစ်ခဲ့ကြသည်။ ဒါဟာ ၁၈ ရာစု ကလေးဘဝ၏ စံနှုန်းများနှင့်ပင်လျှင် သူ့အတွက် ကြီးမားတဲ့ စိတ်ခံစားမှု အကျိုးဆက်ရှိခဲ့သည်။ ခုံတရားရုံးတွင် ဖူးဆက်၏ ပထမခင်ပွန်းသည် သူမ၏အိမ်ကိုသိမ်းခဲ့ပြီး အိမ်သုံးငွေအချို့အပါအဝင် သူမပိုင်ဆိုင်သော တန်ဖိုးကြီးပစ္စည်းအနည်းငယ်ကို ရရှိခဲ့သည်။ ပစ္စည်းအများအပြားကို လေလံတင်ရောင်းချခဲ့သော်လည်း သူငယ်ချင်းတစ်ဦးမှ မိသားစုစာအုပ်များကို ဝယ်ယူပြီး ဟာမီတန်ထံသို့ ပြန်ပေးခဲ့သည်။


အလက်ဇန္ဒား ဟာမီတန် 
ဟာမီတန် ငယ်ရွယ်စဉ်က

ဟာမီတန်သည် နယူးယောက်နှင့် နယူးအင်္ဂလန်တို့တွင် ကုန်သွယ်မှုပြုသော ‌ဒေသသွင်းကုန်-ထုတ်ကုန်ကုမ္ပဏီတစ်ခုဖြစ်သော ဘီခ်မန်းနှင့် ခရူဂျာ(Beekman and Cruger) ကုမ္ပဏီတွင် စာရေးတစ်ဦးဖြစ်လာခဲ့သည်။ သူနှင့် ဂျိမ်းစ် ဂျူနီယာတို့ကို သူတို့၏ ဆွေးမျိုးနီးစပ်ဖြစ်သူ ပီတာလေတန်(Peter Lytton)မှ ခဏတာခေါ်ဆောင်သွားခဲ့သော်လည်း ၁၇၆၉ ခုနှစ် ဇူလိုင်လတွင် လေတန်မှာ ဆုံးပါးခဲ့သဖြင့် သူ၏ပိုင်ဆိုင်မှုများမှာ သူ၏ ကတော်နှင့်သူ့သားတို့အား ထားခဲ့သဖြင့် ဟာမီတန်ညီအကိုတို့မှာ ကွဲကွာခဲ့ရပြန်သည်။ ဂျိမ်းစ်သည် ဒေသခံလက်သမားတစ်ဦးထံတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေစဉ် အလက်ဇန္ဒားကို နီဗစ်မှ ကုန်သည်တစ်ဦးဖြစ်သော သောမတ် စတီဗင်အိမ်သို့ ပေးခဲ့သည်။ အချို့သော သဲလွန်စများသည် စတီဗင်အား အလက်ဇန္ဒား ဟာမီတန်၏ ဖခင်အရင်းဖြစ်သည်ဟု ထင်မြင်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏သားဖြစ်သည် အက်ဒွပ် စတီဗင်နှင့် ဟာမီတန်တို့သည် အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်ပြီး သူတို့နှစ်ယောက်မှာ အတော်လေးတူသည်ဟု ဖော်ပြကြရုံမက နှစ်ယောက်လုံးမှာ ပြင်သစ်ဘာသာစကားကို ညက်နေအောင် ပြောဆိုတက်ကြသည့်အပြင် ဝါသနာများလည်း တူညီကြသည်။ သို့ပေမယ်လည်း ဒီစွပ်စွဲချက်တွေသည် လူနှစ်ယောက်၏ ဆင်တူနေမှုအပေါ် တင်မိုသီ ပီကာရင်း(Timothy Pickering)၏ မှတ်ချက်များကို အခြေခံထားခြင်း ဖြစ်ပြီး မရှင်းလင်းသည့်အဖြစ် အထောက်အကူလည်း မဖြစ်ချေ။ အလက်ဇန္ဒားကို ကိုယ်ဝန်ဆောင်စဉ်က ရေချယ်ဖူးဆက်သည် စိန့်ကစ်နှင့် နီဗစ်ကျွန်းတွင် နှစ်အတော်ကြာအောင်နေထိုင်ခဲ့ချိန်၌ သောမတ် စတီဗင်သည် အန်တီကွာနှင့် စိန့်ခရိုအစ်ကျွန်းတွင် နေထိုင်နေသည့်အပြင် ဂျိမ်းဟာမီတန်သည်လည်း မည်သည့်အခါမျှ အဖေမဟုတ်ကြောင်း မငြင်းဆိုခဲ့လို နောက်ပိုင်းနှစ်များ၌ ဟာမီတန်ဆီရေးခဲ့သော စာများတွင် "သင်၏ချစ်လှစွာသော ဖေဖေ"ဟုပင် ရေးထိုးခဲ့သည်။

ဆယ်ကျော်သက်အရွယ်တွင်ရှိနေသော်လည်း ဟာမီတန်သည် ၁၇၇၁ ခုနှစ်တွင် ပိုင်ရှင်သည် ပင်လယ်ထဲသို့ ခရီးထွက်နေစဉ် ကုမ္ပဏီအား ငါးလကြာအုပ်ချုပ်ခဲ့ခြင်းဖြင့် ကုန်သည်တစ်ယောက်အဖြစ် လုံလောက်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့သည်။ သူသည် စာဖတ်ဝါသနာပါသူတစ်ဦးအဖြစ် ရှိနေခဲ့ပြီး နောက်ပိုင်းတွင်း စာရေးခြင်းကို စိတ်ဝင်စားလာခဲ့သည်။ သူသည် သူနေထိုင်ရာ ကျွန်း၏ အပြင်ဘက်တွင် ဘဝတစ်ခု စတင်လိုစိတ်ဖြစ်၍ လာခဲ့သည်။ သူသည် သူ့ဖခင်ထံသို့ ရေးခဲ့သည့် စာတွင် ၁၇၇၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က တိုက်ခတ်ခဲ့သော ခရစ်ယာန်စတက်မြို့ကို ဖျက်ဆီးခဲ့သည့် ဟာရီကိန်းမုန်တိုင်းအကြောင်းကို အသေးစိတ်ရေးသားခဲ့သည်။ ဟာမီတန်၏ ကျူတာနှင့် ဆရာဖြစ်သူ သိက္ခာတော်ရ ဆရာတော် ဟျူးနော့ခ်မှ တော်ဝင် ဒတ်ချ်-အမေရိကန် ‌ဂေဇတ်တွင် ပုံနှိပ်ရန်အတွင် စာကို ပေးပို့ပေးခဲ့သည်။ ထိုစာကို အတ္ထုပ္ပတ္တိရေးသားသူ ရွန်ချာနိုး(Ron Chernow)မှ တွေ့ရှိသည့်အခါ အချက်နှစ်ချက်ကြောင့် အံဩမင်သက်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ပထမချက်အချက်မှာ "လေကြီးလေကျယ်အပိုတွေအားလုံးအတွက် ဒါဟာ ကိုယ်တိုင်လေ့လာခဲ့ရသော စာရေးတစ်ဦးမှ ဤကဲ့သို့ မာန်ပါသော အရေးအသားဖြင့် ရေးနိုင်ခြင်းမှာ အတော်လေး အံဩဖို့ကောင်းပါတယ်" ဖြစ်ပြီး ဒုတိယတစ်ချက်မှာ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ဦးက ဟာရီကိန်းမြင်ကွင်းကို "ဘုရားသခင်က လူသားတို့၏ ဝင့်ကြွားမှုနှင့် ဟိတ်ဟန်ကြီးမှုတို့ကို ကြိမ်းမောင်းခြင်း"အဖြစ် ရှုမြင်သော ပျက်ဆီးခြင်းသဘောဖြစ်သည့် "မီးနှင့်ကန့် တရား" (Fire and brimstone)ကို သုံးနှုန်းခဲ့မှုတို့ ဖြစ်သည်။ ဤစာသည် ဟာမီတန်အား မြောက်အမေရိကကိုလိုနီနယ်သို့ သူ့ပညာရေးအတွက် ပို့ရန် ဘဏ္ဍာငွေစုဆောင်းခဲ့ကြသော ရပ်ရွာလူကြီးတွေကို သဘောကျစေခဲ့သည်။


ပညာရေး

အလက်ဇန္ဒားနှင့် ဂျိမ်းစ်ဟာမီတန် ဂျူနီယာတို့ကို သူတို့၏ မိဘများသည် တရားမဝင်လက်ထပ်ထားခြင်းကြောင့် အင်္ဂလီကန်အသင်းတော်မှ အဖွဲ့ဝင်အဖြစ် ခွင့်ပြုခြင်းမရှိခဲ့ပဲ ဘုရားကျောင်းတော် စာသင်ကျောင်းများ၌ ပညာသင်ကြားခြင်းကို ခွင်မပြုခဲ့ပေ။ ထို့ကြောင့် သူတို့သည် ဂျူးကျောင်းအုပ်ဆရာမကြီးဦးဆောင်သော ကိုယ်ပိုင်ကျောင်းတွင် တက်ခြင်းနှင့် တဦးခြင်း သင်ကြားခြင်းတို့ကို ပြုလုပ်ခဲ့ရသည်။ အလက်ဇန္ဒားသည် မိသားစုစာကြည့်တိုက်မှ စာအုပ် ၃၄ အုပ်ဖြင့် သူ့ပညာရေးအတွက် အပိုဆောင်းသင်ကြားခြင်းတို့ ပြုလုပ်ခဲ့ရသည်။

၁၇၇၂ ခုနှစ် အောက်တိုဘာလတွင် သင်္ဘောဖြင့် ခရီးနှင်လာခဲ့သော ဟာမီတန်သည် ဘော်စတွန်ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပြီး ထိုမှ နယူးယောက်မြို့သို့ သွားခဲ့သည်။ ဟာမီတန်သည် သူ့၏ကျေးဇူးရှင် ကုန်သည်၏ အကိုအဖြစ် အိုင်းရစ်နွယ်ဖွား ဟာကျူလီ မူလီဂန်နှင့် အခန်းအတူငှားခဲ့ကြပြီး ထိုသူသည် ဟာမီတန်အား ပညာရေးနှင့် အခြားသော အထောက်အပံ့များအတွက် ပေးချေရန် ကုန်စည်များ ရောင်းချရာ၌ အကူအညီပေးခဲ့သည်။ ၁၇၇၂ ခုနှစ်နှောင်းပိုင်းတွင် ကောလိပ်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရန် နယူးဂျာစီပြည်နယ် အဲလီဇဘက်မြို့ရှိ ဖရန်စစ် ဘာဘာဦးစီးသော အဲလီဇဘက်မြို့အကယ်ဒမီ ပုဂ္ဂလိကကျောင်းတွင် လေ့လာခ့သည်။ သူသည် ကာလအတန်ကြာ အတူနေထိုင်ခဲ့သော ဒေသ ဉာဏနှင့် တော်လှန်ရေးဦးဆောင်သူ ဝီလီယံ လစ်ဗီးစတန်၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိခဲ့သည်။

အလက်ဇန္ဒား ဟာမီတန် 
ယနေ့ခေတ် မြို့တော်ခန်းမပန်းခြံရှိ New York Commons ကပ်လျက်ရှိ ဘုရင့်ကောလိပ် (၁၇၅၆ ခုနှစ်)

ဟာမီတန်သည် မူလီဂန်တက်ခဲ့သော နယူးယောက်မြို့ရှိ ဘုရင့်ကောလိပ်(ယခု ကိုလံဘီယာ တက္ကသိုလ်)သို့ ၁၇၇၃ ခုနှစ် ဆောင်းဦးတွင် ဝင်ရောက်ခဲ့ပြီး ၁၇၇၄ ခုနှစ် မေလတွင် တရားဝင်ဝင်ခွင့် မရမီထိ မူလီဂန်နှင့်အတူ ပေါင်းနေခဲ့သည်။ သူ၏ ကောလိပ် အခန်းဖော်နှင့် တသက်တာ သူငယ်ချင်းဖြစ်သူ ရောဘတ် ထရု့ပ်(Robert Troup)က ဘုရင့်ကောလိပ်ရှိ လစ်ဘာတီတိုင်(Liberty Pole)၌ ၁၇၇၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဟာမီတန်သည် ပထမဆုံးအကြိမ်အဖြစ် လူထုရှေ့တွင် စကားပြောခဲ့သည်ကို မှတ်ချက်ပြုပြီး ဗြိတိန်ကို ဆန့်ကျင်တဲ့ မျိုးချစ်တွေအကြောင်း တိုတိုတုတ်တုတ် ရှင်းပြတဲ့ ဟာမီတန် ပြတ်ပြတ်သားသားဆိုခဲ့မှု၏ ကြီးကျယ်မှုအကြောင်း ပြောခဲ့သည်။ ဟာမီတန်၊ ထရု့ပ်နှင့် အခြားဘွဲ့ကြိုလေးယောက်တို့သည် အမည်မဖော်ခဲ့သည် စာပေအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပြီး ၎င်းအဖွဲ့အစည်းကို ဖီလိုလစ်စီယန်အဖွဲ့အစည်း(Philolexian Society)အား ဖွဲ့စည်းနိုင်မည့် အကြိုဖွဲ့စည်းခဲ့သော အဖွဲ့အစည်းအဖြစ် မှတ်ယူကြသည်။


အင်္ဂလန်ဘုရားကျောင်းတော်မှ ဘုန်းတော်ကြီး ဆင်မြူရယ် ဆီဘာရီ(Samuel Seabury)သည် ၁၇၇၄ ခုနှစ်တွင် အစိုးရအပေါ် သစ္စာစောင့်သိမှု၏ ကောင်းခြင်းတို့ကို ရေးသားထားသော လက်ကမ်းစာစောင်အတွဲများကို ထုတ်ဝေရာ ဟာမီတန်သည် သူ၏ ပထမဆုံးသော နိုင်ငံရေးအရေးအသားများဖြစ်သည့် A Full Vindication of the Measures of Congress နှင့် The Farmer Refuted တို့ကို အမည်မဖော်ပြပဲ ရေးသားတုံ့ပြန်ခဲ့သည်။ ဆီဘာရီသည် ကိုလိုနီနယ်များအတွင် အကြောက်တရားအား ရိုက်သွင်းပေးရန်နှင့် သူ၏ အဓိကရည်မှန်းချက်မှာ ကိုလိုနီနယ်များအကြား ပေါင်းစည်းလာမည့် အလားအလာကို ရပ်တန့်ရန်ဖြစ်သည်။

မှတ်ချက်များ

ကိုးကား

Tags:

အလက်ဇန္ဒား ဟာမီတန် ကာရစ်ဘီယံ‌ဒေသမှ ကလေးဘဝအလက်ဇန္ဒား ဟာမီတန် ပညာရေးအလက်ဇန္ဒား ဟာမီတန် မှတ်ချက်များအလက်ဇန္ဒား ဟာမီတန် ကိုးကားအလက်ဇန္ဒား ဟာမီတန်အမေရိကန်ပြည်ထောင်စု၏ တည်ထောင်သူဖခင်များ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆေးခြောက်လိင်ဆက်ဆံခြင်းအထူးဥပဒေများကျီးအိုမန်နိုင်ငံရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တပ်မတော် (ရေ)ဂျက်ကီချန်းမြန်မာနိုင်ငံရှိ ပွဲတော်များသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအသောကမင်းငှက်သိုက်မြန်မာနာမည်ကဆုန်လအဲလ်ဘတ် အိုင်းစတိုင်းအောင်လအန်ဆန်းဗောဓိပက္ခိယတရား ၃၇ ပါးမိုင်းခရပ်ဖ်အကြည်တော်အိချောပိုဝမ်းပိစ်ရာဇကုမာရ်အာဠာဝကဘီလူးမြမိုင်တဲလ် မြန်မာကရင်အမျိုးသားအလံတော်ကရ​ဝိက်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းဗမာနိုင်ငံတော်မြန်မာလများကျုံးသီဟိုဠ်သရက်ပင်အင်တာနက်သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)စကားပုံမြန်မာ့ရိုးရာ ကစားနည်းကြက်တူရွေးစိတ်ပညာစစ်တက္ကသိုလ် (ပြင်ဦးလွင်)စီးပွားရေးလုပ်ငန်း အမျိုးအစားများမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများပုစွန်​တောင်ခုံး​ကျော်တံတားစကားဝှက်ကွန်ပျူတာရာသီအလိုက်ပွင့်သောပန်းများလောကဓံအပူချိန်ပဋိစ္စသမုပ္ပါဒ်မြောက်ဥက္ကလာပမြို့နယ်ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးများသရထင်းရှူးမြန်မာစာစတင်ဖြစ်ပေါ်လာပုံမဏိစန္ဒာမိုင်းလားမြို့ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းနိုင်ငံရေးကရင်လူမျိုးနှင်းဆီမဟာယာနအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံပဲခူးမြို့ဖော်ကာသာရိပုတ္တရာထေရ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဟန်းခံခြင်းတက္ကသိုလ်ဘုန်းနိုင်သိက္ခာချရတနသုတ်သံတွဲမြို့အစိန္တေယျ ဘုရားရှိခိုးကြီးမောရသုတ်ao3pqစောမောင် (ဗိုလ်ချုပ်မှူးကြီး)နရသီဟပတေ့လာအိုနိုင်ငံ🡆 More